Zawgyi ျဖင့္ဖတ္ရန္

ကခ်င္တိုင္းရင္းသား တစ္ဦးျဖစ္ၿပီး အခုေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲေတြေရာ ႐ုပ္ရွင္ဇာတ္ကားေတြပါ ႐ိုက္ကူးေနရၿပီးပရိသတ္ေတြရဲ႕ အားေပးလက္ခံမႈကို ရရွိထားေနတဲ့ သ႐ုပ္ေတာင္ မင္းျမတ္စိုးစံကေတာ့ သူအေနနဲ႔ အႏုပညာေလာကထဲက မဝင္ခင္ကတည္းက ႏိုင္ငံေက်ာ္မင္းသမီး မိုးေဟကိုကို crush ခဲ့ရတယ္ဆိုတဲ့အေၾကာင္းကို Sunday ရဲ႕ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

အသည္းကြဲဖူးလားလို႔ ေမးျမန္းရာ မင္းျမတ္စိုးစံက “ကြဲတာေပါ့ ပက္ပက္စက္စက္ပဲ အမ်ားႀကီးပဲ ေလာေလာဆယ္ေတာ့ မထားေသးဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္က စိတ္အရမ္းနစ္လြယ္တယ္ စိတ္ခံစားမႈကို အရမ္းလိုက္တယ္။ အလုပ္ကို ပစ္ထားလိုက္တယ္ ပစ္ၿပီးရင္ ဒါႀကီးကို အာ႐ုံစိုက္တာ မ်ားေတာ့ ဒီအလုပ္ဘက္ကို အာ႐ုံက မေရာက္ေတာ့ဘူး။ တစ္ခါတစ္ေလက်ရင္ အလုပ္ဖ်က္ၿပီး ေရာက္သြားတာမ်ိဳး အဲ့ေတာ့ ကိုယ့္ရဲ႕ဒဏ္ကို ကိုယ္မခံႏိုင္တဲ့အတြက္ ေလာေလာဆယ္ကေတာ့ FA လုပ္ေနတယ္ေပါ့ေနာ္။”လို႔ ေျပာသြားခဲ့ပါတယ္။

မိုးေဟကိုပုံကို Share ၿပီး တာဝန္အရလြမ္းေပးေနတယ္ေနာ္ဆိုၿပီး တင္ျဖစ္တဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး “သူက ကြၽန္ေတာ္တို႔ ဟိုး.. ဒီအႏုပညာေလာကထဲကို မဝင္ခင္ကတည္းက ကြၽန္ေတာ္တို႔ေတြ ကြၽန္ေတာ္ Crush ခဲ့ရတဲ့ သူပါ။ စာဖြဲ႕လို႔မမီပါဘူး။”လို႔ ေျပာသြားခဲ့ပါတယ္။

 

 

မိုးေဟကိုနဲ႔ ပတ္သက္ၿပီး အားက်တဲ့ အခ်က္ရွိလားလို႔ ေမးျမန္းရာ “အားက်တယ္ အားက်တယ္ဆိုတာ ဟိုးအရင္ကတည္းက ကိုယ္က သေလာက်ရတဲ့လူ အခ်က္ေတြက ေတာ္ေတာ္မ်ားမ်ား အားက်ပါတယ္ လက္ရွိ Body ထိန္းထားတာေတြေရာေပါ့ေနာ္ သူ႔ရဲ႕ အလွအပေတြ အားလုံးကို အားက်ပါတယ္။”လို႔ ေျပာသြားခဲ့ပါတယ္။

ပရိသတ္ေတြအတြက္ မင္းျမတ္စိုးစံက “ေလာေလာဆယ္ ကြၽန္ေတာ္ ဇာတ္လမ္းတြဲေတြ ေတာ္ေတာ္မ်ားမ်ား႐ိုက္ထားတယ္ လႊင့္ေတာ့မလႊင့္ေသးဘူး အဲ့အခ်ိန္က်ရင္လည္း အားေပးက်ပါဦး။ Channel ကေနေတာ့ ေလာေလာဆယ္ေတာ့ ေျပာျပလို႔ မရေသးေတာ့ မေျပာေသးဘူး။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္ ဒီႏွစ္ထဲမွာ ေခါင္းေဆာင္႐ိုက္ထားတဲ့ ႐ုပ္ရွင္ကား ႐ုံတင္ဖို႔ေတာ့ရွိတယ္ မဂၤလာပါ ပူတာအိုေပါ့။ အဲ့႐ုပ္ရွင္က်ရင္လည္း အားေပးက်ပါဦး ကြၽန္ေတာ္သီခ်င္းေတြလည္း လုပ္ေနတယ္ ဆက္လုပ္ေနမွာပါ ဒီအႏုပညာေလာကထဲမွာ ရွိေနမယ္ အားေပးက်ပါဦးလို႔။”လို႔ ေျပာသြားခဲ့ပါတယ္။

Credit :Nanmalgyi

Unicode ဖြင့်ဖတ်ရန်

မိုးဟေကို ကို ဟိုးအရင်ကတည်းက Crush နေတာဆိုတဲ့ မင်းမြတ်စိုးစံ

ကချင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေရော ရုပ်ရှင်ဇာတ်ကားတွေပါ ရိုက်ကူးနေရပြီးပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားနေတဲ့ သရုပ်တောင် မင်းမြတ်စိုးစံကတော့ သူအနေနဲ့ အနုပညာလောကထဲက မဝင်ခင်ကတည်းက နိုင်ငံကျော်မင်းသမီး မိုးဟေကိုကို crush ခဲ့ရတယ်ဆိုတဲ့အကြောင်းကို Sunday ရဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အသည်းကွဲဖူးလားလို့ မေးမြန်းရာ မင်းမြတ်စိုးစံက “ကွဲတာပေါ့ ပက်ပက်စက်စက်ပဲ အများကြီးပဲ လောလောဆယ်တော့ မထားသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က စိတ်အရမ်းနစ်လွယ်တယ် စိတ်ခံစားမှုကို အရမ်းလိုက်တယ်။ အလုပ်ကို ပစ်ထားလိုက်တယ် ပစ်ပြီးရင် ဒါကြီးကို အာရုံစိုက်တာ များတော့ ဒီအလုပ်ဘက်ကို အာရုံက မရောက်တော့ဘူး။ တစ်ခါတစ်လေကျရင် အလုပ်ဖျက်ပြီး ရောက်သွားတာမျိုး အဲ့တော့ ကိုယ့်ရဲ့ဒဏ်ကို ကိုယ်မခံနိုင်တဲ့အတွက် လောလောဆယ်ကတော့ FA လုပ်နေတယ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

မိုးဟေကိုပုံကို Share ပြီး တာဝန်အရလွမ်းပေးနေတယ်နော်ဆိုပြီး တင်ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “သူက ကျွန်တော်တို့ ဟိုး.. ဒီအနုပညာလောကထဲကို မဝင်ခင်ကတည်းက ကျွန်တော်တို့တွေ ကျွန်တော် Crush ခဲ့ရတဲ့ သူပါ။ စာဖွဲ့လို့မမီပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

မိုးဟေကိုနဲ့ ပတ်သက်ပြီး အားကျတဲ့ အချက်ရှိလားလို့ မေးမြန်းရာ “အားကျတယ် အားကျတယ်ဆိုတာ ဟိုးအရင်ကတည်းက ကိုယ်က သလောကျရတဲ့လူ အချက်တွေက တော်တော်များများ အားကျပါတယ် လက်ရှိ Body ထိန်းထားတာတွေရောပေါ့နော် သူ့ရဲ့ အလှအပတွေ အားလုံးကို အားကျပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ပရိသတ်တွေအတွက် မင်းမြတ်စိုးစံက “လောလောဆယ် ကျွန်တော် ဇာတ်လမ်းတွဲတွေ တော်တော်များများရိုက်ထားတယ် လွှင့်တော့မလွှင့်သေးဘူး အဲ့အချိန်ကျရင်လည်း အားပေးကျပါဦး။ Channel ကနေတော့ လောလောဆယ်တော့ ပြောပြလို့ မရသေးတော့ မပြောသေးဘူး။ နောက်ပြီးတော့ ကျွန်တော် ဒီနှစ်ထဲမှာ ခေါင်းဆောင်ရိုက်ထားတဲ့ ရုပ်ရှင်ကား ရုံတင်ဖို့တော့ရှိတယ် မင်္ဂလာပါ ပူတာအိုပေါ့။ အဲ့ရုပ်ရှင်ကျရင်လည်း အားပေးကျပါဦး ကျွန်တော်သီချင်းတွေလည်း လုပ်နေတယ် ဆက်လုပ်နေမှာပါ ဒီအနုပညာလောကထဲမှာ ရှိနေမယ် အားပေးကျပါဦးလို့။”လို့ ပြောသွားခဲ့ပါတယ်။

Credit :Nanmalgyi

LEAVE A REPLY