Zawgyi ျဖင့္ဖတ္ရန္

အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြက တျခားသူေတြထက္ အေရျပား မွာ အဆီထုတ္လုပ္မႈ ပိုမ်ားတာေၾကာင့္ အဆီၾကိတ္၊ ဆား၀က္ျခံ၊ ၀က္ျခံနဲ႕ တျခား အေရျပားျပႆနာေတြ ပိုျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြက အေရးအေၾကာင္းေတြ လြယ္လြယ္နဲ႕မျဖစ္တတ္ဘဲ အသက္ၾကီးတဲ့အထိ အသားအေရတင္းရင္းေနနိုင္တာပါ။ အဆီျပန္တာက အေရျပားအေပၚယံလႊာမွာရွိတဲ့ အဆီဂလင္းေတြကေန အဆီထုတ္လုပ္မႈ မ်ားလြန္းတာေၾကာင့္ျဖစ္ျပီး ေခြ်းေပါက္က်ယယ္ေတြကိုလည္းျဖစ္ေစပါတယ္။ ဒီေတာ့ အဆီဂလင္းက အဆီထုတ္လုပ္မႈကို ေလ်ာ့နည္းေအာင္ အဆီျပန္တာကို ေပ်ာက္ကင္းေအာင္ လုပ္နိုင္မယ့္ သဘာ၀နည္းလမ္းေလးေတြကို ပ်ိဳေမတို႕ သိခ်င္ၾကလိမ့္မယ္လို႕ထင္ပါတယ္။ အခုပဲ ေဖာ္ျပေပးလိုက္ျပီမို႕ ဖတ္ၾကည့္ျပီး အခုပဲလုပ္လိုက္ေတာ့ေနာ္။

(၁) ၾကက္ဥအကာ

ၾကက္ဥအကာမွာ ပါ၀င္တဲ့ ဗီတာမင္ ေအက အသားအေရအတြက္ အေထာက္အကူအမ်ားၾကီးျဖစ္ျပီး အဆီဂလင္းကေန အဆီေတြအမ်ားၾကီး မထုတ္လုပ္ေအာင္ တားဆီးေပးနုိင္တာေၾကာင့္ ၾကက္ဥအကာနဲ႕ တစ္ပတ္နွစ္ၾကိမ္ မ်က္နွာေပါင္းတင္ေပးမယ္ဆိုရင္ အဆီျပန္တာ တျဖည္းျဖည္းသက္သာလာျပီး ေခြ်းေပါက္က်ယ္ေတြလည္း ျပန္တင္းရင္းသြားပါလိမ့္မယ္။ နည္းလမ္းကေတာ့ ၾကက္ဥအကာတစ္လံုးကို သံပရိုရည္အနည္းငယ္ေရာျပီး မ်က္နွာအနွံ႕ပါးပါးေလး လိမ္းေပးလိုက္ပါ။ ဆယ့္ငါးမိနစ္ေလာက္ၾကာရင္ ေရေႏြးေလးနဲ႕ မ်က္နွာသစ္ေပးရံုပါပဲ။

(၂) သံပရိုရည္

သံပရိုရည္က Citric acid ၾကြယ္၀တာေၾကာင့္ အေရျပားအေပၚလႊာအဆီဂလင္းထဲက အဆီပိုေတြ ထုတ္လုပ္မႈကို ထိန္းေပးျပီး အသားအေရအတြက္ ရွိသင့္တဲ့ pH Level ကိုလည္း ထိန္းညွိေပးပါတယ္။ သံပရိုရည္အနညး္ငယ္ကို ေရက်က္ေအးအနည္းငယ္နဲ႕ေရာျပီး ဂြမ္းစေလးနဲ႕တို႕ယူကာ အဆီျပန္တတ္တဲ့ေနရာေတြမွာ ခပ္ပါးပါးေလးလိမ္းေပးလိုက္ပါ။ ဆယ့္ငါးမိနစ္ေလာက္ၾကာပီဆိုရင္ ေရေႏြးေလးနဲ႕ မ်က္နွာသစ္ေပးလိုက္ရံုပါပဲ။ တစ္ရက္ျခားတစ္ခါ လုပ္ေပးရံုနဲ႕ အဆီျပန္တာကို သိသိသာသာ ေလ်ာ့နည္းလာေစပါတယ္။

(၃) ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာ Lactic Acid ပါ၀င္တာေၾကာင့္ ေခြ်းေပါက္ထဲက အညစ္အေၾကးေတြကို ဖယ္ရွားေပးနိုင္ျပီး အဆီဂလင္းေတြကေန အဆီထုတ္လုပ္မႈကို ေလွ်ာ့ခ်ေပးပါတယ္။ သၾကားမပါတဲ့ ဒိန္ခ်ဥ္အသန္႕ကို မ်က္နွာအႏွံ႕ ထူထူေလးလိမ္းေပးျပီး ၁၅ မိနစ္ေလာက္ၾကာတဲ့အခါ ေရေႏြးေလးနဲ႕ မ်က္နွာသစ္ေပးလိုက္ရံုပါပဲ။ ဒီနည္းေလးကို ေန႕တိုင္းလုပ္ေပးမယ္ဆိုရင္ မ်က္နွာအဆီျပန္တာ သိသိသာသာ သက္သာသြားတာကို ေတြ႕ရပါလိမ့္မယ္။

(၄) ခရမ္းခ်ဥ္သီး
ဗီတာမင္ စီၾကြယ္၀တဲ့ အသီးေတြထဲမွာ တစ္မ်ိဳးအပါအ၀င္ျဖစ္တဲ့ ခရမ္းခ်ဥ္သီးကလည္း အသားအေရေပၚက အဆီေတြကို စုပ္ယူေပးနိုင္တဲ့ အစြမ္းရွိပါတယ္။ ခရမ္းခ်ဥ္သီးကို တစ္၀က္ျခမ္းျပီး အဆီျပန္တဲ့ေနရာေတြကို ပြတ္တိုက္ေပးျပီး ဆယ့္ငါးမိနစ္ေလာက္ ထားလိုက္ပါ။ ျပီးရင္ ေရေအးေလးနဲ႕ မ်က္နွာသစ္လိုက္ပါ။ ဒီနည္းေလးကိုလည္း ေန႕တိုင္းလုပ္ေပးမယ္ဆိုရင္ အဆီျပန္တာနဲ႕ အဆီျပန္ျခင္းေၾကာင့္ျဖစ္တဲ့ အသားအေရျပႆနာေတြကို ေလ်ာ့နည္းသြားေစပါတယ္။

(၅) ပန္းသီး

ပန္းသီးမွာ malic acid ပါ၀င္တာေၾကာင့္ အသားအေရအေပၚလႊာက ဆဲလ္ေသေတြကို ဖယ္ရွားေပးျပီး အဆီျပန္တာကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္။ ၾကိတ္ေခ်ထားတဲ့ ပန္းသီးတစ္ဇြန္းနဲ႕ သံပရိုရည္အနည္းငယ္ကိုေရာျပီး အဆီျပန္တဲ့ေနရာေတြမွာ ထူထူေလးလိမ္းေပးပါ။ ဆယ့္ငါးမိနစ္ေလာက္ထားျပီး ေရေအးနဲ႕ မ်က္နွာသစ္ေပးလိုက္ပါ။ အဲ့ဒီနည္းေလးကိုေတာ့ တစ္ပတ္ကို နွစ္ၾကိမ္ေလာက္ လုပ္ေပးနုိင္ပါတယ္။

(၆) သခြားသီး

အဆီျပန္တာကို သက္သာေစျပီး ေခြ်းေပါက္ေတြကို ျပန္က်ဥ္းေစတဲ့ အသီးေနာက္တစ္မ်ိဳးကေတာ့ သခြားသီးပါ။ သခြားသီးမွာ ဗီတာမင္ ေအနဲ႕ အီးၾကြယ္၀စြာပါ၀င္ျပီး မဂၢနီစီယမ္နဲ႕ ပိုတက္စီယမ္ဓာတ္ေတြလည္း ပါ၀င္တာေၾကာင့္ အဆီျပန္တာကို ထိန္္းေပးနိုင္တဲ့အျပင္အသားအေရဆဲလ္အသစ္ေတြ ျပန္လည္ဖြဲ႕စည္းနိုင္ဖို႕လည္း ကူညီေပးနိုင္ပါတယ္။ သခြားသီးကို အ၀ိုင္းေလးေတြ လႊာျပီး မ်က္နွာမွာမိနစ္အနည္းငယ္ေလာက္ ပြတ္တိုက္ေပးကာ အိပ္ရာ၀င္လုိက္ပါ။ မနက္အိပ္ရာနိုးမွ ေရေႏြးေလးနဲ႕ မ်က္နွာသစ္ေပးလိုက္ရံုပါပဲ။ ေန႕တိုင္းလုပ္ေပးရင္ အဆီျပန္တာနဲ႕ တျခားအသားအေရျပႆနာေတြကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္။

(၇) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္အနွစ္ကို အဆီျပန္တဲ့ေနရာမွာ လိမ္းေပးျပီး မိနစ္နွစ္ဆယ္အၾကာမွာ မ်က္နွာသစ္ေပးလိုက္ပါ။ ေန႕တိုင္းလုပ္ေပးရံုနဲ႕ မ်က္နွာအဆီျပန္တာနဲ႕ ၀က္ျခံ၊ အဆီဖုေတြျဖစ္တာကို တားဆီးေပးနိုင္ပါတယ္။

(၈) ပ်ားရည္

အဆီျပန္ျပီး ၀က္ျခံေတြထြက္တတ္တဲ့ အသားအေရပိုင္ရွင္ေတြအတြက္ အေကာင္းဆံုးကေတာ့ ပ်ားရည္ပါ။ ပ်ားရည္အနည္းငယ္ကို အဆီျပန္တဲ့ေနရာမွာ လိမ္းေပးျပီး ဆယ့္ငါးမိနစ္အၾကာမွာ ေရေႏြးနဲ႕ မ်က္နွာသစ္ေပးတာကို မနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္ တစ္ေန႕နွစ္ၾကိမ္လုပ္ေပးရံုနဲ႕ မ်က္နွာအဆီျပန္တာ၊ ၀က္ျခံေတြြထြက္တာကို တျဖည္းျဖည္းသက္သာလာေစမွာပါ။

Credit : aunty may

Unicode ဖြင့်ဖတ်ရန်

အဆီပြန်တဲ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈)မျိုး

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက တခြားသူတွေထက် အရေပြား မှာ အဆီထုတ်လုပ်မှု ပိုများတာကြောင့် အဆီကြိတ်၊ ဆားဝက်ခြံ၊ ဝက်ခြံနဲ့ တခြား အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရေးအကြောင်းတွေ လွယ်လွယ်နဲ့မဖြစ်တတ်ဘဲ အသက်ကြီးတဲ့အထိ အသားအရေတင်းရင်းနေနိုင်တာပါ။ အဆီပြန်တာက အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှု များလွန်းတာကြောင့်ဖြစ်ပြီး ချွေးပေါက်ကျယယ်တွေကိုလည်းဖြစ်စေပါတယ်။ ဒီတော့ အဆီဂလင်းက အဆီထုတ်လုပ်မှုကို လျော့နည်းအောင် အဆီပြန်တာကို ပျောက်ကင်းအောင် လုပ်နိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို ပျိုမေတို့ သိချင်ကြလိမ့်မယ်လို့ထင်ပါတယ်။ အခုပဲ ဖော်ပြပေးလိုက်ပြီမို့ ဖတ်ကြည့်ပြီး အခုပဲလုပ်လိုက်တော့နော်။

(၁) ကြက်ဥအကာ

ကြက်ဥအကာမှာ ပါဝင်တဲ့ ဗီတာမင် အေက အသားအရေအတွက် အထောက်အကူအများကြီးဖြစ်ပြီး အဆီဂလင်းကနေ အဆီတွေအများကြီး မထုတ်လုပ်အောင် တားဆီးပေးနိုင်တာကြောင့် ကြက်ဥအကာနဲ့ တစ်ပတ်နှစ်ကြိမ် မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် အဆီပြန်တာ တဖြည်းဖြည်းသက်သာလာပြီး ချွေးပေါက်ကျယ်တွေလည်း ပြန်တင်းရင်းသွားပါလိမ့်မယ်။ နည်းလမ်းကတော့ ကြက်ဥအကာတစ်လုံးကို သံပရိုရည်အနည်းငယ်ရောပြီး မျက်နှာအနှံ့ပါးပါးလေး လိမ်းပေးလိုက်ပါ။ ဆယ့်ငါးမိနစ်လောက်ကြာရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးရုံပါပဲ။

(၂) သံပရိုရည်

သံပရိုရည်က Citric acid ကြွယ်ဝတာကြောင့် အရေပြားအပေါ်လွှာအဆီဂလင်းထဲက အဆီပိုတွေ ထုတ်လုပ်မှုကို ထိန်းပေးပြီး အသားအရေအတွက် ရှိသင့်တဲ့ pH Level ကိုလည်း ထိန်းညှိပေးပါတယ်။ သံပရိုရည်အနည်းငယ်ကို ရေကျက်အေးအနည်းငယ်နဲ့ရောပြီး ဂွမ်းစလေးနဲ့တို့ယူကာ အဆီပြန်တတ်တဲ့နေရာတွေမှာ ခပ်ပါးပါးလေးလိမ်းပေးလိုက်ပါ။ ဆယ့်ငါးမိနစ်လောက်ကြာပီဆိုရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ တစ်ရက်ခြားတစ်ခါ လုပ်ပေးရုံနဲ့ အဆီပြန်တာကို သိသိသာသာ လျော့နည်းလာစေပါတယ်။

(၃) ဒိန်ချဉ်

ဒိန်ချဉ်မှာ Lactic Acid ပါဝင်တာကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။ သကြားမပါတဲ့ ဒိန်ချဉ်အသန့်ကို မျက်နှာအနှံ့ ထူထူလေးလိမ်းပေးပြီး ၁၅ မိနစ်လောက်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ ဒီနည်းလေးကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မျက်နှာအဆီပြန်တာ သိသိသာသာ သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။

(၄) ခရမ်းချဉ်သီး
ဗီတာမင် စီကြွယ်ဝတဲ့ အသီးတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ ခရမ်းချဉ်သီးကလည်း အသားအရေပေါ်က အဆီတွေကို စုပ်ယူပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ခရမ်းချဉ်သီးကို တစ်ဝက်ခြမ်းပြီး အဆီပြန်တဲ့နေရာတွေကို ပွတ်တိုက်ပေးပြီး ဆယ့်ငါးမိနစ်လောက် ထားလိုက်ပါ။ ပြီးရင် ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလေးကိုလည်း နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အဆီပြန်တာနဲ့ အဆီပြန်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကို လျော့နည်းသွားစေပါတယ်။

(၅) ပန်းသီး

ပန်းသီးမှာ malic acid ပါဝင်တာကြောင့် အသားအရေအပေါ်လွှာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။ ကြိတ်ချေထားတဲ့ ပန်းသီးတစ်ဇွန်းနဲ့ သံပရိုရည်အနည်းငယ်ကိုရောပြီး အဆီပြန်တဲ့နေရာတွေမှာ ထူထူလေးလိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက်ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ အဲ့ဒီနည်းလေးကိုတော့ တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

(၆) သခွားသီး

အဆီပြန်တာကို သက်သာစေပြီး ချွေးပေါက်တွေကို ပြန်ကျဉ်းစေတဲ့ အသီးနောက်တစ်မျိုးကတော့ သခွားသီးပါ။ သခွားသီးမှာ ဗီတာမင် အေနဲ့ အီးကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း ပါဝင်တာကြောင့် အဆီပြန်တာကို ထိန်းပေးနိုင်တဲ့အပြင်အသားအရေဆဲလ်အသစ်တွေ ပြန်လည်ဖွဲ့စည်းနိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။ သခွားသီးကို အဝိုင်းလေးတွေ လွှာပြီး မျက်နှာမှာမိနစ်အနည်းငယ်လောက် ပွတ်တိုက်ပေးကာ အိပ်ရာဝင်လိုက်ပါ။ မနက်အိပ်ရာနိုးမှ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ နေ့တိုင်းလုပ်ပေးရင် အဆီပြန်တာနဲ့ တခြားအသားအရေပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

(၇) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကို အဆီပြန်တဲ့နေရာမှာ လိမ်းပေးပြီး မိနစ်နှစ်ဆယ်အကြာမှာ မျက်နှာသစ်ပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးရုံနဲ့ မျက်နှာအဆီပြန်တာနဲ့ ဝက်ခြံ၊ အဆီဖုတွေဖြစ်တာကို တားဆီးပေးနိုင်ပါတယ်။

(၈) ပျားရည်

အဆီပြန်ပြီး ဝက်ခြံတွေထွက်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံးကတော့ ပျားရည်ပါ။ ပျားရည်အနည်းငယ်ကို အဆီပြန်တဲ့နေရာမှာ လိမ်းပေးပြီး ဆယ့်ငါးမိနစ်အကြာမှာ ရေနွေးနဲ့ မျက်နှာသစ်ပေးတာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့နှစ်ကြိမ်လုပ်ပေးရုံနဲ့ မျက်နှာအဆီပြန်တာ၊ ဝက်ခြံတွေထွက်တာကို တဖြည်းဖြည်းသက်သာလာစေမှာပါ။

Credit : aunty may

LEAVE A REPLY