Zawgyi ျဖင့္ဖတ္ရန္

 

Drama မင္းသမီး လို႔ အသိအမွတ္ ျပဳေလာက္ေအာင္ အငို၊ အလြမ္း အခန္းေတြကို ပီျပင္ေအာင္သ႐ုပ္ ေဆာင္ႏိုင္သူက မိုးျပည့္ျပည့္ေမာင္ ပါ။ အခုအခ်ိန္ထိ အ႐ြယ္တင္ၿပီး လွပႏုပ်ိဳေနတဲ့ မိုးျပည့္ျပည့္ေမာင္ ကို သူ႔ရဲ႕အလွအပထိန္းသိမ္းပုံအ ေၾကာင္း ေမးျမန္းၾကည့္ေတာ့ မိုးျပည့္အသားအေရပိုင္း ဆိုင္ရာ၊ အလွအပပိုင္းဆိုင္ရာကို သိပ္ၿပီးထူးထူးဆန္းဆန္း မထိန္း သိမ္းျဖစ္ဘူး။ မိုးျပည့္ကေပ်ာ္ေပ်ာ္ ေနတတ္တယ္၊ စိတ္ေကာင္းထား တယ္။ အဲဒါေၾကာင့္ထင္ပါတယ္။

အခုလိုလွေနတာလည္း ဘုရားေပးတဲ့ ဆုလာဘ္တစ္ခုလိုပါပဲ။ ကိုယ့္ေၾကာင့္ ဆိုၿပီးတစ္ဖက္သား စိတ္ဆင္းရဲသြား မွာမလိုလားဘူး။ စိတ္ေကာင္း၊ ေစ တနာေကာင္းထားတယ္။ ကိုယ့္အ ေပၚမဟုတ္တာတစ္ခုခုလုပ္ေနတာ ေတြ႕ရင္ေတာင္ အဲဒီလူဒုကၡေရာက္ ေနရင္ကိုယ္ကကူညီျဖစ္တယ္။ အဲဒီ ေလာက္ေတာင္ကိုယ္စိတ္ထားက ထား ႏိုင္တယ္။ အဓိကက စိတ္ေကာင္း ေစတနာေကာင္းထားရင္ အ႐ြယ္တင္ ႏုပ်ိဳတယ္လို႔ မိုးျပည့္ၾကားဖူးတယ္။ အဲဒီလိုေတြေၾကာင့္ထင္ပါတယ္’လို႔ မိုးျပည့္ျပည္ေမာင္က ေျပာပါတယ္။

မိုးျပည့္တို႔မိသားစုက စိတ္ခ်မ္း သာစရာေကာင္းတယ္။ စိတ္ဆင္းရဲ စရာႀကဳံလည္းခဏပဲ။ မိသားစု တစ္စုမွာ နားလည္မႈရွိရင္ ဘယ္လို စိတ္ညစ္စရာေတြ ႀကဳံႀကဳံေျဖရွင္း ႏိုင္တယ္။ လူမွာလည္းစိတ္ဆင္းရဲစရာဆိုတာရွိတယ္ေလ။ အဲဒီလိုအရာ ေတြကို နားလည္မႈဆိုတဲ့အရာနဲ႔မိုး ျပည့္တို႔ မိသားစုကေက်ာ္လႊားသြား ႏိုင္တယ္။ မိုးျပည့္သမီးေလးနဲ႔ပတ္ သက္ၿပီးေတာ့လည္း မိဘတိုင္းက ေတာ့ သားသမီးေတြကို အေကာင္းဆုံးအရာေတြပဲပိုင္ဆိုင္ေစခ်င္တယ္။ သားသမီးကို ဘယ္လိုတည့္မတ္ေပး ရမလဲ။ သြားေနတဲ့လမ္းေၾကာင္းက မွားေနရင္ ျပဳျပင္ေပးမယ္။ မိုးျပည့္ထိန္းသိမ္းေပးဖို႔ပဲလိုပါတယ္။ ကိုယ့္ ဆႏၵႀကီးဘာျဖစ္ ခ်င္တယ္ဆိုတာကို မိုးျပည့္ကေလးအေပၚထားမွာ မ ဟုတ္ဘူး။ သမီးေလးက အႏုပညာ ကိုဝါသနာပါတယ္။ ကိုယ့္ထက္ သူကအိုက္တင္ေတြ၊ ဘာေတြပိုလုပ္ တတ္တယ္။ ဒါေပမယ့္ ငယ္ေသး ေတာ့ မိုးျပည့္ပညာေရးကိုပဲ ဦးစား ေပးမွာပါ။ အ႐ြယ္တစ္ခုေရာက္ လာလို႔ သူဘာျဖစ္ခ်င္တယ္ဆိုရင္ လည္း မိုးျပည့္မိဘ တစ္ေယာက္အေန နဲ႔ အေကာင္းဆုံးကူညီပံ့ပိုးေပးသြားမွာ ပါ’လို႔ ေျပာျပခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

နားလည်မှုအပြည့်နဲ့ ပျော်ရွှင်စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဘဝလေးအကြောင်း ပြောပြလာတဲ့ မိုးပြည့်ပြည့်မောင်

မိုးပြည့်ပြည့်မောင် မင်းသမီး

Drama မင်းသမီး လို့ အသိအမှတ် ပြုလောက်အောင် အငို၊ အလွမ်း အခန်းတွေကို ပီပြင်အောင်သရုပ် ဆောင်နိုင်သူက မိုးပြည့်ပြည့်မောင် ပါ။ အခုအချိန်ထိ အရွယ်တင်ပြီး လှပနုပျိုနေတဲ့ မိုးပြည့်ပြည့်မောင် ကို သူ့ရဲ့အလှအပထိန်းသိမ်းပုံအ ကြောင်း မေးမြန်းကြည့်တော့ မိုးပြည့်အသားအရေပိုင်း ဆိုင်ရာ၊ အလှအပပိုင်းဆိုင်ရာကို သိပ်ပြီးထူးထူးဆန်းဆန်း မထိန်း သိမ်းဖြစ်ဘူး။ မိုးပြည့်ကပျော်ပျော် နေတတ်တယ်၊ စိတ်ကောင်းထား တယ်။ အဲဒါကြောင့်ထင်ပါတယ်။

အခုလိုလှနေတာလည်း ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလိုပါပဲ။ ကိုယ့်ကြောင့် ဆိုပြီးတစ်ဖက်သား စိတ်ဆင်းရဲသွား မှာမလိုလားဘူး။ စိတ်ကောင်း၊ စေ တနာကောင်းထားတယ်။ ကိုယ့်အ ပေါ်မဟုတ်တာတစ်ခုခုလုပ်နေတာ တွေ့ရင်တောင် အဲဒီလူဒုက္ခရောက် နေရင်ကိုယ်ကကူညီဖြစ်တယ်။ အဲဒီ လောက်တောင်ကိုယ်စိတ်ထားက ထား နိုင်တယ်။ အဓိကက စိတ်ကောင်း စေတနာကောင်းထားရင် အရွယ်တင် နုပျိုတယ်လို့ မိုးပြည့်ကြားဖူးတယ်။ အဲဒီလိုတွေကြောင့်ထင်ပါတယ်’လို့ မိုးပြည့်ပြည်မောင်က ပြောပါတယ်။

မိုးပြည့်တို့မိသားစုက စိတ်ချမ်း သာစရာကောင်းတယ်။ စိတ်ဆင်းရဲ စရာကြုံလည်းခဏပဲ။ မိသားစု တစ်စုမှာ နားလည်မှုရှိရင် ဘယ်လို စိတ်ညစ်စရာတွေ ကြုံကြုံဖြေရှင်း နိုင်တယ်။ လူမှာလည်းစိတ်ဆင်းရဲစရာဆိုတာရှိတယ်လေ။ အဲဒီလိုအရာ တွေကို နားလည်မှုဆိုတဲ့အရာနဲ့မိုး ပြည့်တို့ မိသားစုကကျော်လွှားသွား နိုင်တယ်။ မိုးပြည့်သမီးလေးနဲ့ပတ် သက်ပြီးတော့လည်း မိဘတိုင်းက တော့ သားသမီးတွေကို အကောင်းဆုံးအရာတွေပဲပိုင်ဆိုင်စေချင်တယ်။ သားသမီးကို ဘယ်လိုတည့်မတ်ပေး ရမလဲ။ သွားနေတဲ့လမ်းကြောင်းက မှားနေရင် ပြုပြင်ပေးမယ်။ မိုးပြည့်ထိန်းသိမ်းပေးဖို့ပဲလိုပါတယ်။ ကိုယ့် ဆန္ဒကြီးဘာဖြစ် ချင်တယ်ဆိုတာကို မိုးပြည့်ကလေးအပေါ်ထားမှာ မ ဟုတ်ဘူး။ သမီးလေးက အနုပညာ ကိုဝါသနာပါတယ်။ ကိုယ့်ထက် သူကအိုက်တင်တွေ၊ ဘာတွေပိုလုပ် တတ်တယ်။ ဒါပေမယ့် ငယ်သေး တော့ မိုးပြည့်ပညာရေးကိုပဲ ဦးစား ပေးမှာပါ။ အရွယ်တစ်ခုရောက် လာလို့ သူဘာဖြစ်ချင်တယ်ဆိုရင် လည်း မိုးပြည့်မိဘ တစ်ယောက်အနေ နဲ့ အကောင်းဆုံးကူညီပံ့ပိုးပေးသွားမှာ ပါ’လို့ ပြောပြခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY