Zawgyi ျဖင့္ဖတ္ရန္

Mobile Legend ဂိမ္းဟာ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ေအာင္ျမင္မႈရေနတဲ့ ဂိမ္းတစ္ခုျဖစ္ၿပီး လူႀကီးလူငယ္မေ႐ြး လူမ်ိဳးဘာသာမေ႐ြး ကစားေနၾကတဲ့ ဂိမ္းတစ္ခုျဖစ္ပါတယ္။ ဒီဂိမ္းဟာသူငယ္ခ်င္းေတြနဲ႔လည္းအတူတူကစားလို႔ရတာေၾကာင့္ အျပင္မွာမေတြ႕ျဖစ္တဲ့ သူငယ္ခ်င္းေတြ အတူေပ်ာ္ေပ်ာ္ပါးပါးကစားလို႔ရၿပီး ရင္းႏွီးမႈေတြတိုးေစႏိုင္တဲ့ဂိမ္းတစ္ခုဆိုရင္လည္းမမွားပါဘူး။ ဒါ့အျပင္ ဂိမ္းအတူကစားရင္းနဲ႔ ခ်စ္သူေတြျဖစ္သြားတတ္တာမ်ိဳးလည္းရွိတာေၾကာင့္ FA ေတြအတြက္ခ်စ္သူရႏိုင္တဲ့ဂိမ္းအမ်ိဳးအစားတစ္ခုဆိုရင္လည္းမမွားပါဘူး။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆုံႏိုင္တဲ့၊အတူလက္တြဲၿပီး ကစားႏိုင္တဲ့ Moblie Legend ဂိမ္းဟာ အၿပိဳင္အဆိုင္ေတြမ်ားလြန္းတဲ့ ေခတ္ႀကီးမွာ ေန႔စဥ္နဲ႔အမွ်႐ုန္းကန္ေနရတဲ့ လူေတြအတြက္စိတ္ပင္ပန္းမႈေတြေျဖေဖ်ာက္ႏိုင္တဲ့ ဂိမ္းတစ္ခုလည္းျဖစ္ပါေသးတယ္။

ဒါေပမယ့္ တန္ေဆးလြန္ေဘးဆိုသလိုပဲ အရာရာတိုင္းဟာ လုပ္သင့္တာထက္ေက်ာ္လြန္ၿပီးလုပ္ရင္လူကိုေဘးျဖစ္ေစတတ္ပါတယ္။ Mobile Legend လိုမ်ိဳးဂိမ္းေတြဟာလည္း လူေတြကို ေပ်ာ္႐ႊင္မႈေတြယူေဆာင္လာေပးႏိုင္သလိုလူေတြထံကေန ဘဝကို ဆြဲထုတ္ယူသြားႏိုင္တယ္ဆိုတာကလည္း သတိခ်ပ္စရာပါ။ Mobile Legend ကို တစ္ဘဝလုံး စြဲစြဲလန္းလန္းကစားခဲ့တဲ့ ဖိလစ္ပိုင္ႏိုင္ငံသားတစ္ဦးဟာ မၾကာေသးမီကပဲ ဘဝတစ္ပါးကို ေျပာင္းေ႐ႊ႕သြားခဲ့ပါၿပီ။ သူ႔ရဲ႕အမည္ကေတာ့ Michael Tumaganလို႔ေခၚပါတယ္။ Micheal Tumagan ဟာ မေသဆုံးမီက အူမႀကီးကင္ဆာ အဆင့္ ၄ ကိုခံစားသြားရၿပီး သူ႔တစ္ဘဝလုံး Mobile Legend ကို စြဲလန္းတမ္းမက္စြာ ကစားခဲ့လို႔ စားခ်ိန္တန္မစား အိပ္ခ်ိန္တန္မအိပ္ပဲ ဂိမ္းကိုပဲမဲၿပီးေဆာ့ခဲ့မိလို႔ အူေတြကလီစာေတြကိုအျပင္းအထန္ထိခိုက္ၿပီး အူမႀကီးကင္ဆာျဖစ္သြားခဲ့ရတာလု႔ိသိရပါတယ္။

 

 

Michael တစ္ေယာက္ေနာင္တရခ်ိန္မွာေတာ့ သူဟာ ေဆး႐ုံကုတင္ေပၚမွာလွဲေလ်ာင္းေနရၿပီျဖစ္ၿပီး သူ႔ရဲ႕အစာအိမ္မွာ ကင္ဆာအက်ိတ္ကအျမစ္တြယ္ေနခဲ့ပါၿပီ။ ကင္ဆာက်ိတ္ကိုခြဲထုတ္ၿပီးဖယ္လိုက္ရင္ မုန႔္ခ်ိဳအိတ္နဲ႔ ဆီးအိတ္ကိုပါဖယ္ပစ္လိုက္ရေတာ့မွာမို႔ ဓာတ္ကင္ၿပီးေတာ့ပဲကုသေနခဲ့ရပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ သူဟာ ဘယ္လိုမွ မေရွာင္လႊဲႏိုင္ေတာ့ပဲမရဏလမ္းကိုျမန္းသြားရပါၿပီ။ သူ႔ရဲ႕အျဖစ္အပ်က္ကို လူမႈကြန္ယက္မွာလူေတြေတာ္ေတာ္မ်ားမ်ားက ျပန္လည္မွ်ေဝထားၾကၿပီး ဂိမ္းအလြန္အကြၽံေဆာ့တဲ့လူေတြကို သတိေပးထားၾကပါတယ္။ Michael တစ္ေယာက္ ေကာင္းရာမြန္ရာေရာက္ပါေစလို႔ဆုေတာင္းေပးလိုက္ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးထဲမွာေရာ ဂိမ္းအလြန္အကြၽံေဆာ့တဲ့လူေတြရွိၾကလား။ ဂိမ္းအလြန္အကြၽံေဆာ့တဲ့သူငယ္ခ်င္းေတြရွိရင္လည္း မွ်ေဝအသိေပးလိုက္ၾကပါဦး။ စားခ်ိန္တန္စားအိပ္ခ်ိန္တန္အိပ္ၿပီး ကိုယ္ႏွစ္သက္တဲ့ဂိမ္းကို က်န္းမာေရးေကာင္းေကာင္းနဲ႔ေဆာ့ႏိုင္ၾကေစဖို႔ သတိေပးလိုက္ရပါတယ္ေနာ္။

Credit : Can’t Wait To Say

Unicode ဖြင့်ဖတ်ရန်

MLBB ကြောင့် ဘဝတပါးကူးပြောင်းသွားရတဲ့ ဖိလစ်ပိုင်နိုင်ငံသား

Mobile Legend ဂိမ်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အောင်မြင်မှုရနေတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး လူကြီးလူငယ်မရွေး လူမျိုးဘာသာမရွေး ကစားနေကြတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းဟာသူငယ်ချင်းတွေနဲ့လည်းအတူတူကစားလို့ရတာကြောင့် အပြင်မှာမတွေ့ဖြစ်တဲ့ သူငယ်ချင်းတွေ အတူပျော်ပျော်ပါးပါးကစားလို့ရပြီး ရင်းနှီးမှုတွေတိုးစေနိုင်တဲ့ဂိမ်းတစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါ့အပြင် ဂိမ်းအတူကစားရင်းနဲ့ ချစ်သူတွေဖြစ်သွားတတ်တာမျိုးလည်းရှိတာကြောင့် FA တွေအတွက်ချစ်သူရနိုင်တဲ့ဂိမ်းအမျိုးအစားတစ်ခုဆိုရင်လည်းမမှားပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်တဲ့၊အတူလက်တွဲပြီး ကစားနိုင်တဲ့ Moblie Legend ဂိမ်းဟာ အပြိုင်အဆိုင်တွေများလွန်းတဲ့ ခေတ်ကြီးမှာ နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ လူတွေအတွက်စိတ်ပင်ပန်းမှုတွေဖြေဖျောက်နိုင်တဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါသေးတယ်။

ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပဲ အရာရာတိုင်းဟာ လုပ်သင့်တာထက်ကျော်လွန်ပြီးလုပ်ရင်လူကိုဘေးဖြစ်စေတတ်ပါတယ်။ Mobile Legend လိုမျိုးဂိမ်းတွေဟာလည်း လူတွေကို ပျော်ရွှင်မှုတွေယူဆောင်လာပေးနိုင်သလိုလူတွေထံကနေ ဘဝကို ဆွဲထုတ်ယူသွားနိုင်တယ်ဆိုတာကလည်း သတိချပ်စရာပါ။ Mobile Legend ကို တစ်ဘဝလုံး စွဲစွဲလန်းလန်းကစားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဟာ မကြာသေးမီကပဲ ဘဝတစ်ပါးကို ပြောင်းရွှေ့သွားခဲ့ပါပြီ။ သူ့ရဲ့အမည်ကတော့ Michael Tumaganလို့ခေါ်ပါတယ်။ Micheal Tumagan ဟာ မသေဆုံးမီက အူမကြီးကင်ဆာ အဆင့် ၄ ကိုခံစားသွားရပြီး သူ့တစ်ဘဝလုံး Mobile Legend ကို စွဲလန်းတမ်းမက်စွာ ကစားခဲ့လို့ စားချိန်တန်မစား အိပ်ချိန်တန်မအိပ်ပဲ ဂိမ်းကိုပဲမဲပြီးဆော့ခဲ့မိလို့ အူတွေကလီစာတွေကိုအပြင်းအထန်ထိခိုက်ပြီး အူမကြီးကင်ဆာဖြစ်သွားခဲ့ရတာလု့ိသိရပါတယ်။

Michael တစ်ယောက်နောင်တရချိန်မှာတော့ သူဟာ ဆေးရုံကုတင်ပေါ်မှာလှဲလျောင်းနေရပြီဖြစ်ပြီး သူ့ရဲ့အစာအိမ်မှာ ကင်ဆာအကျိတ်ကအမြစ်တွယ်နေခဲ့ပါပြီ။ ကင်ဆာကျိတ်ကိုခွဲထုတ်ပြီးဖယ်လိုက်ရင် မုန့်ချိုအိတ်နဲ့ ဆီးအိတ်ကိုပါဖယ်ပစ်လိုက်ရတော့မှာမို့ ဓာတ်ကင်ပြီးတော့ပဲကုသနေခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူဟာ ဘယ်လိုမှ မရှောင်လွှဲနိုင်တော့ပဲမရဏလမ်းကိုမြန်းသွားရပါပြီ။ သူ့ရဲ့အဖြစ်အပျက်ကို လူမှုကွန်ယက်မှာလူတွေတော်တော်များများက ပြန်လည်မျှဝေထားကြပြီး ဂိမ်းအလွန်အကျွံဆော့တဲ့လူတွေကို သတိပေးထားကြပါတယ်။ Michael တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော ဂိမ်းအလွန်အကျွံဆော့တဲ့လူတွေရှိကြလား။ ဂိမ်းအလွန်အကျွံဆော့တဲ့သူငယ်ချင်းတွေရှိရင်လည်း မျှဝေအသိပေးလိုက်ကြပါဦး။ စားချိန်တန်စားအိပ်ချိန်တန်အိပ်ပြီး ကိုယ်နှစ်သက်တဲ့ဂိမ်းကို ကျန်းမာရေးကောင်းကောင်းနဲ့ဆော့နိုင်ကြစေဖို့ သတိပေးလိုက်ရပါတယ်နော်။

Credit : Can’t Wait To Say

LEAVE A REPLY