Zawgyi ျဖင့္ဖတ္ရန္

ကိုယ္ကေရရွည္တည္တံ့ခိုင္ၿမဲတဲ့အခ်စ္ေရး ကိုလိုခ်င္ေပမယ့္ တစ္ေယာက္နဲ႔တြဲလိုက္ ျပတ္လိုက္၊ ေနာက္တစ္ေယာက္နဲ႔ထပ္တြဲလိုက္ ထပ္ျပတ္လိုက္ ျဖစ္ေနတယ္ဆိုရင္ အဲ့ဒါဟာ ဘာေၾကာင့္လဲဆိုၿပီး စဥ္းစားဖူးမွာပါ။ အခ်စ္ေရး နဲ႔ပတ္သက္တဲ့အေၾကာင္းအရာအျဖစ္အပ်က္ေတြဟာ နားလည္ဖို႔မလြယ္သလို ၊ အေပၚယံၾကည့္ၿပီး အႀကံေပးလို႔လည္းမလြယ္ပါဘူး။ ဒါေပမယ့္္ အခ်စ္ေရးတစ္ခုေရရွည္မတည္တံ့ဘဲ တစ္ေယာက္ၿပီးတစ္ေယာက္တြဲလိုက္၊ျပတ္လိုက္ျဖစ္ေနတာကိုေတာ့ ဒီအခ်က္ေလးေတြက ေျဖရွင္းေပးပါလိမ့္မယ္။

(၁) အရာရာကိုမႏႈိင္းယွဥ္ပါနဲ႔

လူတိုင္းက အဖက္ဖက္ကျပည့္စုံတဲ့သူမ်ိဳးကို လိုခ်င္ၾကတာခ်ည္းပဲဆိုေပမယ့္ ေတြ႕ဖူးသမွ်လူတိုင္းကို လိုက္ၿပီးႏႈိင္းယွဥ္ေနမယ္ဆိုရင္ေတာ့ ဘယ္တစ္ေယာက္ကမွအဆင္ေျပမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ အဲ့ဒီလို ႏႈိင္းယွဥ္ၿပီးျမင္ေနတဲ့အက်င့္ရွိရင္ ရပ္တန္းကရပ္ပါ။

(၂) ကိုယ္ဘာျဖစ္ခ်င္တယ္ဆိုတာ မေျပာဘဲသိေစခ်င္တာမ်ိဳးမလုပ္ပါနဲ႔

ကိုယ္ျဖစ္ခ်င္တာကို သူ႔အလိုလိုသိလိမ့္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႔။ ကိုယ္ျဖစ္ခ်င္တာကို ပြင့္ပြင့္လင္းလင္းဖြင့္မေျပာဘဲ ျပႆနာရွာေနတာမ်ိဳးက သင့္အခ်စ္ေရးကို အေျခအေနဆိုးေစပါတယ္။ ဒီေတာ့ ေရရွည္ခိုင္ၿမဲၿပီး လူတကာအားက်ရတဲ့အခ်စ္ေရးကိုတည္ေဆာက္ခ်င္ရင္ အဲ့ဒီလိုေမွ်ာ္လင့္ေနတာထက္ ဖြင့္ေျပာလိုက္ေစခ်င္ပါတယ္။

(၃) တစ္ဖက္သတ္မဆန္ပါနဲ႔

သူ႔ရဲ႕အက်င့္ဆိုးေတြကိုေတာ့ ျပဳျပင္ေစခ်င္ၿပီး ကိုယ့္ရဲ႕ အက်င့္ဆိုးေတြကိုေတာ့ ျပဳျပင္ဖို႔စိတ္ကူးမရွိဘူးဆိုတာမ်ိဳး၊ ကိုယ္လုပ္ခ်င္တာလုပ္ၿပီး သူ႔ကိုက်ေတာ့ ဟိုဟာမလုပ္ရ၊ ဒီဟာမလုပ္ရခ်ဳပ္ခ်ယ္ေနတာမ်ိဳး၊ ကိုယ့္အတြက္ပဲၾကည့္ၿပီး သူ႔အတြက္မၾကည့္ဘဲ တစ္ဖက္သတ္ဆန္ေနတာမ်ိဳးေတြလုပ္မိေနရင္ေတာ့ သင့္အေနနဲ႔ အခ်စ္ေရးအဆင္မေျပတာမဆန္းပါဘူး။

(၄) အခ်ိန္ယူစဥ္းစားပါ

ဒီေန႔ေခတ္မွာ တစ္ေယာက္နဲ႔တစ္ေယာက္တြဲလိုက္ဖို႔ဆိုတာ အလြယ္ေလးျဖစ္ေနၿပီး အခ်ိန္ယူစဥ္းစားတယ္ဆိုတာ မရွိသေလာက္ပါ။ ဒါက ခဏတာေပ်္ာ႐ႊင္မႈကိုျဖစ္ေစႏိုင္ေပမယ့္ ၾကာလာရင္အဆင္မေျပမႈေတြျဖစ္လာၿပီး ေရရွည္ေတာ့မတည္ၿမဲႏိုင္ပါဘူး။ ဒါေၾကာင့္ အလြယ္ေလးတြဲလိုက္တာမ်ိဳးမလုပ္ဘဲ ေရရွည္အဆင္ေျပႏိုင္လား၊ တစ္ေယာက္နဲ႔တစ္ေယာက္စိတ္ေနစိတ္ထား၊အက်င့္စ႐ိုက္ေတြအရမ္းကြာဟေနလား စသျဖင့္ အခ်ိန္ယူစဥ္းစားၿပီးမွ တြဲၾကည့္ပါ။ ေတာ္ေတာ္ေလးအဆင္ေျပတာကို ေတြ႕ရပါလိမ့္မယ္။

(၅) ကိုယ့္ကိုယ္ကိုႏွိမ့္ခ်မေတြးပါနဲ႔

အခ်စ္ေရးမွာ ေနာက္ထပ္အဆင္မေျပတဲ့အခ်က္တစ္ခုက ကိုယ့္ကိုယ္ကိုႏွိမ့္ခ်လြန္းတာပဲျဖစ္ပါတယ္။ အႏိုင္ယူလြန္းတာလည္းမေကာင္းသလို၊ ႏွိမ့္ခ်လြန္းတာလည္းမေကာင္းပါဘူး။ ဘာလို႔လဲဆိုေတာ့ ကိုယ့္ကိုယ္ကိုႏွိမ့္ခ်လြန္းတာက ယုံၾကည္မႈေလ်ာ့နည္းလာေစၿပီး ၊ သံသယစိတ္ေတြျဖစ္ေစကာ ၾကာလာေတာ့ စိတ္ပင္ပန္းလာၿပီး ႏွစ္ေယာက္ၾကားမွာလည္း ျပႆနာေတြျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိၿပီး ႏွစ္ဘက္မွ်မွ်တတေတြးတတ္ေအာင္ ေနၾကည့္ပါ။

Credit : Aunty May

Unicode ဖြင့်ဖတ်ရန်

လူတကာအားကျရတဲ့ အချစ်ရေး မျိုးလိုချင်ရင် ဒီအချက်(၅)ချက်ကို ပြုပြင်လိုက်ပါ

ကိုယ်ကရေရှည်တည်တံ့ခိုင်မြဲတဲ့အချစ်ရေး ကိုလိုချင်ပေမယ့် တစ်ယောက်နဲ့တွဲလိုက် ပြတ်လိုက်၊ နောက်တစ်ယောက်နဲ့ထပ်တွဲလိုက် ထပ်ပြတ်လိုက် ဖြစ်နေတယ်ဆိုရင် အဲ့ဒါဟာ ဘာကြောင့်လဲဆိုပြီး စဉ်းစားဖူးမှာပါ။ အချစ်ရေး နဲ့ပတ်သက်တဲ့အကြောင်းအရာအဖြစ်အပျက်တွေဟာ နားလည်ဖို့မလွယ်သလို ၊ အပေါ်ယံကြည့်ပြီး အကြံပေးလို့လည်းမလွယ်ပါဘူး။ ဒါပေမယ့် အချစ်ရေးတစ်ခုရေရှည်မတည်တံ့ဘဲ တစ်ယောက်ပြီးတစ်ယောက်တွဲလိုက်၊ပြတ်လိုက်ဖြစ်နေတာကိုတော့ ဒီအချက်လေးတွေက ဖြေရှင်းပေးပါလိမ့်မယ်။

(၁) အရာရာကိုမနှိုင်းယှဉ်ပါနဲ့

လူတိုင်းက အဖက်ဖက်ကပြည့်စုံတဲ့သူမျိုးကို လိုချင်ကြတာချည်းပဲဆိုပေမယ့် တွေ့ဖူးသမျှလူတိုင်းကို လိုက်ပြီးနှိုင်းယှဉ်နေမယ်ဆိုရင်တော့ ဘယ်တစ်ယောက်ကမှအဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီလို နှိုင်းယှဉ်ပြီးမြင်နေတဲ့အကျင့်ရှိရင် ရပ်တန်းကရပ်ပါ။

(၂) ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ မပြောဘဲသိစေချင်တာမျိုးမလုပ်ပါနဲ့

ကိုယ်ဖြစ်ချင်တာကို သူ့အလိုလိုသိလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းဖွင့်မပြောဘဲ ပြဿနာရှာနေတာမျိုးက သင့်အချစ်ရေးကို အခြေအနေဆိုးစေပါတယ်။ ဒီတော့ ရေရှည်ခိုင်မြဲပြီး လူတကာအားကျရတဲ့အချစ်ရေးကိုတည်ဆောက်ချင်ရင် အဲ့ဒီလိုမျှော်လင့်နေတာထက် ဖွင့်ပြောလိုက်စေချင်ပါတယ်။

(၃) တစ်ဖက်သတ်မဆန်ပါနဲ့

သူ့ရဲ့အကျင့်ဆိုးတွေကိုတော့ ပြုပြင်စေချင်ပြီး ကိုယ့်ရဲ့ အကျင့်ဆိုးတွေကိုတော့ ပြုပြင်ဖို့စိတ်ကူးမရှိဘူးဆိုတာမျိုး၊ ကိုယ်လုပ်ချင်တာလုပ်ပြီး သူ့ကိုကျတော့ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရချုပ်ချယ်နေတာမျိုး၊ ကိုယ့်အတွက်ပဲကြည့်ပြီး သူ့အတွက်မကြည့်ဘဲ တစ်ဖက်သတ်ဆန်နေတာမျိုးတွေလုပ်မိနေရင်တော့ သင့်အနေနဲ့ အချစ်ရေးအဆင်မပြေတာမဆန်းပါဘူး။

(၄) အချိန်ယူစဉ်းစားပါ

ဒီနေ့ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက်တွဲလိုက်ဖို့ဆိုတာ အလွယ်လေးဖြစ်နေပြီး အချိန်ယူစဉ်းစားတယ်ဆိုတာ မရှိသလောက်ပါ။ ဒါက ခဏတာပျေ်ာရွှင်မှုကိုဖြစ်စေနိုင်ပေမယ့် ကြာလာရင်အဆင်မပြေမှုတွေဖြစ်လာပြီး ရေရှည်တော့မတည်မြဲနိုင်ပါဘူး။ ဒါကြောင့် အလွယ်လေးတွဲလိုက်တာမျိုးမလုပ်ဘဲ ရေရှည်အဆင်ပြေနိုင်လား၊ တစ်ယောက်နဲ့တစ်ယောက်စိတ်နေစိတ်ထား၊အကျင့်စရိုက်တွေအရမ်းကွာဟနေလား စသဖြင့် အချိန်ယူစဉ်းစားပြီးမှ တွဲကြည့်ပါ။ တော်တော်လေးအဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

(၅) ကိုယ့်ကိုယ်ကိုနှိမ့်ချမတွေးပါနဲ့

အချစ်ရေးမှာ နောက်ထပ်အဆင်မပြေတဲ့အချက်တစ်ခုက ကိုယ့်ကိုယ်ကိုနှိမ့်ချလွန်းတာပဲဖြစ်ပါတယ်။ အနိုင်ယူလွန်းတာလည်းမကောင်းသလို၊ နှိမ့်ချလွန်းတာလည်းမကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုနှိမ့်ချလွန်းတာက ယုံကြည်မှုလျော့နည်းလာစေပြီး ၊ သံသယစိတ်တွေဖြစ်စေကာ ကြာလာတော့ စိတ်ပင်ပန်းလာပြီး နှစ်ယောက်ကြားမှာလည်း ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး နှစ်ဘက်မျှမျှတတတွေးတတ်အောင် နေကြည့်ပါ။

Credit : Aunty May

LEAVE A REPLY