Zawgyi ျဖင့္ဖတ္ရန္

ဖိလစ္ပိုင္ႏိုင္ငံ Dagupan City ရွိ PHINMA တကၠသိုလ္တြင္ ႏိုင္ငံေရးသိပၸံဘာသာရပ္နဲ႔ ပညာသင္ၾကားေနတဲ့ အသက္ ၇၅ ႏွစ္အ႐ြယ္ တကၠသိုလ္ေက်ာင္းသားႀကီးရဲ႕ အေၾကာင္းက အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနၿပီး စိတ္ဝင္စားမႈ မ်ားျပားေနပါတယ္။

ဇြန္လ ၁၀ ရက္ တနလၤာေန႔မွာ Christian Monses ဆိုသူက သူ႔ရဲ႕ ေဖ့စ္ဘြခ္ေပၚကေန ဓါတ္ပုံနဲ႔တကြ ေရးသားေဖာ္ျပခဲ့ရာကေန ပ်ံႏွံ႔ခဲ့တာျဖစ္ပါတယ္။
သူ႔ရဲ႕အတန္းေဖာ္ တကၠသိုလ္ေက်ာင္းသားႀကီးရဲ႕ အမည္က “Benjamin Naoe” ျဖစ္ၿပီး သူဟာ လူငယ္တစ္ေယာက္လိုပဲ လွ်င္ျမန္ဖ်တ္လတ္စြာနဲ႔ သုံးထပ္ေက်ာင္းေဆာင္ ေလွကားေပၚေတြကို ခုန္ေက်ာ္တက္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေက်ာင္းတက္ရက္ပထမဆုံးေန႔ လို႔ ေခါင္းစဥ္တပ္ထားတဲ့ သူ႔ရဲ႕ပို႔စ္မွာေတာ့ “ဘြဲ႕ရဖို႔အတြက္ အသက္က အေရးမႀကီးပါဘူး။ ရည္မွန္းခ်က္ပန္းတိုင္ ေနာက္တစ္ခု၊ အိမ္မက္တစ္ခုကေန တစ္ခုကို သြားဖို႔ အိုသြားၿပီ ဆိုတာမရွိပါဘူး” လို႔ ေရးသားထားၿပီး ေက်ာင္းသားႀကီးကို အတုယူၾကဖို႔ ဖိလစ္ပိုင္ဘာသာနဲ႔ ေရးသားခဲ့ပါတယ္။

အဆိုပါ ပိုစ့္ေအာက္မွာ မွတ္ခ်က္ေရးသားသူ ရာေပါင္းမ်ားစြာရွိၿပီး ျပန္လည္ မွ်ေဝသူလည္း ေထာင္နဲ႔ခ်ီၿပီးရွိေနပါတယ္။“ပညာလို အိုသည္မရွိ” လို႔ ေရွးျမန္မာပညာရွိေတြက စကားခ်န္ထားခဲ့ေပမယ့္ ယေန႔ေခတ္ ျမန္မာလူမႈအသိုင္းအဝိုင္းမွာေတာ့ အိုရင္ပယ္တဲ့ ‘အိုပယ္’ စနစ္ေခတ္စားေနၿပီး ‘ဒီအသက္အ႐ြယ္ႀကီးက်မွ..’ အစခ်ီၿပီး အသက္အေတာ္တန္ရလာမွ အျခားပညာရပ္ေတြကို လူငယ္ေတြနဲ႔အတူ ဆည္းပူးမိတဲ့အခါတိုင္း အထူးအဆန္းႀကီးလို ျမင္ေနၾကတဲ့ အျမင္မ်ိဳးေတြ ပေပ်ာက္ေစခ်င္ပါတယ္။

Credit : popoaly

Unicode ဖြင့်ဖတ်ရန်

လေးစား အတုယူစရာ အသက် ၇၅ နှစ်အရွယ် ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းသား

ဖိလစ်ပိုင်နိုင်ငံ Dagupan City ရှိ PHINMA တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပညာသင်ကြားနေတဲ့ အသက် ၇၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားကြီးရဲ့ အကြောင်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပြီး စိတ်ဝင်စားမှု များပြားနေပါတယ်။

ဇွန်လ ၁၀ ရက် တနင်္လာနေ့မှာ Christian Monses ဆိုသူက သူ့ရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ ဓါတ်ပုံနဲ့တကွ ရေးသားဖော်ပြခဲ့ရာကနေ ပျံနှံ့ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့အတန်းဖော် တက္ကသိုလ်ကျောင်းသားကြီးရဲ့ အမည်က “Benjamin Naoe” ဖြစ်ပြီး သူဟာ လူငယ်တစ်ယောက်လိုပဲ လျှင်မြန်ဖျတ်လတ်စွာနဲ့ သုံးထပ်ကျောင်းဆောင် လှေကားပေါ်တွေကို ခုန်ကျော်တက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ကျောင်းတက်ရက်ပထမဆုံးနေ့ လို့ ခေါင်းစဉ်တပ်ထားတဲ့ သူ့ရဲ့ပို့စ်မှာတော့ “ဘွဲ့ရဖို့အတွက် အသက်က အရေးမကြီးပါဘူး။ ရည်မှန်းချက်ပန်းတိုင် နောက်တစ်ခု၊ အိမ်မက်တစ်ခုကနေ တစ်ခုကို သွားဖို့ အိုသွားပြီ ဆိုတာမရှိပါဘူး” လို့ ရေးသားထားပြီး ကျောင်းသားကြီးကို အတုယူကြဖို့ ဖိလစ်ပိုင်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။

အဆိုပါ ပိုစ့်အောက်မှာ မှတ်ချက်ရေးသားသူ ရာပေါင်းများစွာရှိပြီး ပြန်လည် မျှဝေသူလည်း ထောင်နဲ့ချီပြီးရှိနေပါတယ်။“ပညာလို အိုသည်မရှိ” လို့ ရှေးမြန်မာပညာရှိတွေက စကားချန်ထားခဲ့ပေမယ့် ယနေ့ခေတ် မြန်မာလူမှုအသိုင်းအဝိုင်းမှာတော့ အိုရင်ပယ်တဲ့ ‘အိုပယ်’ စနစ်ခေတ်စားနေပြီး ‘ဒီအသက်အရွယ်ကြီးကျမှ..’ အစချီပြီး အသက်အတော်တန်ရလာမှ အခြားပညာရပ်တွေကို လူငယ်တွေနဲ့အတူ ဆည်းပူးမိတဲ့အခါတိုင်း အထူးအဆန်းကြီးလို မြင်နေကြတဲ့ အမြင်မျိုးတွေ ပပျောက်စေချင်ပါတယ်။

Credit : popoaly

LEAVE A REPLY