Zawgyi ျဖင့္ဖတ္ရန္

 

သင့္ခ်စ္သူ သင့္ကိုဘယ္ေလာက္ထိခ်စ္တယ္ဆိုတာကိုသိခ်င္ရင္ သင့္ခ်စ္သူရဲ႕အျပဳအမူေတြကို ေစာင့္ၾကည့္ေနလိုက္ပါ။ အေၾကာင္းကေတာ့ လူတစ္ေယာက္ခ်စ္တယ္၊ မခ်စ္ဘူူးဆိုတာ သူ႔ရဲ႕အမူအယာေတြကေန သိႏိုင္လို႔ပါ။ ဒီအျပဳအမူေတြက အေျပာထက္ လက္ေတြ႕ပဲခ်စ္ျပတတ္တဲ့ေယာက်ာ္းေတြရဲ႕ အျပဳအမူေတြပဲျဖစ္ပါတယ္။

(၁) သင္ေျပာသမွ်ေတြမွတ္မိေနတဲ့အခါ

ေယာက်ာ္း တစ္ေယာက္ သူတို႔ခ်စ္တဲ့မိန္းကေလးေတြရဲ႕စကားကိုနားေထာင္ၾကတယ္။ ေနာက္ၿပီး သူတို႔ခ်စ္တဲ့မိန္းကေလးေျပာတဲ့စကားေတြကိုလည္း အကုန္မွတ္မိေနတယ္။ သင့္ေျပာသမွ်စကားေတြကိုမွတ္မိေနတဲ့အခါဆိုရင္ သင့္ကို ရင္ထဲကေန ခ်စ္တယ္ဆိုတာကို သက္ေသျပလိုက္တာပဲျဖစ္တယ္။

(၂) သင့္ဆႏၵေတြကို ျဖည့္ေပးတဲ့အခါ

သင့္ခ်စ္သူက သင့္ကိုခ်စ္တယ္ဆိုတာ အေျပာထက္ လက္ေတြ႕နဲ႔သက္ေသျပတတ္တဲ့သူဆိုရင္ေတာ့ သင့္ဆႏၵေတြျဖည့္ဆည္းေပးပါလိမ့္မယ္။ သင့္ဘဝေပ်ာ္႐ြင္ဖို႔ ဘယ္လိုနည္းပဲသုံးရပါေစ သင္ကို ေပ်ာ္႐ႊင္ေအာင္ထားမွာပါ။ သင္ေအးေနတဲ့အခါ သူရဲ႕အေႏြးထည္ကို ခြၽတ္ေပးလိုက္တာမ်ိဳး၊ သင္ကေျပာစရာမလိုဘဲ သင့္ဖုန္းအားကို သြင္းေပးတာမ်ိဳး၊ သင့္ခံတြင္းပ်က္ေနတဲ့အခါ သင့္အတြက္ တစ္ခုခုသြားဝယ္ေပးတာမ်ိဳးလို သင့္ဆႏၵကိုျဖည့္ေပးတဲ့အခါ သူ႔အခ်စ္ေတြကို သက္ေသျပလိုက္တာပဲျဖစ္ပါတယ္။

(၃) ရန္ျဖစ္ၿပီးၾကတဲ့အခါ

သင့္ခ်စ္သူက သင့္နဲ႔ရန္ျဖစ္ၿပီးရင္လည္း သူ႔အမွားမဟုတ္ရင္ေတာင္ အေလ်ာ့ေပးတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာဆို သူ႔အမွားမဟုတ္ရင္ေတာင္ သူ႔မာနေတြကို မၾကည့္ေတာ့ဘဲ ခ်က္ခ်င္းေတာင္းပန္ၿပီး အေလ်ာ့ေပးတတ္တယ္။ သင့္နဲ႔ရန္ျဖစ္ၿပီးၾကတဲ့အခါ သူမွန္ေနရင္ေတာင္ အေလ်ာ့ေပးတတ္တာက သူ႔အခ်စ္ေတြကို လက္ေတြ႕သက္ေသျပလိုက္တာပါ။

(၄) သင့္ကို စိတ္မဆိုးရက္တဲ့အခါ

သင္ကသူကိုစိတ္ဆိုးေအာင္ေျပာလိုက္ရင္ေတာင္ သင့္ကို ၾကာၾကာ စိတ္မဆိုးရက္ပါဘူး။ လူေတြက သူတို႔ခ်စ္တဲ့သူေတြကို စိတ္အၾကာႀကီး မဆိုးတတ္ၾကပါဘူး။ အေၾကာင္းကေတာ့ ဒီလိုစိတ္ဆိုးလိုက္ရင္ ႏွစ္ေယာက္စလုံးနာက်င္ရလို႔ပဲျဖစ္ပါတယ္။ သင္က သူ႔ကိုျပန္ေတာင္းပန္လိုက္ရင္လည္း အၾကာႀကီးစိတ္မဆိုးတတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ သင့္နဲ႔သင့္ခံစားခ်က္ကို ဂ႐ုစိုက္လို႔ပါ။ သင့္ကို စိတ္မဆိုးရက္တဲ့အခါ သင့္အတြက္ သူ႔အခ်စ္ေတြကို လက္ေတြ႕သက္ေသျပလိုက္တာပါ။

(၅) သင့္ဘက္မွာပဲရပ္တည္ေပးတဲ့အခါ

ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္၊ ဘယ္လိုကိစၥေတြေၾကာင့္ပဲျဖစ္ျဖစ္ သင္မွားေနတယ္ဆိုရင္ေတာင္ သင့္ဘက္ကေန ရပ္တည္ေပးတယ္။ ေယာက်ာ္းတစ္ေယာက္ သူခ်စ္တဲ့မိန္းကေလးေဘးမွာ ဘယ္လိုအေျခအေနေတြပဲျဖစ္ျဖစ္ ရပ္တည္ေပးတယ္။ ႏွစ္ေယာက္ရွိတဲ့အခ်ိန္မွာေတာ့ သင့္ကိုအေၾကာင္းစုံေမးရင္ေမးမယ္။ ဒါေပမယ့္ လူေတြအေရွ႕မွာ သင့္ဘက္ကေန ရပ္တည္ေပးတယ္။ သင့္ဘက္မွာပဲရပ္တည္ေပးတဲ့အခါ သူ႔အခ်စ္ေတြကို အေျပာထက္ လက္ေတြ႕နဲ႔ သက္ေသျပလိုက္တာပါ။

Credit : Auntymay

Unicode ဖြင့်ဖတ်ရန်

အချစ် ကို အပြောနဲ့တင် မဟုတ်ပဲ လက်တွေ့ပါ သက်သေပြမယ့် ယောကျာ်းဆိုတာ ဒီလိုပါ

သင့်ချစ်သူ သင့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာကိုသိချင်ရင် သင့်ချစ်သူရဲ့အပြုအမူတွေကို စောင့်ကြည့်နေလိုက်ပါ။ အကြောင်းကတော့ လူတစ်ယောက်ချစ်တယ်၊ မချစ်ဘူူးဆိုတာ သူ့ရဲ့အမူအယာတွေကနေ သိနိုင်လို့ပါ။ ဒီအပြုအမူတွေက အပြောထက် လက်တွေ့ပဲချစ်ပြတတ်တဲ့ယောကျာ်းတွေရဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။

(၁) သင်ပြောသမျှတွေမှတ်မိနေတဲ့အခါ

ယောကျာ်း တစ်ယောက် သူတို့ချစ်တဲ့မိန်းကလေးတွေရဲ့စကားကိုနားထောင်ကြတယ်။ နောက်ပြီး သူတို့ချစ်တဲ့မိန်းကလေးပြောတဲ့စကားတွေကိုလည်း အကုန်မှတ်မိနေတယ်။ သင့်ပြောသမျှစကားတွေကိုမှတ်မိနေတဲ့အခါဆိုရင် သင့်ကို ရင်ထဲကနေ ချစ်တယ်ဆိုတာကို သက်သေပြလိုက်တာပဲဖြစ်တယ်။

(၂) သင့်ဆန္ဒတွေကို ဖြည့်ပေးတဲ့အခါ

သင့်ချစ်သူက သင့်ကိုချစ်တယ်ဆိုတာ အပြောထက် လက်တွေ့နဲ့သက်သေပြတတ်တဲ့သူဆိုရင်တော့ သင့်ဆန္ဒတွေဖြည့်ဆည်းပေးပါလိမ့်မယ်။ သင့်ဘဝပျော်ရွင်ဖို့ ဘယ်လိုနည်းပဲသုံးရပါစေ သင်ကို ပျော်ရွှင်အောင်ထားမှာပါ။ သင်အေးနေတဲ့အခါ သူရဲ့အနွေးထည်ကို ချွတ်ပေးလိုက်တာမျိုး၊ သင်ကပြောစရာမလိုဘဲ သင့်ဖုန်းအားကို သွင်းပေးတာမျိုး၊ သင့်ခံတွင်းပျက်နေတဲ့အခါ သင့်အတွက် တစ်ခုခုသွားဝယ်ပေးတာမျိုးလို သင့်ဆန္ဒကိုဖြည့်ပေးတဲ့အခါ သူ့အချစ်တွေကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

(၃) ရန်ဖြစ်ပြီးကြတဲ့အခါ

သင့်ချစ်သူက သင့်နဲ့ရန်ဖြစ်ပြီးရင်လည်း သူ့အမှားမဟုတ်ရင်တောင် အလျော့ပေးတယ်။ ဒီလိုအချိန်မျိုးမှာဆို သူ့အမှားမဟုတ်ရင်တောင် သူ့မာနတွေကို မကြည့်တော့ဘဲ ချက်ချင်းတောင်းပန်ပြီး အလျော့ပေးတတ်တယ်။ သင့်နဲ့ရန်ဖြစ်ပြီးကြတဲ့အခါ သူမှန်နေရင်တောင် အလျော့ပေးတတ်တာက သူ့အချစ်တွေကို လက်တွေ့သက်သေပြလိုက်တာပါ။

(၄) သင့်ကို စိတ်မဆိုးရက်တဲ့အခါ

သင်ကသူကိုစိတ်ဆိုးအောင်ပြောလိုက်ရင်တောင် သင့်ကို ကြာကြာ စိတ်မဆိုးရက်ပါဘူး။ လူတွေက သူတို့ချစ်တဲ့သူတွေကို စိတ်အကြာကြီး မဆိုးတတ်ကြပါဘူး။ အကြောင်းကတော့ ဒီလိုစိတ်ဆိုးလိုက်ရင် နှစ်ယောက်စလုံးနာကျင်ရလို့ပဲဖြစ်ပါတယ်။ သင်က သူ့ကိုပြန်တောင်းပန်လိုက်ရင်လည်း အကြာကြီးစိတ်မဆိုးတတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သင့်နဲ့သင့်ခံစားချက်ကို ဂရုစိုက်လို့ပါ။ သင့်ကို စိတ်မဆိုးရက်တဲ့အခါ သင့်အတွက် သူ့အချစ်တွေကို လက်တွေ့သက်သေပြလိုက်တာပါ။

(၅) သင့်ဘက်မှာပဲရပ်တည်ပေးတဲ့အခါ

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်လိုကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် သင်မှားနေတယ်ဆိုရင်တောင် သင့်ဘက်ကနေ ရပ်တည်ပေးတယ်။ ယောကျာ်းတစ်ယောက် သူချစ်တဲ့မိန်းကလေးဘေးမှာ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် ရပ်တည်ပေးတယ်။ နှစ်ယောက်ရှိတဲ့အချိန်မှာတော့ သင့်ကိုအကြောင်းစုံမေးရင်မေးမယ်။ ဒါပေမယ့် လူတွေအရှေ့မှာ သင့်ဘက်ကနေ ရပ်တည်ပေးတယ်။ သင့်ဘက်မှာပဲရပ်တည်ပေးတဲ့အခါ သူ့အချစ်တွေကို အပြောထက် လက်တွေ့နဲ့ သက်သေပြလိုက်တာပါ။

Credit : Auntymay

LEAVE A REPLY