Zawgyi ဖြင့်ဖတ်ရန်















Credit:santhitsa

Unicode ဖြင့်ဖတ်ရန်

လူ အများစု ဟာ အပြု သ ဘော ဆောင် တဲ့ အတွေးတွေထက် အပျက်သဘောဆောင်တဲ့ အတွေးတွေကို ပိုအ တွေးများပါတယ်။ အပျက် သ ဘောဆောင်တဲ့ အ တွေးတွေဟာ ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေကို အ နှောင့်အယှက်ပြုပါ တယ်။

ကိစ္စတစ်ခုကို မလုပ် ရ သေးဘူး၊ ဖြစ်ပါ့မလား၊ ဟုတ်ပါ့မလားစတဲ့ သံသယစိတ်တွေဝင်၊ ဒီတော့ ကိုယ့်ရဲ့ စိတ်ဓာတ်အင်အားတွေ လျော့၊ စိတ်အားလျော့တော့ အလုပ်ရလဒ်က လိုချင်သလို ထွက်မလာ၊ ဒီလိုတွေ ဖြစ်တတ်ပါ တယ်။ အဲဒီတော့ အပျက် သ ဘောဆောင်တဲ့ အ တွေးတွေကို ဘယ်လိုဖယ်ရှားပစ်မလဲ။

အ တွေးတွေနဲ့ စကားပြောပါ

ကိုယ်နဲ့ ကိုယ့်စိတ်ထဲက အ တွေး အပြန်အလှန် စကားပြောနိုင်ဖို့ လေ့ကျင့်ပါ။ တနည်းပြောရရင် လက်ရှိ ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေသလဲ ဘယ်လို ခံစားနေရသလဲ သိအောင် လုပ်ပါ။ ဥပမာ ကိစ္စတစ်ခုနဲ့ ပတ်သက်လို့ မ ကောင်းတဲ့ စိတ်ပျက်တဲ့ အ တွေးပေါ်လာရင် အဲဒီအ တွေးကို လမ်းကြောင်းမလွှဲလိုက်ပါနဲ့။ ဒီအ တွေးဟာ တကယ်ရော ဖြစ်နိုင်လို့လား၊ ဒါမှမဟုတ် ကိုယ်ကပဲ ထင်ယောင်ထင်မှားနဲ့ စိတ်ပူနေတာလားဆိုတာ ဆန်းစစ်ပါ။

အ ကောင်းမြင်စိတ်ထားရှိသူတွေနဲ့ ပေါင်းသင်းပါ

လူတွေဟာ တူရာစုတတ်တဲ့ သဘောရှိပါတယ်။ ကိုယ်နဲ့ ပေါင်းသင်းနေတဲ့လူတွေဟာ မကြာခဏ စိတ် အား ငယ်ပြီး စိတ် ဓာတ်ကျတတ်တဲ့ သူတွေလားဆိုတာ လေ့လာကြည့်ပါ။ အမြဲတမ်း အပျက် သ ဘောပဲ တွေးနေ၊ ပြောနေတဲ့သူတွေနဲ့ တွဲပါများရင် ကိုယ်ပါ သူတို့ရဲ့ စိတ်ထားတွေ ကူးမှန်းမသိ ကူးစက် လာ တတ်ပါတယ်။ ဒါကြောင့် အ ပေါင်း အ သင်းတွေကို သတိနဲ့ ပေါင်းသင်းဆက်ဆံပါ။

အားလုံးပြီးပြည့်စုံဖို့ မျှော်လင့်မထားပါနဲ့

ပျော်ရွှင်မှု ဆို တာ အချိန် မ ရွေး၊ နေရာမ ရွေး၊ အသက်အရွယ် မ ရွေး ရနိုင်ပါတယ်။ ပျော်ရွှင်မှုရဖို့ လိုအပ်တဲ့ တစ်ခု တည်းသော အချက်က စိတ်ကို ထားတတ်အောင် ထားပေးဖို့ပါပဲ။ စီးပွားရေး အောင်မြင်မှ၊ ကိုယ်လိုချင်တာ အားလုံးပြည့်စုံမှ ပျော်နိုင်မယ်ဆိုတဲ့ အတွေး အထူးသဖြင့် ကိုယ့်ပျော်ရွှင်မှုကို အရာတစ်ခု သို့မဟုတ် လူတစ်ဦးဆီမှာ ပုံအပ်ထားတာဟာ ဆင်ခြင်ဉာဏ်မရှိရာ ရောက်ပါတယ်။

တက်တက်ကြွကြွ အလုပ်လုပ်ပါ

ဘယ်လို အ တွေး လာလာ မတုန်မလှုပ်ပဲ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်သတ္တိမျိုးဆိုတာ လူ သာမန်တွေ တတ်နိုင်တဲ့ အရာ မ ဟုတ် ပါဘူး။ ဒါပေမယ့် မ ကောင်းတဲ့ အ တွေးတွေ တွေးချိန် မရ အောင်၊ တွေးလာခဲ့ရင်လည်း အချိန်အကြာကြီး မ တွေးနိုင်တော့တောင် လုပ်နိုင်တဲ့ နည်းလမ်းတော့ ရှိပါတယ်။ အဲဒါက တော့ အလုပ်ထဲ စိတ်နှစ်ထားတာပါ။ အလုပ်ဟာ လူကို ပြည့်ဝ စေသလို စိတ်ဓာတ်ခွန်အားလည်း ပေးပါတယ်။

ဒါကြောင့် ဝမ်းနည်းစရာ စိတ် မ ကောင်းစရာ တစ်ခုဖြစ်တဲ့အခါ အရုပ်ကြိုးပြတ်ဖြစ်တဲ့အထိ မခံစားချင်ဘူးဆိုရင် အခုကတည်းက ကိုယ်ချစ်တဲ့အလုပ်၊ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ဆရာတစ်ဆူ ဖြစ်လာတဲ့အထိ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနေပါ။

ကောင်းတဲ့ အ တွေးတွေနဲ့ မနက်ခင်းတိုင်းကို အစပြုပါ

မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ပွင့်ချင်းမှာ အ တွေးတွေက စဝင်လာတော့တာပါပဲ။ လူဟာ အ တွေးတွေကို ထိန်း နိုင်ဖို့ တစ်ခုပဲ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အ တွေးတွေကို ထိန်းနိုင်ပြီဆိုရင် ဘဝကိုပါ ထိန်းနိုင်ပြီပဲ ဖြစ်ပါ တယ်။ ဘယ်လိုနည်းနဲ့မဆို ကောင်းတဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေကို တွေးပေး၊ ပြောပေးဖို့ လိုအပ်ပါ တယ်။

ဒါမှသာ အပြု သ ဘော ဆောင်တဲ့ အ တွေး အကြံက နေ အကြံကောင်း၊ ဉာဏ်ကောင်းတွေ ထွက် ပြီး ရလဒ် တွေပါ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြီးပွားတိုးတက်လိုတဲ့ စာဖတ်သူတွေ အ နေနဲ့ မနက် အိပ်ရာထ စမှာ စိတ်ကို တည်ငြိမ်စေမယ့် တရားထိုင်ခြင်း၊ ဘုရားရှစ်ခိုးခြင်း၊ စိတ်ခွန်အားတက်စေတဲ့ စာပိုဒ်၊ အကြောင်းအရာလေးတွေ ဖတ်ပြီး တစ်နေ့တာကို အစပြုသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Credit:santhitsa

LEAVE A REPLY