Zawgyi ျဖင့္ဖတ္ရန္

 

ျမန္မာ နဲ႔ ထိုင္း ႏွစ္ႏိုင္ငံ ပူးေပါင္း ရိုက္ကူးထားတဲ့ ေလဒီဘြိဳင္း ရုပ္ရွင္ဇာတ္ကားၾကီးကိုေတာ့ လာမယ့္ ဇြန္လ (၆) ရက္ေန႔မွာ ရံုတင္မွာ ျဖစ္ပါတယ္။ ဒီရုပ္ရွင္ကားမွာ ပါဝင္သူအားလံုးအတြက္ အာမခံ အထပ္ထပ္နဲ႔ တာဝန္ယူမႈေတြ အျပည့္အဝ ေပးထားတယ္လို႔ သိရပါတယ္။ ဒီလိုမ်ိဳး အာမခံမႈေတြ ျမန္မာ့ ရုပ္ရွင္မွာ လိုေနေသးတဲ့ အေၾကာင္း အကယ္ဒမီ လူမင္းက ခုလို ေျပာျပသြားပါတယ္။

“ေလဒီဘိြဳင္းရဲ႕ ရိုက္ကြင္းမွာ အာမခံအထပ္ထပ္နဲ႔ တာဝန္ယူမႈ တာဝန္ခံမႈ ရွိတယ္။ ဒီလိုပဲ ျဖစ္ရမွာ။ ရိုက္ကြင္းတစ္ခုမွာ ပါဝင္တဲ့သူ အားလံုးရဲ႕ က်န္းမာေရး ၊ ေနေရးထိုင္ေရး ၊ စားေရးေသာက္ေရး အားလံုးကို ပရိုဂ်ဴဆာဘက္က တာဝန္ယူမႈ အျပည့္ ရွိရမယ္။ ကိုယ္တို႔ဆီမွာကေတာ့ ရိုက္ကူးလာတဲ့ အေတြ႕အၾကံဳနဲ႔ အေလ့အထကိုက လုိအပ္ခ်က္ေတြ အမ်ားၾကီး ျဖစ္ေနတာ။” လို႔ ဆိုပါတယ္။

မင္းသားျဖစ္စက ၾကံဳေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ကိုလည္း လူမင္းက ခုလို ေျပာျပသြားပါတယ္။“အကိုဆိုရင္ မင္းသားျဖစ္ကာစက ဝရန္တာေပၚကေန ခုန္ခ်လိုက္တာ ေအာက္က ပိုက္ဆြဲေပမဲ့ professional ေတြ မဟုတ္ေတာ့ ခါးနဲ႔ ေအာက္ကို ပစ္ရိုက္တာပဲ။ ကံေကာင္းလို႔ ေအာက္တစ္ပိုင္း ေလမျဖတ္တာေပါ့။ ျမင္းေပၚက ျပဳတ္က်တယ္။ ျမင္းကန္ခံရတယ္။ ကံေကာင္းလို႔ မ်က္ႏွာတစ္ျခမ္း စုတ္ျပတ္မသြားတာ။ အဲ့တုန္းက အာမခံေၾကးေတြ ဘာေတြ မရွိဘူး။ လိုအပ္ခ်က္ေတြ အမ်ားၾကီးပဲ” လို႔ ဆိုပါတယ္။

ရုပ္ရွင္ေလာကကို တျဖည္းျဖည္း ေျပာင္းလဲရမယ့္ အေၾကာင္း လူမင္းက ခုလုိ သံုးသပ္သြားပါတယ္။

“တျဖည္းျဖည္းေတာ့ ကိုယ္တို႔ ရုပ္ရွင္ေလာက ရိုက္ကူးေရး စနစ္ေတြ ပံုစံေတြ စာခ်ဳပ္စာတမ္းေတြက ကိုယ္တုိ႔ စစရိုက္ခ်င္းကထက္စာရင္ေတာ့ လိုအပ္ခ်က္ေလးေတြ ျဖည့္ရင္း ျဖည့္ရင္း လုပ္လာၾကတာ ေတြ႕ရပါတယ္။ ဇာတ္ကားေတြကလည္း အရင္ကထက္ တိုးတက္လာပါျပီ။” ဆိုျပီး ေျပာျပသြားပါတယ္။

Credit : nanmalgyi.

Unicode ဖြင့်ဖတ်ရန်

မင်းသားဖြစ်စက ဝရန်တာပေါ်ကနေ ပြုတ်ကျတဲ့ အကြောင်း ပြောပြတဲ့ လူမင်း

မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံ ပူးပေါင်း ရိုက်ကူးထားတဲ့ လေဒီဘွိုင်း ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် ဇွန်လ (၆) ရက်နေ့မှာ ရုံတင်မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာ ပါဝင်သူအားလုံးအတွက် အာမခံ အထပ်ထပ်နဲ့ တာဝန်ယူမှုတွေ အပြည့်အဝ ပေးထားတယ်လို့ သိရပါတယ်။ ဒီလိုမျိုး အာမခံမှုတွေ မြန်မာ့ ရုပ်ရှင်မှာ လိုနေသေးတဲ့ အကြောင်း အကယ်ဒမီ လူမင်းက ခုလို ပြောပြသွားပါတယ်။

“လေဒီဘွိုင်းရဲ့ ရိုက်ကွင်းမှာ အာမခံအထပ်ထပ်နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိတယ်။ ဒီလိုပဲ ဖြစ်ရမှာ။ ရိုက်ကွင်းတစ်ခုမှာ ပါဝင်တဲ့သူ အားလုံးရဲ့ ကျန်းမာရေး ၊ နေရေးထိုင်ရေး ၊ စားရေးသောက်ရေး အားလုံးကို ပရိုဂျူဆာဘက်က တာဝန်ယူမှု အပြည့် ရှိရမယ်။ ကိုယ်တို့ဆီမှာကတော့ ရိုက်ကူးလာတဲ့ အတွေ့အကြုံနဲ့ အလေ့အထကိုက လိုအပ်ချက်တွေ အများကြီး ဖြစ်နေတာ။” လို့ ဆိုပါတယ်။

မင်းသားဖြစ်စက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကိုလည်း လူမင်းက ခုလို ပြောပြသွားပါတယ်။“အကိုဆိုရင် မင်းသားဖြစ်ကာစက ဝရန်တာပေါ်ကနေ ခုန်ချလိုက်တာ အောက်က ပိုက်ဆွဲပေမဲ့ professional တွေ မဟုတ်တော့ ခါးနဲ့ အောက်ကို ပစ်ရိုက်တာပဲ။ ကံကောင်းလို့ အောက်တစ်ပိုင်း လေမဖြတ်တာပေါ့။ မြင်းပေါ်က ပြုတ်ကျတယ်။ မြင်းကန်ခံရတယ်။ ကံကောင်းလို့ မျက်နှာတစ်ခြမ်း စုတ်ပြတ်မသွားတာ။ အဲ့တုန်းက အာမခံကြေးတွေ ဘာတွေ မရှိဘူး။ လိုအပ်ချက်တွေ အများကြီးပဲ” လို့ ဆိုပါတယ်။

ရုပ်ရှင်လောကကို တဖြည်းဖြည်း ပြောင်းလဲရမယ့် အကြောင်း လူမင်းက ခုလို သုံးသပ်သွားပါတယ်။

“တဖြည်းဖြည်းတော့ ကိုယ်တို့ ရုပ်ရှင်လောက ရိုက်ကူးရေး စနစ်တွေ ပုံစံတွေ စာချုပ်စာတမ်းတွေက ကိုယ်တို့ စစရိုက်ချင်းကထက်စာရင်တော့ လိုအပ်ချက်လေးတွေ ဖြည့်ရင်း ဖြည့်ရင်း လုပ်လာကြတာ တွေ့ရပါတယ်။ ဇာတ်ကားတွေကလည်း အရင်ကထက် တိုးတက်လာပါပြီ။” ဆိုပြီး ပြောပြသွားပါတယ်။

Credit : nanmalgyi.

LEAVE A REPLY