Zawgyi ျဖင့္ဖတ္ရန္

 

ေမဖူးပြင့္ဇြန္ဟာဆိုရင္ အသက္ရွစ္ႏွစ္အ႐ြယ္ကေလးငယ္ေလးျဖစ္ၿပီး ရွစ္ႏွစ္အ႐ြယ္နဲ႔မလိုက္ေအာင္ကိုထူးခြၽန္ထက္ျမက္တဲ့ ကေလးမေလးလည္းျဖစ္ပါတယ္။ ေမဖူးပြင့္ဇြန္က မၾကာေသးမီက US မွာသြားေရာက္ယွဥ္ၿပိဳင္ခဲ့ရတဲ့ Robot ၿပိဳင္ပြဲမွာ Judges Award ကိုထိုက္တန္စြာဆြတ္ခူးရရွိၿပီး ျမန္မာ့ဂုဏ္ေဆာင္ခဲ့တဲ့ ေက်ာင္းသူေလးပါ။ေမဖူးက မၾကာမေသးမီက 8days TV နဲ႔အင္တာဗ်ဴးမွာ Robot ၿပိဳင္ပြဲကိုသြားေရာက္ယွဥ္ၿပိဳင္ခဲ့ရတဲ့အေတြ႕အႀကဳံေတြနဲ႔ သူမရဲ႕အနာဂတ္ရည္မွန္းခ်က္ေတြကိုေျပာျပသြားခဲ့ပါတယ္။

ၿပိဳင္ပြဲသြားၿပိဳင္ခဲ့တဲ့အေၾကာင္းကို ေမဖူးက “ၿပိဳင္တာကေတာ့ ဒီဟာေလးေတြသြားၿပိဳင္တာ။ အျခားသူေတြကေတာ့ သမီးဟာထက္ပိုႀကီးတယ္။ ဒီဟာကိုဆက္မယ့္ဟာေလး သမီးေဖေဖက ဝယ္ေပးတယ္။ ၿပီးရင္ေဖေဖက ဒီဇိုင္းေလးေရးလိုက္တယ္။ ၿပီးေတာ့ ဒီဟာေလးပဲေ႐ြးလိုက္တယ္။ ေဖေဖနဲ႔ မီးမီးက တူတူဆက္တယ္။ ၿပီးေတာ့ရသြားတယ္”လို႔ ခ်စ္စဖြယ္ေျပာျပထားပါတယ္။

စက္႐ုပ္တည္ေဆာက္တာကိုငယ္ငယ္ကတည္းကဝါသနာပါခဲ့ေၾကာင္းလည္း “ဟိုဟာ ငယ္ငယ္ကတည္းက ဝါသနာပါတာ။ Lego ေလးေတြဆက္တယ္။ Amusement Park မွာစီးတဲ့ဟာမ်ိဳးေလးေတြလည္းႀကိဳက္တယ္။ ဒီဟာေလးေတြကို Robot ကြင္းႀကီးထဲမွာသြားထည့္ရတာ။ တကယ္မၿပိဳင္ခင္ Practice ေလးလုပ္တယ္”လို႔ ေျပာျပထားၿပီး ၿပိဳင္ပြဲသြားၿပိဳင္ေတာ့ေၾကာက္ခဲ့ေသးတယ္လို႔လည္း “ၿပိဳင္ပြဲဝင္ေတြက မီးမီးထက္နည္းနည္းႀကီးတယ္။အခ်ိဳ႕က။အခ်ိဳ႕ကနည္းနည္းငယ္တယ္။ အစကေတာ့ နည္းနည္းေၾကာက္သြားတယ္။ ေနာက္ေတာ့ လုပ္ၾကည့္လိုက္တယ္။ ၿပီးေတာ့ မေၾကာက္ေတာ့ဘူး”လို႔ ေျပာျပသြားပါတယ္။

ဆုရခဲ့တာေတာင္မွ စက္မွာ error ေလးေတြရွိခဲ့တယ္လို႔လည္း “Error ေလးေတြရွိသြားတယ္။ ဒီမွာ ဆက္တဲ့ဟာမွာ။ တစ္ေယာက္ကို 35 စကၠန႔္ပဲေပးတာဆိုေတာ့သမီးကျမန္ျမန္ေလးလုပ္လိုက္ရတာ။ ေဖေဖက သမီးကို ကူလုပ္ေပးပါတယ္”လို႔ ေျပာျပထားသလို NASA မွာ Scientist ျဖစ္ခ်င္တဲ့ အိပ္မက္အေၾကာင္းလည္း “သမီးက အာကာသထဲမွာ space ထဲမွာ ဘာေတြရွိလဲဆိုတာ ဘာေတြေတြ႕လဲဆိုတာ အဲဒါေတြရဲ႕အေၾကာင္းကိုစဥ္းစားၿပီးေတာ့ research လုပ္မွာ space ထဲက Planet ေတြရဲ႕အေၾကာင္းပိုသိဖို႔ အဲ့လိုမ်ိဳးေလးျဖစ္ခ်င္တာ”လို႔ ေျပာျပထားပါတယ္။ ဒါ့အျပင္ ေနာက္ထပ္တစ္ခါၿပိဳင္ပြဲလုပ္ရင္လည္းဝင္ၿပိဳင္ဦးမွာလို႔ ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာအသက္နဲ႔မလိုက္ေအာင္ေတာ္တဲ့ထက္တဲ့ သမီးေလး ေမဖူးပြင့္ဇြန္ကိုခ်စ္ၾကလား။ ေမဖူးရဲ႕ ေနာက္ထပ္စက္႐ုပ္ေတြတည္ေဆာက္တဲ့အခါေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

credit : Can’t Wait To Say

Unicode ဖြင့်ဖတ်ရန်

နာဆာ မှာ သိပ္ပံပညာရှင် ဖြစ်ချင်တာဆိုတဲ့ မေဖူးပွင့်ဇွန်

မေဖူးပွင့်ဇွန်ဟာဆိုရင် အသက်ရှစ်နှစ်အရွယ်ကလေးငယ်လေးဖြစ်ပြီး ရှစ်နှစ်အရွယ်နဲ့မလိုက်အောင်ကိုထူးချွန်ထက်မြက်တဲ့ ကလေးမလေးလည်းဖြစ်ပါတယ်။ မေဖူးပွင့်ဇွန်က မကြာသေးမီက US မှာသွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ Robot ပြိုင်ပွဲမှာ Judges Award ကိုထိုက်တန်စွာဆွတ်ခူးရရှိပြီး မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ ကျောင်းသူလေးပါ။မေဖူးက မကြာမသေးမီက 8days TV နဲ့အင်တာဗျူးမှာ Robot ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ သူမရဲ့အနာဂတ်ရည်မှန်းချက်တွေကိုပြောပြသွားခဲ့ပါတယ်။

ပြိုင်ပွဲသွားပြိုင်ခဲ့တဲ့အကြောင်းကို မေဖူးက “ပြိုင်တာကတော့ ဒီဟာလေးတွေသွားပြိုင်တာ။ အခြားသူတွေကတော့ သမီးဟာထက်ပိုကြီးတယ်။ ဒီဟာကိုဆက်မယ့်ဟာလေး သမီးဖေဖေက ဝယ်ပေးတယ်။ ပြီးရင်ဖေဖေက ဒီဇိုင်းလေးရေးလိုက်တယ်။ ပြီးတော့ ဒီဟာလေးပဲရွေးလိုက်တယ်။ ဖေဖေနဲ့ မီးမီးက တူတူဆက်တယ်။ ပြီးတော့ရသွားတယ်”လို့ ချစ်စဖွယ်ပြောပြထားပါတယ်။

စက်ရုပ်တည်ဆောက်တာကိုငယ်ငယ်ကတည်းကဝါသနာပါခဲ့ကြောင်းလည်း “ဟိုဟာ ငယ်ငယ်ကတည်းက ဝါသနာပါတာ။ Lego လေးတွေဆက်တယ်။ Amusement Park မှာစီးတဲ့ဟာမျိုးလေးတွေလည်းကြိုက်တယ်။ ဒီဟာလေးတွေကို Robot ကွင်းကြီးထဲမှာသွားထည့်ရတာ။ တကယ်မပြိုင်ခင် Practice လေးလုပ်တယ်”လို့ ပြောပြထားပြီး ပြိုင်ပွဲသွားပြိုင်တော့ကြောက်ခဲ့သေးတယ်လို့လည်း “ပြိုင်ပွဲဝင်တွေက မီးမီးထက်နည်းနည်းကြီးတယ်။အချို့က။အချို့ကနည်းနည်းငယ်တယ်။ အစကတော့ နည်းနည်းကြောက်သွားတယ်။ နောက်တော့ လုပ်ကြည့်လိုက်တယ်။ ပြီးတော့ မကြောက်တော့ဘူး”လို့ ပြောပြသွားပါတယ်။

ဆုရခဲ့တာတောင်မှ စက်မှာ error လေးတွေရှိခဲ့တယ်လို့လည်း “Error လေးတွေရှိသွားတယ်။ ဒီမှာ ဆက်တဲ့ဟာမှာ။ တစ်ယောက်ကို 35 စက္ကန့်ပဲပေးတာဆိုတော့သမီးကမြန်မြန်လေးလုပ်လိုက်ရတာ။ ဖေဖေက သမီးကို ကူလုပ်ပေးပါတယ်”လို့ ပြောပြထားသလို NASA မှာ Scientist ဖြစ်ချင်တဲ့ အိပ်မက်အကြောင်းလည်း “သမီးက အာကာသထဲမှာ space ထဲမှာ ဘာတွေရှိလဲဆိုတာ ဘာတွေတွေ့လဲဆိုတာ အဲဒါတွေရဲ့အကြောင်းကိုစဉ်းစားပြီးတော့ research လုပ်မှာ space ထဲက Planet တွေရဲ့အကြောင်းပိုသိဖို့ အဲ့လိုမျိုးလေးဖြစ်ချင်တာ”လို့ ပြောပြထားပါတယ်။ ဒါ့အပြင် နောက်ထပ်တစ်ခါပြိုင်ပွဲလုပ်ရင်လည်းဝင်ပြိုင်ဦးမှာလို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရောအသက်နဲ့မလိုက်အောင်တော်တဲ့ထက်တဲ့ သမီးလေး မေဖူးပွင့်ဇွန်ကိုချစ်ကြလား။ မေဖူးရဲ့ နောက်ထပ်စက်ရုပ်တွေတည်ဆောက်တဲ့အခါရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

credit : Can’t Wait To Say

LEAVE A REPLY