Zawgyi ျဖင့္ဖတ္ရန္

အလြန္ရွားရွားပါးပါး ျဖစ္ေတာင့္ျဖစ္ခဲ မ်ိဳးဗီဇနဲ႔ ဆိုင္တဲ့ “အိုမင္းလြယ္ျခင္း” ေရာဂါ ကို အသက္ ၁၂ ႏွစ္အ႐ြယ္ Adalia Rose William ဆိုတဲ့ သမီးေလးခံစားေနရပါတယ္။ ဒီေရာဂါေၾကာင့္ သူမအသက္ ၆ ႏွစ္အ႐ြယ္မွာ ကိုယ္အေလးခ်ိန္ဟာ ၁၄ ေပါင္ပဲ ရွိၿပီး သူမရဲ႕ ေမြးကာစ ေမာင္ေလးနဲ႔ အေလးခ်ိန္ အတူတူပါပဲ။

မိခင္က သူမအတြက္ ေဖ့စ္ဘြခ္အေကာင့္တစ္ခု ဖြင့္ေပးခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ Adalia တစ္ျဖည္းျဖည္းနဲ႔ အြန္လိုင္းေပၚမွာ နာမည္ႀကီးလာခဲ့ပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ဆိုးဆိုးဝါးဝါး ေရးသားေဝဖန္မႈေတြ ရခဲ့သလို အေကာင္းဘက္ကေန စာနာစိတ္နဲ႔အားေပး ေရးသားၾကတဲ့ ပရိသတ္ေတြလည္း ရလာခဲ့ပါတယ္။ အခုဆိုရင္ ေဖ့စ္ဘြခ္မွာ သူ႔ရဲ႕ပရိသတ္ ၁၃ သန္းေက်ာ္ရွိေနၿပီး YouTube မွာလည္း နားမည္ေက်ာ္ေနပါၿပီ။

 

Adalia ကို ၂၀၀၆ ခုႏွစ္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ တကၠဆက္ျပည္နယ္မွာ ေမြးဖြားခဲ့ပါတယ္။ ေမြးရာပါ ျဖစ္ေတာင့္ျဖစ္ခဲ “အိုမင္းလြယ္ျခင္း” ေရာဂါပါလာခဲ့ပါတယ္။ သူမကို ေမြးဖြားၿပီး ၄ ပတ္သားေလာက္မွာ ကေလးက ပုံမွန္မဟုတ္ဘူးဆိုတာ ဆရာဝန္ေတြ သတိထားမိခဲ့ၾကပါတယ္။

 

ေနာက္ထပ္ ၂ လေလာက္ အၾကာမွာေတာ့ မ်ိဳးဗီဇေၾကာင့္ အိုမင္းလြယ္ ေရာဂါရွိေနတယ္ဆိုတာ သိလိုက္ရတဲ့အခ်ိန္မွာ မိဘေတြ ပူေဆြးေသာက ေရာက္ခဲ့ၾကပါတယ္။ ဒီေရာဂါဟာ တစ္ကမာၻလုံးမွာမွ ကေလး ၅၀၀ ေလာက္မွာသာ ျဖစ္တာေၾကာင့္ အလြန႔္အလြန္ျဖစ္ခဲတဲ့ ေရာဂါလည္းျဖစ္ပါတယ္။ဒီေရာဂါေၾကာင့္ ကေလးဟာ ဆံပင္ေတြမရွိပဲ ကတုံးျဖစ္ေနၿပီး အခ်ိဳ႕ကလည္း သူမကို ေယာက်္ားေလးလို႔ ထင္ၾကပါတယ္။ ဒီလိုကေလးမ်ိဳးေတြဟာ သက္ဆိုးမရွည္ပဲ ၁၃ ႏွစ္ထိေလာက္သာ ေနထိုင္ႏိုင္ၾကတယ္လို႔ Maya Clinic မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ Adalia ကေတာ့ လက္ရွိ အသက္ ၁၂ ႏွစ္ေက်ာ္ အ႐ြယ္ထိ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်န္းက်န္းမာမာနဲ႔ ရွိေနဆဲပါ။

ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ဒီေရာဂါေၾကာင့္ ပညာသင္လို႔လည္း မရသလို တစ္ေယာက္ေယာက္ရဲ႕ အကူညီမပါပဲနဲ႔ ေလွကားထစ္ေတြလည္း မတက္ႏိုင္ပါဘူး၊ ဒါ့အျပင္ ခႏၶာကိုယ္မွာ အဆီမျဖစ္သလို၊ အသံက်ယ္က်ယ္လည္း မထုတ္ႏိုင္(ကာတြန္းကားထဲက အသံမွ်သာ)တဲ့အျပင္ အ႐ိုးအဆစ္ေတြကလည္း မာဆတ္ဆတ္ ျဖစ္ေနပါတယ္။

သူမရဲ႕ မိခင္ျဖစ္တဲ့ Natalia Amozurrutia က Adalia အတြက္ ေဖ့စ္ဘြခ္အေကာင့္ ဖြင့္ေပးခဲ့ၿပီး သူ႔သမီးေလးရဲ႕ ေရာဂါအေျခအေနေတြကိုလည္း ေဝမွ်ခဲ့ပါတယ္။ ဒါ့အျပင္ Adalia ရဲ႕ ဓါတ္ပုံေတြ ဟစ္ေဟာ့ပ္သီခ်င္းေတြနဲ႔ ကတဲ့ ဗီဒီယိုေတြပါ တင္ေပးခဲ့ၿပီးေနာက္မွာ Adalia က အြန္လိုင္း အေက်ာ္အေမာ္ေလး ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ YouTube ခ်န္နယ္တစ္ခုဖြင့္ထားေပးၿပီး သူတို႔ေမာင္ႏွမေတြက အလွအပအေရးရာအေၾကာင္းေတြ သူတို႔ရဲ႕ေန႔စဥ္ လႈပ္ရွားမႈဗီဒီယိုေတြ တင္ေပးေနတာေၾကာင့္ လက္ရွိမွာ ေစာင့္ၾကည့္ေနၾကတဲ့ ပင္တိုင္ပရိသတ္ ၂ သန္းေက်ာ္ရွိေနပါတယ္။

သူရဲ႕မိဘေတြက Adalia ကို ေပ်ာ္႐ႊင္တဲ့ ကေလးတစ္ေယာက္ျဖစ္ေစခ်င္ၿပီး တိုေတာင္းတဲ့ လူ႔ဘဝမွာ မေကာင္းေျပာဆို ေဝဖန္မႈေတြအတြက္ ခံစားဖို႔အခ်ိန္မေပးႏိုင္ဘူးလို႔ဆိုပါတယ္။ အြန္လိုင္းေပၚမွာ မိတ္ေဆြသူငယ္ခ်င္း ျဖစ္ဖို႔ထိုက္တန္တဲ့ လူေကာင္းေတြလည္း အမ်ားႀကီးရွိပါတယ္။ သူတို႔ေတြက Adalia ကို ခ်စ္ၿပီး အားေပးေနၾကပါတယ္လို႔ သူမရဲ႕ ဖခင္(ပေထြး) ျဖစ္တဲ့ Ryan က ေျပာၾကားခဲ့ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အိုမင်းလွယ်ရောဂါ ခံစားနေရတဲ့ ၁၂ နှစ်သမီးလေး အွန်လိုင်းအကျော်အမော်ဖြစ်လာ

အလွန်ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ မျိုးဗီဇနဲ့ ဆိုင်တဲ့ “အိုမင်းလွယ်ခြင်း” ရောဂါ ကို အသက် ၁၂ နှစ်အရွယ် Adalia Rose William ဆိုတဲ့ သမီးလေးခံစားနေရပါတယ်။ ဒီရောဂါကြောင့် သူမအသက် ၆ နှစ်အရွယ်မှာ ကိုယ်အလေးချိန်ဟာ ၁၄ ပေါင်ပဲ ရှိပြီး သူမရဲ့ မွေးကာစ မောင်လေးနဲ့ အလေးချိန် အတူတူပါပဲ။

မိခင်က သူမအတွက် ဖေ့စ်ဘွခ်အကောင့်တစ်ခု ဖွင့်ပေးခဲ့ပြီးနောက်ပိုင်းမှာတော့ Adalia တစ်ဖြည်းဖြည်းနဲ့ အွန်လိုင်းပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ဆိုးဆိုးဝါးဝါး ရေးသားဝေဖန်မှုတွေ ရခဲ့သလို အကောင်းဘက်ကနေ စာနာစိတ်နဲ့အားပေး ရေးသားကြတဲ့ ပရိသတ်တွေလည်း ရလာခဲ့ပါတယ်။ အခုဆိုရင် ဖေ့စ်ဘွခ်မှာ သူ့ရဲ့ပရိသတ် ၁၃ သန်းကျော်ရှိနေပြီး YouTube မှာလည်း နားမည်ကျော်နေပါပြီ။

Adalia ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တက္ကဆက်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးရာပါ ဖြစ်တောင့်ဖြစ်ခဲ “အိုမင်းလွယ်ခြင်း” ရောဂါပါလာခဲ့ပါတယ်။ သူမကို မွေးဖွားပြီး ၄ ပတ်သားလောက်မှာ ကလေးက ပုံမှန်မဟုတ်ဘူးဆိုတာ ဆရာဝန်တွေ သတိထားမိခဲ့ကြပါတယ်။
နောက်ထပ် ၂ လလောက် အကြာမှာတော့ မျိုးဗီဇကြောင့် အိုမင်းလွယ် ရောဂါရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ မိဘတွေ ပူဆွေးသောက ရောက်ခဲ့ကြပါတယ်။ ဒီရောဂါဟာ တစ်ကမ္ဘာလုံးမှာမှ ကလေး ၅၀၀ လောက်မှာသာ ဖြစ်တာကြောင့် အလွန့်အလွန်ဖြစ်ခဲတဲ့ ရောဂါလည်းဖြစ်ပါတယ်။

ဒီရောဂါကြောင့် ကလေးဟာ ဆံပင်တွေမရှိပဲ ကတုံးဖြစ်နေပြီး အချို့ကလည်း သူမကို ယောကျ်ားလေးလို့ ထင်ကြပါတယ်။ ဒီလိုကလေးမျိုးတွေဟာ သက်ဆိုးမရှည်ပဲ ၁၃ နှစ်ထိလောက်သာ နေထိုင်နိုင်ကြတယ်လို့ Maya Clinic မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် Adalia ကတော့ လက်ရှိ အသက် ၁၂ နှစ်ကျော် အရွယ်ထိ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ရှိနေဆဲပါ။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီရောဂါကြောင့် ပညာသင်လို့လည်း မရသလို တစ်ယောက်ယောက်ရဲ့ အကူညီမပါပဲနဲ့ လှေကားထစ်တွေလည်း မတက်နိုင်ပါဘူး၊ ဒါ့အပြင် ခန္ဓာကိုယ်မှာ အဆီမဖြစ်သလို၊ အသံကျယ်ကျယ်လည်း မထုတ်နိုင်(ကာတွန်းကားထဲက အသံမျှသာ)တဲ့အပြင် အရိုးအဆစ်တွေကလည်း မာဆတ်ဆတ် ဖြစ်နေပါတယ်။

သူမရဲ့ မိခင်ဖြစ်တဲ့ Natalia Amozurrutia က Adalia အတွက် ဖေ့စ်ဘွခ်အကောင့် ဖွင့်ပေးခဲ့ပြီး သူ့သမီးလေးရဲ့ ရောဂါအခြေအနေတွေကိုလည်း ဝေမျှခဲ့ပါတယ်။ ဒါ့အပြင် Adalia ရဲ့ ဓါတ်ပုံတွေ ဟစ်ဟော့ပ်သီချင်းတွေနဲ့ ကတဲ့ ဗီဒီယိုတွေပါ တင်ပေးခဲ့ပြီးနောက်မှာ Adalia က အွန်လိုင်း အကျော်အမော်လေး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် YouTube ချန်နယ်တစ်ခုဖွင့်ထားပေးပြီး သူတို့မောင်နှမတွေက အလှအပအရေးရာအကြောင်းတွေ သူတို့ရဲ့နေ့စဉ် လှုပ်ရှားမှုဗီဒီယိုတွေ တင်ပေးနေတာကြောင့် လက်ရှိမှာ စောင့်ကြည့်နေကြတဲ့ ပင်တိုင်ပရိသတ် ၂ သန်းကျော်ရှိနေပါတယ်။

သူရဲ့မိဘတွေက Adalia ကို ပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်ပြီး တိုတောင်းတဲ့ လူ့ဘဝမှာ မကောင်းပြောဆို ဝေဖန်မှုတွေအတွက် ခံစားဖို့အချိန်မပေးနိုင်ဘူးလို့ဆိုပါတယ်။ အွန်လိုင်းပေါ်မှာ မိတ်ဆွေသူငယ်ချင်း ဖြစ်ဖို့ထိုက်တန်တဲ့ လူကောင်းတွေလည်း အများကြီးရှိပါတယ်။ သူတို့တွေက Adalia ကို ချစ်ပြီး အားပေးနေကြပါတယ်လို့ သူမရဲ့ ဖခင်(ပထွေး) ဖြစ်တဲ့ Ryan က ပြောကြားခဲ့ပါတယ်။

Credit : popolay

LEAVE A REPLY