Zawgyi ဖြင့်ဖတ်ရန်




Credit : Shweinlay

Unicode ဖြင့်ဖတ်ရန်

သာယာတဲ့ အချစ်ရေး ကိုပိုင်ဆိုင်ထားတာက လူကိုဝဖြီးလာစေတယ်

National Center for Biotechnology Information ရဲ့လေ့လာတွေ့ရှိချက်အရ အချစ်ရေးမှာပျော်ရွှင်နေတဲ့သူတွေဟာ ခန္တာကိုယ် အလေးချိန် တက်လာတယ်လို့ဆိုပါတယ်။ အတွဲပေါင်း ၁၆၉ တွဲကို ၄ နှစ်ကြာလေ့လာစမ်းသပ်မှုတွေလုပ်ထားပြီး သူတို့ကိုယ် အလေးချိန် ကို ၁နှစ် ၂ ကြိမ်မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့ အတွဲတွေဟာ တခြားကွဲသွားတဲ့အတွဲတွေထက်စာရင်သိသိသာသာ ကိုယ်အလေးချိန်တိုးလာတာကို တွေ့ရပါတယ်။

အကြောင်းအရင်းကတော့ ပျော်ရွှင်နေတဲ့အတွဲတွေက သူ့ချစ်သူ သူ့ကိုအထင်ကြီးဖို့အတွက် ဆွဲဆောင်နေစရာမလိုတော့ စိတ်ချမ်းချမ်းသာသာနေနိုင်လို့ပါ။ အချစ်ရေးမှာ သာယာနေတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာတယ်။ ဒါဟာ ကိုယ့်ချစ်သူကိုသံလိုက်လို အမြဲစွဲထားနိုင်တဲ့ အရည်အချင်းတစ်ခုပေါ့။

ဆန့်ကျင်ဘက်အနေနဲ့ အချစ်ရေးမှာမပျော်ရွှင်တဲ့သူတွေဟာ တခြားသူကိုဆွဲဆောင်နိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ပြီး အမြဲကိုယ်ဟာကိုယ်လှပနေအောင်ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

Credit : Shweinlay

LEAVE A REPLY