Zawgyi ျဖင့္ဖတ္ရန္

Sexy model ေလာကမွာ ထူးျခားလွပတဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွေၾကာင့္ အခ်ိန္တိုအတြင္း နာမည္ႀကီးလာတဲ့ ေမာ္ဒယ္နန္းေမြစံဟာဆိုရင္ ပုရိႆေတြရဲ႕တစ္ခဲနက္ဝန္းရံအားေပးမႈကို ရရွိထားသူျဖစ္ပါတယ္။ Sexy ေမာ္ဒယ္တစ္ဦးျဖစ္တာေၾကာင့္ သူမရဲ႕အလွအပကို အတိုင္းသားထင္ရွားေပၚလြင္ေစတဲ့ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြနဲ႔ ညႇိဳ႕ငင္ဖမ္းစားတတ္သူပဲျဖစ္ပါတယ္။

အႏုပညာပိုင္းမွာလည္း ေအာင္ျမင္ေက်ာ္ၾကားသူျဖစ္ၿပီး ဘြဲ႕ရဆရာဝန္တစ္ဦးလည္းျဖစ္တဲ့ နန္းေမြစံကေတာ့ ဆရာဝန္အလုပ္ကိုမလုပ္ကိုင္ပဲ သူမဝါသနာပါရာ Sexy model တစ္ဦးအျဖစ္သာ အႏုပညာေလာကထဲမွာ ရွင္သန္ရပ္တည္ေနတာျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ေမာ္ဒယ္နန္းေမြစံတစ္ေယာက္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈနဲ႔ေသြဖယ္ေနတဲ့ သူမရဲ႕ဝတ္စားဆင္ယင္မႈတို႔ေၾကာင့္ ေဆးကုသခြင့္လိုင္စင္ကို ပိတ္သိမ္းျခင္းခံလိုက္ရပါတယ္။

Sexy Model တစ္ေယာက္ျဖစ္တဲ့ နန္းေမြစံဟာဆိုရင္ သူမရဲ႕ဝတ္စားဆင္ယင္မႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံေဆးေကာင္စီမွာ ခံဝန္ကတိေရးထိုးထားခဲ့ၿပီးျဖစ္ေပမယ့္ ဆက္လက္ဝတ္စားေနတာေၾကာင့္ ေဆးကုသခြင့္လိုင္စင္ကို ႐ုတ္သိမ္းလိုက္ေၾကာင္း ျမန္မာႏိုင္ငံေဆးေကာင္စီက ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္။ သူမရဲ႕အေထြေထြေဆးကုသခြင့္လက္မွတ္ကို ပိတ္သိမ္းခံလိုက္ရတဲ့အတြက္ နန္းေမြစံကေတာ့ အေတာ္ေလးကို ဝမ္းနည္းစိတ္မေကာင္းျဖစ္ေနေၾကာင္းကို မီဒီယာနဲ႔အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ပါတယ္။

 

 

နန္းေမြစံက “အမိန႔္ေၾကာ္ျငာစာက အရင္တုန္းကတည္းကရွိတာ။ တစ္ေယာက္တည္း ဖတ္လိုက္၊ ခံစားလိုက္နဲ႔ ေနာက္ဆုံး မခံစားႏိုင္ေတာ့လို႔ ပရိသတ္နဲ႔ Fan ေတြ၊ သူငယ္ခ်င္းေတြကို Share ခ်င္လို႔ ဓာတ္ပုံ႐ိုက္ၿပီးတင္လိုက္ရင္း ပ်ံ႕သြားတာ။ ဝန္ခံကတိ ထိုးခဲ့တယ္ဆိုတာကလည္း ျမန္မာ့ယဥ္ေက်းမႈနဲ႔မညီတဲ့ ပုံေတြ၊ ဗီဒီယိုေတြကို ေဖ့စ္ဘြတ္ေပၚမတင္နဲ႔ဆိုလို႔ အခုေတာင္ အင္စတာဂရမ္ပဲသုံးျဖစ္တယ္၊ ေဖ့စ္ဘြတ္ေတာင္ သိပ္မသုံးျဖစ္ေတာ့ဘူး။ ဟိုတစ္ေန႔က Lady Boy ႐ုပ္ရွင္ press show ပြဲကိုသြားတဲ့ပုံေတြေတာ့ တက္လာတယ္။ အဲ့တာေၾကာင့္မ်ားလားဆိုၿပီးေတာ့ စိတ္ထဲမွာျဖစ္မိတယ္” ဆိုကာ ေဆးလိုင္စင္သိမ္းခံလိုက္ရတဲ့အေၾကာင္းရင္းကို ထင္ေၾကးေပးေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ အႏုပညာလုပ္ကိုင္ေနတဲ့ ဆရာဝန္ေတြအမ်ားႀကီးထဲမွ သူမတစ္ေယာက္တည္းသာ ေဆးလိုင္စင္သိမ္းခံရတဲ့အတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္မိေၾကာင္းကို “ေနာက္တစ္ခုက အႏုပညာအသိုင္းအဝိုင္းထဲမွာ ဆရာဝန္ေတြအမ်ားႀကီးရွိတယ္။ ဆရာဝန္မျဖစ္ေသးပဲနဲ႔ ေဆးေက်ာင္းတက္ေနတဲ့ ကေလးေတြလည္းအမ်ားႀကီးရွိတယ္။ သူတို႔ေတြကိုက် ဘာသံမွမၾကားရဘူး၊ ေမြစံကိုပဲ အဲ့လိုလုပ္တယ္ဆိုေတာ့ စိတ္မေကာင္းျဖစ္တယ္။ Feeling Lost ျဖစ္ေနတယ္။ တစ္ခုခုဆုံးရႈံးသြားသလို ခံစားေနရတဲ့အတြက္ ေတာ္ေတာ္ေတာ့ စိတ္မေကာင္းျဖစ္မိတယ္” လို႔ဆိုပါတယ္။

လက္ရွိမွာ ေဆးကုသေနတဲ့ အစိုးရဝန္ထမ္းမဟုတ္ပဲ ေဆးလက္မွတ္သိမ္းခံလိုက္ရတဲ့အေပၚ “တကယ္တမ္း ဆရာဝန္လုပ္ေနတယ္၊ ေဆးကုေနတယ္ဆိုရင္ေတာ့ ဒီလိုမ်ိဳးမလုပ္သင့္ပါဘူး။ ကြၽန္မအေနနဲ႔လဲ လက္ခံပါတယ္။ ဒါ့ေပမယ့္ ကြၽန္မက ဆရာဝန္လက္မွတ္ကို ဒီအတိုင္းကိုင္ထားတာပဲရွိတယ္၊ ေလာေလာဆယ္ လုပ္ေနတာလဲ မဟုတ္ဘူး။ အစိုးရဝန္ထမ္း ဆရာဝန္လုပ္ေနတာလဲ မဟုတ္ဘူး၊ ေဆးကုစားေနတာလဲ မဟုတ္ဘူး။ အဲ့တာကို ဘာလို႔မ်ားလာသိမ္းရတာလဲ” ဆိုကာ နားမလည္ႏိုင္စြာ ေမးခြန္းထုတ္သြားခဲ့ပါတယ္။

သူမအေနနဲ႔ ယခုလိုေဆးလက္မွတ္သိမ္းခံလိုက္ရတဲ့အတြက္ ပေရာ္ဖက္ဆာ ဆရာဝန္ႀကီးေတြနဲ႔ ျမန္မာႏိုင္ငံေဆးေကာင္စီဌာနကို ေတာင္းပန္ၿပီး ႏွစ္ဖက္ညႇိႏႈိင္းမႈေတြျပဳလုပ္ၿပီး အသနားခံသြားမယ္လို႔လဲ ဆိုပါတယ္။ ေဆးလက္မွတ္အသိမ္းခံရေပမယ့္ အႏုပညာအလုပ္ေတြကိုေတာ့ ဆက္လုပ္သြားဖို႔ရွိၿပီး ျမန္မာလိုလဲ ဝတ္စားမွာျဖစ္သလို ပြဲဌားတာေတြရွိရင္လည္း Sexy ပုံစံဝတ္ျဖစ္ဦးမွာပါလို႔ ေျပာသြားခဲ့ပါတယ္။ စိတ္ဓာတ္ခိုင္မာတဲ့ ေမာ္ဒယ္မေလး ေဒါက္တာနန္းေမြစံကို ပရိသတ္ႀကီးက ဆက္လက္အားေပးၾကပါဦးေနာ္….

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဆေးကုစားနေသူမဟုတ်ပဲ ဆေးလက်မှတ်သိမ်းခံလိုက်ရတဲ့အပေါ် မေးခွန်းထုတ်လိုက်တဲ့ နန်းမွေစံ

Sexy model လောကမှာ ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် အချိန်တိုအတွင်း နာမည်ကြီးလာတဲ့ မော်ဒယ်နန်းမွေစံဟာဆိုရင် ပုရိဿတွေရဲ့တစ်ခဲနက်ဝန်းရံအားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ Sexy မော်ဒယ်တစ်ဦးဖြစ်တာကြောင့် သူမရဲ့အလှအပကို အတိုင်းသားထင်ရှားပေါ်လွင်စေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ညှို့ငင်ဖမ်းစားတတ်သူပဲဖြစ်ပါတယ်။

အနုပညာပိုင်းမှာလည်း အောင်မြင်ကျော်ကြားသူဖြစ်ပြီး ဘွဲ့ရဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ နန်းမွေစံကတော့ ဆရာဝန်အလုပ်ကိုမလုပ်ကိုင်ပဲ သူမဝါသနာပါရာ Sexy model တစ်ဦးအဖြစ်သာ အနုပညာလောကထဲမှာ ရှင်သန်ရပ်တည်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ မော်ဒယ်နန်းမွေစံတစ်ယောက် မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့သွေဖယ်နေတဲ့ သူမရဲ့ဝတ်စားဆင်ယင်မှုတို့ကြောင့် ဆေးကုသခွင့်လိုင်စင်ကို ပိတ်သိမ်းခြင်းခံလိုက်ရပါတယ်။

Sexy Model တစ်ယောက်ဖြစ်တဲ့ နန်းမွေစံဟာဆိုရင် သူမရဲ့ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆေးကောင်စီမှာ ခံဝန်ကတိရေးထိုးထားခဲ့ပြီးဖြစ်ပေမယ့် ဆက်လက်ဝတ်စားနေတာကြောင့် ဆေးကုသခွင့်လိုင်စင်ကို ရုတ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ သူမရဲ့အထွေထွေဆေးကုသခွင့်လက်မှတ်ကို ပိတ်သိမ်းခံလိုက်ရတဲ့အတွက် နန်းမွေစံကတော့ အတော်လေးကို ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြောင်းကို မီဒီယာနဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

နန်းမွေစံက “အမိန့်ကြော်ငြာစာက အရင်တုန်းကတည်းကရှိတာ။ တစ်ယောက်တည်း ဖတ်လိုက်၊ ခံစားလိုက်နဲ့ နောက်ဆုံး မခံစားနိုင်တော့လို့ ပရိသတ်နဲ့ Fan တွေ၊ သူငယ်ချင်းတွေကို Share ချင်လို့ ဓာတ်ပုံရိုက်ပြီးတင်လိုက်ရင်း ပျံ့သွားတာ။ ဝန်ခံကတိ ထိုးခဲ့တယ်ဆိုတာကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့မညီတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ဖေ့စ်ဘွတ်ပေါ်မတင်နဲ့ဆိုလို့ အခုတောင် အင်စတာဂရမ်ပဲသုံးဖြစ်တယ်၊ ဖေ့စ်ဘွတ်တောင် သိပ်မသုံးဖြစ်တော့ဘူး။ ဟိုတစ်နေ့က Lady Boy ရုပ်ရှင် press show ပွဲကိုသွားတဲ့ပုံတွေတော့ တက်လာတယ်။ အဲ့တာကြောင့်များလားဆိုပြီးတော့ စိတ်ထဲမှာဖြစ်မိတယ်” ဆိုကာ ဆေးလိုင်စင်သိမ်းခံလိုက်ရတဲ့အကြောင်းရင်းကို ထင်ကြေးပေးပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အနုပညာလုပ်ကိုင်နေတဲ့ ဆရာဝန်တွေအများကြီးထဲမှ သူမတစ်ယောက်တည်းသာ ဆေးလိုင်စင်သိမ်းခံရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်းကို “နောက်တစ်ခုက အနုပညာအသိုင်းအဝိုင်းထဲမှာ ဆရာဝန်တွေအများကြီးရှိတယ်။ ဆရာဝန်မဖြစ်သေးပဲနဲ့ ဆေးကျောင်းတက်နေတဲ့ ကလေးတွေလည်းအများကြီးရှိတယ်။ သူတို့တွေကိုကျ ဘာသံမှမကြားရဘူး၊ မွေစံကိုပဲ အဲ့လိုလုပ်တယ်ဆိုတော့ စိတ်မကောင်းဖြစ်တယ်။ Feeling Lost ဖြစ်နေတယ်။ တစ်ခုခုဆုံးရှုံးသွားသလို ခံစားနေရတဲ့အတွက် တော်တော်တော့ စိတ်မကောင်းဖြစ်မိတယ်” လို့ဆိုပါတယ်။

လက်ရှိမှာ ဆေးကုသနေတဲ့ အစိုးရဝန်ထမ်းမဟုတ်ပဲ ဆေးလက်မှတ်သိမ်းခံလိုက်ရတဲ့အပေါ် “တကယ်တမ်း ဆရာဝန်လုပ်နေတယ်၊ ဆေးကုနေတယ်ဆိုရင်တော့ ဒီလိုမျိုးမလုပ်သင့်ပါဘူး။ ကျွန်မအနေနဲ့လဲ လက်ခံပါတယ်။ ဒါ့ပေမယ့် ကျွန်မက ဆရာဝန်လက်မှတ်ကို ဒီအတိုင်းကိုင်ထားတာပဲရှိတယ်၊ လောလောဆယ် လုပ်နေတာလဲ မဟုတ်ဘူး။ အစိုးရဝန်ထမ်း ဆရာဝန်လုပ်နေတာလဲ မဟုတ်ဘူး၊ ဆေးကုစားနေတာလဲ မဟုတ်ဘူး။ အဲ့တာကို ဘာလို့များလာသိမ်းရတာလဲ” ဆိုကာ နားမလည်နိုင်စွာ မေးခွန်းထုတ်သွားခဲ့ပါတယ်။

သူမအနေနဲ့ ယခုလိုဆေးလက်မှတ်သိမ်းခံလိုက်ရတဲ့အတွက် ပရော်ဖက်ဆာ ဆရာဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံဆေးကောင်စီဌာနကို တောင်းပန်ပြီး နှစ်ဖက်ညှိနှိုင်းမှုတွေပြုလုပ်ပြီး အသနားခံသွားမယ်လို့လဲ ဆိုပါတယ်။ ဆေးလက်မှတ်အသိမ်းခံရပေမယ့် အနုပညာအလုပ်တွေကိုတော့ ဆက်လုပ်သွားဖို့ရှိပြီး မြန်မာလိုလဲ ဝတ်စားမှာဖြစ်သလို ပွဲဌားတာတွေရှိရင်လည်း Sexy ပုံစံဝတ်ဖြစ်ဦးမှာပါလို့ ပြောသွားခဲ့ပါတယ်။ စိတ်ဓာတ်ခိုင်မာတဲ့ မော်ဒယ်မလေး ဒေါက်တာနန်းမွေစံကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးနော်….

Credit : popolay

 

LEAVE A REPLY