Zawgyi ဖြင့်ဖတ်ရန်


 


 

 



Credit : popolay

 

Unicode ဖြင့်ဖတ်ရန်

 

B.I ကိုဆေးအရောင်းအဝယ်လုပ်ခဲ့သူ Mr.A မှာခပ်ငယ်ငယ်မိန်းကလေးတစ်ဦးဖြစ်နေ

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် ကပေါ့ပ်အဆိုတော်အဖွဲ့ Ikon မှအဖွဲ့ခေါင်းဆောင် B.I ဟာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူတစ်ဦးနဲ့ kakaotalk မှာ Mr.A ဆိုသူနှင့်အဆက်အသွယ်လုပ်ကာ LSD နဲ့ Marijuana ဆေးတွေကို ဝယ်ယူဖို့ မေးမြန်း စုံစမ်းခဲ့ပါတယ်။ ယနေ့ ဇွန်လ ၁၃ ရက်နေ့မှာ Dispatch မှ အဆိုပါ Mr.A ဟာ မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်းကို ထုတ်ဖော်လိုက်ပါပြီ။ Mr.A ကဘယ်သူဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

B.I နဲ့အတူ kakaotalk မှာစကားပြောခဲ့တဲ့ Mr. A ကတော့ တခြားသူမဟုတ်ပါဘူး။ YG Entertainment ရဲ့ သင်တန်းသားဟောင်း Han Seo Hee ပဲဖြစ်ပါတယ်။ Han Seo Hee ဟာ ပြီးခဲ့တဲ့ ၂၀၁၇ မှာ big bang အဖွဲ့ဝင် T.O.P နဲ့အတူ marijuana အမည်ရတဲ့ မူးယစ်ဆေး တစ်မျိုးကိုအတူသုံးစွဲခဲ့ပြီး လူငယ်ပြုပြင်ရေးစခန်း မှာ ၄ နှစ်တိတိ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

Han Seo Hee နဲ့ T.O.P တို့အမှုမှာ ၂၀၁၇ မှာဖြစ်ပွားခဲ့ပြီး B.I နဲ့ Han Seo Hee တို့ message များကတော့ ၂၀၁၆ လို့ဖော်ပြနေပါတယ်။ Han Seo Hee ဟာ သူမနဲ့အတူ မူးယစ်ဆေးသုံးစွဲဖို့ T.O.P မတိုင်မီ B.I ကိုအရင်ဆွဲဆောင်ခဲ့တာပဲဖြစ်ပါတယ်။

Han Seo Hee ဟာ လွန်ခဲ့တဲ့ သုံးနှစ်က မူးယစ်သုံးစွဲမှုနဲ့ ကိုးရီးယားဝမ် ၈ သိန်း ၇ သောင်း ဒဏ်ငွေပေးဆောင်ခဲ့ရပြီး လူငယ်ပြုပြင်ရေးစခန်းမှာ ၄ နှစ်တိတိ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

Credit : popolay

LEAVE A REPLY