Zawgyi ျဖင့္ဖတ္ရန္

ေဆးပညာဂ်ာနယ္မ်ားတြင္ အခ်က္အလက္ေပါင္းစုံလင္စြာ ေဖာ္ျပထားသည့္ ေလ့လာမႈမ်ားအရ ကုိယ္၀န္ဖ်က္ခ်ျခင္းက အမ်ိဳးသမီးမ်ားကုိ သိသိသာသာ က်န္းမာေရးအႏၲရာယ္ ျဖစ္ေပၚေစ ေၾကာင္း သိရသည္။

ကုိယ္၀န္ဖ်က္ခ်ျခင္းေၾကာင့္ ျဖစ္ေပၚႏုိင္ေသာ က်န္းမာေရး႐ႈပ္ေထြးမႈမ်ားတြင္ ေသြးခဲမ်ားျဖစ္ေပၚျခင္း၊ ေသြးထြက္လြန္ျခင္း၊ ကုိယ္၀န္ဖ်က္ခ်မႈ ရာႏႈန္းျပည့္မၿပီးျပတ္ျခင္း၊ ေရာဂါပိုး၀င္ျခင္း၊ သားအိမ္ေခါင္းႏွင့္ အျခားအဂၤါမ်ား ဒဏ္ရာရျခင္းတို႔ အပါအ၀င္ ခ်က္ခ်င္းလက္ငင္းျပႆနာမ်ား ႀကံဳႏုိင္သည္။

ကုိယ္၀န္ဖ်က္ခ်ျခင္းေၾကာင့္ ႏွလုံးရပ္ျခင္း၊ အသက္႐ွဴရပ္ဆုိုင္း ျခင္း၊ ေက်ာက္ကပ္လုပ္ေဆာင္ခ်က္ ရပ္တန္႔သြားျခင္း၊ ဇီ၀ျဖစ္စဥ္ ကေမာက္ကမျဖစ္ျခင္း၊ ေရွာ့ခ္ျဖစ္ျခင္း၊ သားအိမ္ျပင္ပ၌ သေႏၶတည္ျခင္းတို႔လည္း ျဖစ္ႏုိင္သည္။

ကိုယ္၀န္ဖ်က္ခ်သည့္ အမ်ိဳးသမီးမ်ား၏ ၁၀ ရာခုိင္ႏႈန္းသည္ အထက္ပါ ခ်က္ခ်င္းလက္ငင္း႐ႈပ္ေထြးမႈမ်ားႏွင့္ ႀကံဳေတြ႕ရေလ့ရွိ သည္။

ထုိ႔ျပင္ ယင္း႐ႈပ္ေထြးမႈငါးခုတြင္ တစ္ခုသည္ အသက္အႏၲ ရာယ္ ရွိႏုိင္သည္။

ကုိယ္၀န္ဖ်က္ခ်ျခင္း၏ ႐ုပ္ပုိင္းဆိုင္ရာႏွင့္ စိတ္ပုိင္းဆိုင္ရာ ေရ ရွည္ျပႆနာမ်ားတြင္ ေနာက္တစ္ႀကိမ္ ကုိယ္၀န္ေဆာင္ခ်ိန္၌ လ မေစ့ဘဲေမြးျခင္း၊ အခ်င္းတိုင္က မိခင္၏သားအိမ္ေခါင္းကုိ တစ္စိတ္တစ္ပုိင္း (သုိ႔မဟုတ္) အျပည့္ဖုံးအုပ္ေနျခင္း၊ ျပင္းထန္ေသာ စိတ္ပုိင္းဆုိင္ရာျပႆနာမ်ား၊ ရင္သားကင္ဆာ၊ ကုိယ္၀န္ပ်က္က်ျခင္းႏွင့္ ေသဆုံးျခင္း စေသာ ျပႆနာမ်ားႀကံဳႏုိင္သည္။

ေဆးသြင္းၿပီး ကုိယ္၀န္ဖ်က္ခ်ေသာ အမ်ိဳးသမီးမ်ား၏ ၇၅ ရာ ခုိင္ႏႈန္းသည္ ေနာက္တစ္ႀကိမ္ ကုိယ္၀န္ရွိလာႏုိင္ေၾကာင္း ေလ့လာ မႈမ်ားက ေဖာ္ျပသည္။ ကုိယ္၀န္ဖ်က္ခ်ေသာအမ်ိဳးသမီးမ်ား ေနာက္ ထပ္ကုိယ္၀န္ေဆာင္ခ်ိန္တြင္ လမေစ့ဘဲ ေမြးဖြားႏုိင္သလုိ ကုိယ္၀န္ ဖ်က္ခ်ျခင္းေၾကာင့္ စိတ္ဓာတ္က်ျခင္း၊ စုိးရိမ္စိတ္ႀကီးျခင္းႏွင့္ ကုိယ့္ ကုိယ္ကုိယ္ သတ္ေသျခင္း စသည့္ စိတ္ပုိင္းဆိုင္ရာျပႆနာမ်ား ႀကံဳေတြ႕ႏိုင္သည္။

ကုိယ္၀န္သက္တမ္းရင့္ခ်ိန္ ဖ်က္ခ်ပါက အႏၲရာယ္ပုိမ်ားၿပီး႐ႈပ္ေထြးမႈမ်ား ပိုမိုျဖစ္ႏုိင္သည္။
ထုိ႔ျပင္ ကေလးေမြးရင္း ေသဆုံးမႈထက္ ကုိယ္၀န္ဖ်က္ခ်ရင္း ေသဆုံးမႈက ပုိမ်ားေၾကာင္း သိရသည္။

Credit:က်န္းမာေရး ဆိုင္ရာနည္းလမ္းေကာင္းမ်ားႏွင့္ ဗဟုသုတမ်ား fb မွ

Unicode ဖြင့်ဖတ်ရန်

ဆေးပညာဂျာနယ်များတွင် အချက်အလက်ပေါင်းစုံလင်စွာ ဖော်ပြထားသည့် လေ့လာမှုများအရ ကိုယ်ဝန်ဖျက်ချခြင်းက အမျိုးသမီးများကို သိသိသာသာ ကျန်းမာရေးအန္တရာယ် ဖြစ်ပေါ်စေ ကြောင်း သိရသည်။

ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးရှုပ်ထွေးမှုများတွင် သွေးခဲများဖြစ်ပေါ်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ကိုယ်ဝန်ဖျက်ချမှု ရာနှုန်းပြည့်မပြီးပြတ်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ သားအိမ်ခေါင်းနှင့် အခြားအင်္ဂါများ ဒဏ်ရာရခြင်းတို့ အပါအဝင် ချက်ချင်းလက်ငင်းပြဿနာများ ကြုံနိုင်သည်။

ကိုယ်ဝန်ဖျက်ချခြင်းကြောင့် နှလုံးရပ်ခြင်း၊ အသက်ရှူရပ်ဆိုင်း ခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက် ရပ်တန့်သွားခြင်း၊ ဇီဝဖြစ်စဉ် ကမောက်ကမဖြစ်ခြင်း၊ ရှော့ခ်ဖြစ်ခြင်း၊ သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်းတို့လည်း ဖြစ်နိုင်သည်။

ကိုယ်ဝန်ဖျက်ချသည့် အမျိုးသမီးများ၏ ၁၀ ရာခိုင်နှုန်းသည် အထက်ပါ ချက်ချင်းလက်ငင်းရှုပ်ထွေးမှုများနှင့် ကြုံတွေ့ရလေ့ရှိ သည်။

ထို့ပြင် ယင်းရှုပ်ထွေးမှုငါးခုတွင် တစ်ခုသည် အသက်အန္တ ရာယ် ရှိနိုင်သည်။

ကိုယ်ဝန်ဖျက်ချခြင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ရေ ရှည်ပြဿနာများတွင် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်၌ လ မစေ့ဘဲမွေးခြင်း၊ အချင်းတိုင်က မိခင်၏သားအိမ်ခေါင်းကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်ဖုံးအုပ်နေခြင်း၊ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ ရင်သားကင်ဆာ၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် သေဆုံးခြင်း စသော ပြဿနာများကြုံနိုင်သည်။

ဆေးသွင်းပြီး ကိုယ်ဝန်ဖျက်ချသော အမျိုးသမီးများ၏ ၇၅ ရာ ခိုင်နှုန်းသည် နောက်တစ်ကြိမ် ကိုယ်ဝန်ရှိလာနိုင်ကြောင်း လေ့လာ မှုများက ဖော်ပြသည်။ ကိုယ်ဝန်ဖျက်ချသောအမျိုးသမီးများ နောက် ထပ်ကိုယ်ဝန်ဆောင်ချိန်တွင် လမစေ့ဘဲ မွေးဖွားနိုင်သလို ကိုယ်ဝန် ဖျက်ချခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်ကြီးခြင်းနှင့် ကိုယ့် ကိုယ်ကိုယ် သတ်သေခြင်း စသည့် စိတ်ပိုင်းဆိုင်ရာပြဿနာများ ကြုံတွေ့နိုင်သည်။

ကိုယ်ဝန်သက်တမ်းရင့်ချိန် ဖျက်ချပါက အန္တရာယ်ပိုများပြီးရှုပ်ထွေးမှုများ ပိုမိုဖြစ်နိုင်သည်။
ထို့ပြင် ကလေးမွေးရင်း သေဆုံးမှုထက် ကိုယ်ဝန်ဖျက်ချရင်း သေဆုံးမှုက ပိုများကြောင်း သိရသည်။

Credit:ကျန်းမာရေး ဆိုင်ရာနည်းလမ်းကောင်းများနှင့် ဗဟုသုတများ fb မှ

LEAVE A REPLY