Zawgyi ျဖင့္ဖတ္ရန္

ေမ်ာက္ေက်ာက္ေပါက္နာရဲ႕ ေရာဂါလကၡဏာဟာ အျပင္းဖ်ားမႈနဲ႔အတူ မ်က္ႏွာတဝိုက္ အေရျပားေပၚမွာ ပုံမွန္မဟုတ္ပဲ အကြက္ေတြ အရင္ေပၚလာေၾကာင္း အင္ဒိုနီးရွားတကၠသိုလ္မွ ပညာရွင္မ်ားက ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ ဒီေရာဂါဟာ လူႀကီးေတြမွာထက္ ကေလးေတြမွာ ျဖစ္ႏိုင္ေခ်ပိုမ်ားၿပီး လက္ရွိအခ်ိန္ထိ ကုသရန္ေဆး မရွိေသးေၾကာင္း သတိေပး ေျပာဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းက စင္ကာပူႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေပါက္နာ လူနာေတြ႕ရွိခဲ့ၿပီး အေရွ႕ေတာင္အာရွႏိုင္ငံေတြအေနနဲ႔ ေရာဂါပ်ံ႕ႏွံ႔မႈကို သတိရွိၾကရန္ တိုက္တြန္းလိုက္ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ အေရွ႕ေတာင္အာရွမွာ စင္ကာပူႏိုင္ငံကလြဲရင္ အျခားႏိုင္ငံေတြ ကူးစက္ခံရမႈ သတင္းမရေသးေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ အာဖရိကႏိုင္ငံက စလာတဲ့ ေမ်ာက္ေက်ာက္ေပါက္နာနဲ႔ ပက္သက္ၿပီး ေရာဂါရဲ႕ သြင္ျပင္လကၡဏာနဲ႔ သေဘာသဘာဝကို သိရွိထားဖို႔လည္း လိုပါတယ္။

ေရာဂါပ်ံ႕ႏွံ႔မႈ အရ ၂၀၀၃ ခုႏွစ္က အေမရိကန္မွာ ေတြ႕ရွိခဲ့ၿပီး၊ ၿဗိတိန္ နဲ႔ အစၥေရးမွာေတာ့ မႏွစ္က ေတြ႕ခဲ့ရပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲမွာ စင္ကာပူက ပထမဆုံးျဖစ္ၿပီး ဒီႏွစ္ထဲမွာေတြ႕ရွိခဲ့ရပါတယ္။ ေရာဂါအတြက္ ကုရာနတၳိေဆးမရွိေသးေပမယ့္ ကံေကာင္းစြာနဲ႔ပဲ လူရဲ႕ခႏၶာကိုယ္ဟာ ဒီေရာဂါပိုးကို အလိုအေလွ်ာက္ေရာဂါေပ်ာက္ကင္းေအာင္ လုပ္ေပးႏိုင္တယ္လို႔ သိရွိထားပါတယ္။

ေမ်ာက္ေက်ာက္ေပါက္နာဟာ အေရျပားနီးျမန္းၿပီး အရည္ၾကည္ဖုေလးေတြထရာကေန ပိုးဝင္ၿပီးေနာက္မွာ အေရျပားက ၾကမ္းတမ္းတဲ့ အကြက္ေတြ ေပၚလာတာျဖစ္ပါတယ္။
ဒီေရာဂါကို ၁၉၅၈ ခုႏွစ္မွာ ကန္မ႐ြန္းႏိုင္ငံ စမ္းသပ္ခန္းထဲက ေမ်ာက္အုပ္စုတစ္စုမွာ ပထမဦးဆုံးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဒီေရာဂါကို သယ္ေဆာင္လာတာကေတာ့ ႂကြက္လို သတၱဝါမ်ိဳးေတြျဖစ္ပါတယ္။

တိရိစာၦန္ေတြျဖစ္တဲ့ ေမ်ာက္၊ ႏြား၊ ႏြားသိုး၊ ေခြးနဲ႔ အစရွိတဲ့ သတၱဝါေတြဟာ ေရာဂါပိုးရွိတဲ့ ႂကြက္ေတြကိုက္ခံရၿပီးေနာက္မွာ ကူးစက္ၿပီး ေရာဂါရခဲ့ပါတယ္။ လူကို ပထမဦးဆုံး ကူးစက္ခံရတာကေတာ့ ၁၉၇၀ ခုႏွစ္မ်ားေလာက္မွာ ဒီမိုကရက္တစ္သမၼတ ကြန္ဂိုႏိုင္ငံက အသက္ ၉ ႏွစ္အ႐ြယ္ ကေလးကို ကူးစက္ခံခဲ့ရေၾကာင္း မွတ္တမ္းရွိခဲ့ပါတယ္။ ဒီေရာဂါဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အာဖရိကထဲမွာသာ ရွိေနခဲ့ေပမယ့္ ၂၀၀၃ ခုႏွစ္မွာေတာ့ အေမရိကန္ကို ကူးစက္ခံခဲ့ရပါတယ္။

ေမ်ာက္ေက်ာက္ေပါက္နာဟာ အ႐ြယ္ေရာက္ၿပီးသား လူႀကီးေတြမွာ ခပ္ပါးပါးပဲ ကူးစက္ခံရၿပီး သူ႔အလိုလို ျပန္ေပ်ာက္သြားတတ္ပါတယ္။ အဓိက ကူးစက္ခ့ရတာကေတာ့ ကေလးေတြမွာ ျဖစ္တယ္လို႔ CNA သတင္းမွာ ေဖာ္ျပထားပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဆေးမရှိသေးတဲ့ မျောက်ကျောက်ပေါက်နာ လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များ

မျောက်ကျောက်ပေါက်နာရဲ့ ရောဂါလက္ခဏာဟာ အပြင်းဖျားမှုနဲ့အတူ မျက်နှာတဝိုက် အရေပြားပေါ်မှာ ပုံမှန်မဟုတ်ပဲ အကွက်တွေ အရင်ပေါ်လာကြောင်း အင်ဒိုနီးရှားတက္ကသိုလ်မှ ပညာရှင်များက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီရောဂါဟာ လူကြီးတွေမှာထက် ကလေးတွေမှာ ဖြစ်နိုင်ချေပိုများပြီး လက်ရှိအချိန်ထိ ကုသရန်ဆေး မရှိသေးကြောင်း သတိပေး ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက စင်ကာပူနိုင်ငံမှာ မျောက်ကျောက်ပေါက်နာ လူနာတွေ့ရှိခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ရောဂါပျံ့နှံ့မှုကို သတိရှိကြရန် တိုက်တွန်းလိုက်ပါတယ်။ လက်ရှိအချိန်ထိတော့ အရှေ့တောင်အာရှမှာ စင်ကာပူနိုင်ငံကလွဲရင် အခြားနိုင်ငံတွေ ကူးစက်ခံရမှု သတင်းမရသေးကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အာဖရိကနိုင်ငံက စလာတဲ့ မျောက်ကျောက်ပေါက်နာနဲ့ ပက်သက်ပြီး ရောဂါရဲ့ သွင်ပြင်လက္ခဏာနဲ့ သဘောသဘာဝကို သိရှိထားဖို့လည်း လိုပါတယ်။

ရောဂါပျံ့နှံ့မှု အရ ၂၀၀၃ ခုနှစ်က အမေရိကန်မှာ တွေ့ရှိခဲ့ပြီး၊ ဗြိတိန် နဲ့ အစ္စရေးမှာတော့ မနှစ်က တွေ့ခဲ့ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူက ပထမဆုံးဖြစ်ပြီး ဒီနှစ်ထဲမှာတွေ့ရှိခဲ့ရပါတယ်။ ရောဂါအတွက် ကုရာနတ္ထိဆေးမရှိသေးပေမယ့် ကံကောင်းစွာနဲ့ပဲ လူရဲ့ခန္ဓာကိုယ်ဟာ ဒီရောဂါပိုးကို အလိုအလျှောက်ရောဂါပျောက်ကင်းအောင် လုပ်ပေးနိုင်တယ်လို့ သိရှိထားပါတယ်။

မျောက်ကျောက်ပေါက်နာဟာ အရေပြားနီးမြန်းပြီး အရည်ကြည်ဖုလေးတွေထရာကနေ ပိုးဝင်ပြီးနောက်မှာ အရေပြားက ကြမ်းတမ်းတဲ့ အကွက်တွေ ပေါ်လာတာဖြစ်ပါတယ်။
ဒီရောဂါကို ၁၉၅၈ ခုနှစ်မှာ ကန်မရွန်းနိုင်ငံ စမ်းသပ်ခန်းထဲက မျောက်အုပ်စုတစ်စုမှာ ပထမဦးဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီရောဂါကို သယ်ဆောင်လာတာကတော့ ကြွက်လို သတ္တဝါမျိုးတွေဖြစ်ပါတယ်။

တိရိစ္ဆာန်တွေဖြစ်တဲ့ မျောက်၊ နွား၊ နွားသိုး၊ ခွေးနဲ့ အစရှိတဲ့ သတ္တဝါတွေဟာ ရောဂါပိုးရှိတဲ့ ကြွက်တွေကိုက်ခံရပြီးနောက်မှာ ကူးစက်ပြီး ရောဂါရခဲ့ပါတယ်။ လူကို ပထမဦးဆုံး ကူးစက်ခံရတာကတော့ ၁၉၇၀ ခုနှစ်များလောက်မှာ ဒီမိုကရက်တစ်သမ္မတ ကွန်ဂိုနိုင်ငံက အသက် ၉ နှစ်အရွယ် ကလေးကို ကူးစက်ခံခဲ့ရကြောင်း မှတ်တမ်းရှိခဲ့ပါတယ်။ ဒီရောဂါဟာ ဆယ်စုနှစ်ပေါင်းများစွာ အာဖရိကထဲမှာသာ ရှိနေခဲ့ပေမယ့် ၂၀၀၃ ခုနှစ်မှာတော့ အမေရိကန်ကို ကူးစက်ခံခဲ့ရပါတယ်။

မျောက်ကျောက်ပေါက်နာဟာ အရွယ်ရောက်ပြီးသား လူကြီးတွေမှာ ခပ်ပါးပါးပဲ ကူးစက်ခံရပြီး သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ အဓိက ကူးစက်ခ့ရတာကတော့ ကလေးတွေမှာ ဖြစ်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

Credit : popolay

LEAVE A REPLY