zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

ဒိုင်အသစ်များ ပါဝင်လာမယ့် Myanmar Idol Season 4 သီချင်းဆို ပြိုင်ပွဲ

မျိုးဆက်သစ် အဆိုရှင်များကို မွေးထုတ်ပေးလျက်ရှိတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Season 4 မကြာခင် ပြုလုပ်တော့မယ့် အကြောင်းနဲ့ အကဲဖြတ် ဒိုင်လူကြီးများအား စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးခြင်း အခမ်းအနားကို ယနေ့၊ ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ယခင်နှစ်များနဲ့ မတူဘဲ ဒိုင်လူကြီး အသစ်များဖြစ်တဲ့ ဒါရိုက်တာ အောင်ကိုလတ်၊ အဆိုတော် ဖြူဖြူကျော်သိန်းတို့နဲ့ အတူ ဒိုင်အဖြစ် ပါဝင်လာတာ ယခုနှစ် အပါအဝင် ၃ နှစ် ရှိပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်တို့ ပါဝင် အကဲဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Myanmar Idol Season 4 ရဲ့ အသံစစ်ဆေးမှုများကိုတော့ ယခု ဇွန်လမှ စတင်ကာ မြန်မာနိုင်ငံရဲ့ မြို့ကြီး ၅ မြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံတို့မှာ အသံစစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

share from : burmese.asia

LEAVE A REPLY