Zawgyi ျဖင့္ဖတ္ရန္

 

မိန္းကေလး ေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ဝန္ကိုစရွိကတည္းက မသိၾကပဲ လရင့္မွသိၾကပါတယ္။ ဒီအခါ ကေလးအတြက္လိုအပ္တဲ့ အာဟာရေတြနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈကို မခံယူထားတာေၾကာင့္ အာဟာရဓာတ္ေတြ၊ က်န္းမာေရးခ်ိဳ႕တဲ့မႈေတြ ျဖစ္လာတတ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ ကိုယ္ဝန္ရွိေနျပီဆိုတာသိႏိုင္မယ့္ လကၡဏာေတြပါ။

(၁) ေလမဝျခင္း
သင္ဟာ အိမ္ထဲမွာေလရွဴရတာ မလံုေလာက္သလို ခံစားရလုိ႔ အျပင္ထြက္ျပီး ေလေကာင္းေလသန္႔ရွဴေနမိသလား ၊ ဒါမွမဟုတ္ နည္းနည္းေလးလႈပ္ရွားလိုက္တာနဲ႔ ေမာဟုိက္ေနျပီလား … ဒါဆိုရင္ေတာ့ ဒီလိုေတြခံစားရတာဟာ ကိုယ္ဝန္ရွိေနလို႔ ျဖစ္ႏိုင္ပါတယ္။ သေႏၶသားဟာ အဆုတ္နဲ႔ ရင္ဝမ္းတား ၾကြက္သားကို ဖိအားေပးတာေၾကာင့္ ဒီလိုခံစားရတာျဖစ္ပါတယ္။

(၂) ရင္သားမ်ားနာက်င္ျခင္း

ရင္သားေတြ နာက်င္တာ၊ ကိုက္ခဲတာမ်ိဳးေတြဟာလည္း ကိုယ္ဝန္ရဲ႕လကၡဏာေတြထဲကတစ္ခုျဖစ္ပါတယ္။

(၃) ပ်ိဳ႕အန္ျခင္း

ပ်ိဳ႕အန္တာကေတာ့ ပံုမွန္ဆိုကိုယ္ဝန္ ေျခာက္ပတ္ေလာက္မွ စျဖစ္ေပမယ့္ အေစာၾကီးျဖစ္တဲ့သူေတြလည္းရွိပါတယ္။

(၄) ဆီးခဏခဏသြားျခင္း

မၾကာခဏ ဆီးသြားျခင္းဟာလည္း ကိုယ္ဝန္ရဲ႔လကၡဏာတစ္ခုပါ။ အေၾကာင္းကေတာ့ သင့္ခႏၶာကိုယ္ရဲ႕ အရည္ထုတ္လုပ္မႈ ျမင့္တက္လာျပီး ဆီးအိမ္က အလုပ္ေတြပိုလုပ္ေနရလို႔ပါ။

(၅) ေခါင္းကိုက္ျခင္း

ကိုယ္ဝန္ရွိျပီဆိုရင္ ခႏၶာကိုယ္ရဲ႕ေဟာ္မုန္းေတြ ေျပာင္းလဲလာျခင္းေၾကာင့္ ေခါင္းကိုက္တတ္ပါတယ္။

(၆) ခါးနာျခင္း

ခါးနာတာကလည္း ကိုယ္ဝန္ရဲ႕လကၡဏာတစ္ခုပါ။ ခါးမွာရွိတဲ့ အရြတ္ေတြ ေလ်ာ့ရဲစျပဳေနလို႔ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ကိုယ္ဝန္ေၾကာင့္ သင့္ရဲ႕ကိုယ္အေလးခ်ိန္တုိးလာလုိ႔ပါ။

(၇) ခ်ဥ္ျခင္းတက္တာ

အစားအေသာက္ေတြ၊ အထူးသျဖင့္ အခ်ဥ္ေတြကို အငမ္းမရစားခ်င္ေသာက္ခ်င္ေနရင္ေတာ့ ကိုယ္ဝန္ရွိေနလုိ႔ ျဖစ္ႏိုင္ပါတယ္။

(၈) ဝမ္းခ်ဳပ္ျခင္းနဲ႔ ေလပြျခင္း

ဝမ္းခ်ဳပ္ျပီး ဗိုက္ထဲမွာမအီမသာျဖစ္ေနတာဟာ ကိုယ္ဝန္ေၾကာင့္ အစာေျခစနစ္ေႏွာင့္ေႏွးသြားလုိ႔ ျဖစ္ႏိုင္ပါတယ္။

(၉) ေသြးဆင္းျခင္း

သင့္ရာသီလာရက္ မဟုတ္ပဲ ရာသီလာေနပါသလား၊ ရာသီေသြးအေရာင္ကလည္း ပံုမွန္ထက္ပိုေဖ်ာ့ေနပါသလား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ သေႏၶသားေလာင္းက သင့္ရဲ႕ဆီးအိမ္မွာသြားျပီး တြယ္ေနတာေၾကာင့္ ေသြးဆင္းရျခင္းျဖစ္ပါတယ္။ ရာသီေသြးမဆင္းေတာ့တာလည္း ကိုယ္ဝန္ရဲ႕လကၡဏာပါပဲ။

ဒီထက္ပိုျပီးေသခ်ာခ်င္ရင္ ကိုယ္ဝန္စစ္ကိရိယာ(ဆီးစစ္ကိရိယာ)ကိုဝယ္ျပီး ကိုယ္တိုင္စစ္ၾကည့္လိုက္ရင္ ပိုျပီးေသခ်ာပါတယ္။

Credit: Aunty may

Unicode ဖြင့်ဖတ်ရန်

ကိုယ်ဝန်ရှိ၊ မရှိ သေချာပေါက် သိနိုင်မယ့် လက္ခဏာများ

မိန်းကလေး တော်တော်များများဟာ ကိုယ်ဝန်ကိုစရှိကတည်းက မသိကြပဲ လရင့်မှသိကြပါတယ်။ ဒီအခါ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မခံယူထားတာကြောင့် အာဟာရဓာတ်တွေ၊ ကျန်းမာရေးချို့တဲ့မှုတွေ ဖြစ်လာတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ကိုယ်ဝန်ရှိနေပြီဆိုတာသိနိုင်မယ့် လက္ခဏာတွေပါ။

(၁) လေမဝခြင်း
သင်ဟာ အိမ်ထဲမှာလေရှူရတာ မလုံလောက်သလို ခံစားရလို့ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူနေမိသလား ၊ ဒါမှမဟုတ် နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ မောဟိုက်နေပြီလား … ဒါဆိုရင်တော့ ဒီလိုတွေခံစားရတာဟာ ကိုယ်ဝန်ရှိနေလို့ ဖြစ်နိုင်ပါတယ်။ သန္ဓေသားဟာ အဆုတ်နဲ့ ရင်ဝမ်းတား ကြွက်သားကို ဖိအားပေးတာကြောင့် ဒီလိုခံစားရတာဖြစ်ပါတယ်။

(၂) ရင်သားများနာကျင်ခြင်း

ရင်သားတွေ နာကျင်တာ၊ ကိုက်ခဲတာမျိုးတွေဟာလည်း ကိုယ်ဝန်ရဲ့လက္ခဏာတွေထဲကတစ်ခုဖြစ်ပါတယ်။

(၃) ပျို့အန်ခြင်း

ပျို့အန်တာကတော့ ပုံမှန်ဆိုကိုယ်ဝန် ခြောက်ပတ်လောက်မှ စဖြစ်ပေမယ့် အစောကြီးဖြစ်တဲ့သူတွေလည်းရှိပါတယ်။

(၄) ဆီးခဏခဏသွားခြင်း

မကြာခဏ ဆီးသွားခြင်းဟာလည်း ကိုယ်ဝန်ရဲ့လက္ခဏာတစ်ခုပါ။ အကြောင်းကတော့ သင့်ခန္ဓာကိုယ်ရဲ့ အရည်ထုတ်လုပ်မှု မြင့်တက်လာပြီး ဆီးအိမ်က အလုပ်တွေပိုလုပ်နေရလို့ပါ။

(၅) ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ရှိပြီဆိုရင် ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေ ပြောင်းလဲလာခြင်းကြောင့် ခေါင်းကိုက်တတ်ပါတယ်။

(၆) ခါးနာခြင်း

ခါးနာတာကလည်း ကိုယ်ဝန်ရဲ့လက္ခဏာတစ်ခုပါ။ ခါးမှာရှိတဲ့ အရွတ်တွေ လျော့ရဲစပြုနေလို့ဖြစ်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ကြောင့် သင့်ရဲ့ကိုယ်အလေးချိန်တိုးလာလို့ပါ။

(၇) ချဉ်ခြင်းတက်တာ

အစားအသောက်တွေ၊ အထူးသဖြင့် အချဉ်တွေကို အငမ်းမရစားချင်သောက်ချင်နေရင်တော့ ကိုယ်ဝန်ရှိနေလို့ ဖြစ်နိုင်ပါတယ်။

(၈) ဝမ်းချုပ်ခြင်းနဲ့ လေပွခြင်း

ဝမ်းချုပ်ပြီး ဗိုက်ထဲမှာမအီမသာဖြစ်နေတာဟာ ကိုယ်ဝန်ကြောင့် အစာခြေစနစ်နှောင့်နှေးသွားလို့ ဖြစ်နိုင်ပါတယ်။

(၉) သွေးဆင်းခြင်း

သင့်ရာသီလာရက် မဟုတ်ပဲ ရာသီလာနေပါသလား၊ ရာသီသွေးအရောင်ကလည်း ပုံမှန်ထက်ပိုဖျော့နေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ သန္ဓေသားလောင်းက သင့်ရဲ့ဆီးအိမ်မှာသွားပြီး တွယ်နေတာကြောင့် သွေးဆင်းရခြင်းဖြစ်ပါတယ်။ ရာသီသွေးမဆင်းတော့တာလည်း ကိုယ်ဝန်ရဲ့လက္ခဏာပါပဲ။

ဒီထက်ပိုပြီးသေချာချင်ရင် ကိုယ်ဝန်စစ်ကိရိယာ(ဆီးစစ်ကိရိယာ)ကိုဝယ်ပြီး ကိုယ်တိုင်စစ်ကြည့်လိုက်ရင် ပိုပြီးသေချာပါတယ်။

Credit: Aunty may

LEAVE A REPLY