Zawgyi ျဖင့္ဖတ္ရန္

 

2011ခုႏွစ္ Final part1 ႀကိဳ႕ပင္ေကာက္ ကို Field Training ထြက္ရတယ္.. မွတ္မွတ္ရရ February လကေပါ့.. ကၽြန္ေနာ္လဲ ဘယ္ group နဲ႔ join ရမလဲ မသိေတာ့, ၉တန္း ၁၀တန္းထဲက ခင္ခဲ့ တြဲခဲ့တဲ့ သူငယ္ခ်င္း ရဲလင္း ကသူ႔ group ကိုေခၚတယ္..မိန္းခေလး ၅ေယာက္ပါတယ္တဲ့..ေယာကၤ်ားေလး ၉ေယာက္, ပဲရွိေသးတယ္ လိုက္ခဲ့လို႔ရတယ္ဆိုေတာ့, ကၽြန္ေနာ္ လိုက္ဖစ္ခဲ့တယ္..။

တစ္ခါမွလဲ မေတြ႕ဖူးတဲ့ မိန္ခေလး အဖြဲ႕နဲ႔ဆိုေတာ့ စကားလဲ သိပ္မေျပာျဖစ္ၾကဘူး.. ကၽြန္ေနာ္ကိုဆိုေနာက္ဆံုးမွ လာ join လို႔ ေကာင္မေလးေတြက ႏွစ္က် အကိုႀကီးလားမသိဘူး လို႔ေတာင္ေမးေသးတယ္(ပန္ဂ်ာလဲပါတယ္).ျပန္ေတြးေတြးပီးျပံဳးမိတယ္။

အဲ့လိုနဲ႔ ႀကိဳ႕ပင္ေကာက္ေရာက္သြားၾကတယ္, Field trip ပီးရင္ စာေမးပြဲက Mayလမွာရွိေတာ့ စာေတြလဲ စုက်က္. အားတဲ့အခ်ိန္ဆို ဖဲကစား, မွတ္မွတ္ရရ တေန႔မွာ အရက္စုေသာက္ၾကမယ္ဆိုပီး Beer ၂ပုလင္း နဲ႔ Spy ေတြဝယ္လာတယ္..အဲ့တုန္းကကၽြန္ေနာ္ မေသာက္တတ္ေသးဘူး.. ဝိုင္းစၾကေနာက္ၾကနဲ႔, ပန္ဂ်ာက ကၽြန္ေနာ္ကို စတိုက္တယ္, နည္းနည္းေသာက္ၾကည့္ ဘာမွ မျဖစ္ဘူး, မမူးဘူးဆိုပီး ကၽြန္ေနာ္ အဲ့ကစပီး အရက္စေသာက္တတ္သြားတာ အခုခ်ိန္ထိပဲ ထားပါေတာ့။

အဲ့ခ်ိန္ေလာက္ထဲကစပီး သူ႔ကိုကၽြန္ေနာ္ သတိထားမိျဖစ္တယ္, တခုခုဆို သူကိုဂ႐ုတစိုက္လိုက္ၾကည့္ျဖစ္တယ္.. Post Trip တပတ္ကို ကေလာၿမိဳ႕ကို သြားျဖစ္ၾကတယ္.. ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပါပဲ.. ညဘက္ အျပင္ထြက္ေတာ့ ဆိုက္ကယ္စီးၾကမယ္ဆိုပီးေျပာမယ္, သူေမာင္းတတ္တယ္တဲ့.. သူနဲ႔လိုက္စီးတဲ့ ေခၚတယ္.. မစီးျဖစ္ခဲ့ဘူး, ေယာက်ၤားေလး ျဖစ္ဖူး ဆိုက္ကယ္ေတာင္ မစီးတတ္ဘူးဆိုပီး ကၽြန္ေနာ္ကို ေနာက္ေသးတယ္။

အဲ့လိုနဲ႔ ရန္ကုန္ျပန္ေရာက္ေတာ့ သူနဲ႔ ကၽြန္ေနာ္ ဖုန္းေတြေျပာျဖစ္ၾကတယ္.. April ပထမ ပတ္ေလာက္မွာ သူ႔ ၿမိဳ႕ ဗန္ေမာ္ ကိုျပန္တယ္, ဖုန္းထဲမွာ ဘာရယ္မဟုတ္ဘူး ဂ႐ုစိုက္ဖို႔ေတြ အတန္တန္ အျပန္အလန္ မွာတယ္.. မွတ္မွတ္ရရပဲ မွာပီး သိပ္မၾကာဘူး ဆိုက္ကယ္ေမွာက္တယ္ဆိုပီး ဖုန္းဝင္လာတယ္. ကၽြန္ေနာ္ ေတာ္ေတာ္ စိတ္ပူသြားတယ္.. ဘာမွ မျဖစ္ဘူး မ်က္ႏွာေလာက္ပဲ ပြန္းသြားတယ္ဆိုပီး ရယ္ေမာသံေလးနဲ႔ စိတ္မပူနဲ႔ ဆိုပီးျပန္ေျပာတယ္။

2011 April 10 ရက္ေန႔ မွတ္မွတ္ရရပဲ စမ္းေခ်ာင္း လမ္းထိပ္က tea shop (အခုေတာ့ strategy first) ခ်ိန္းပီး သူကိုဖြင့္ေျပာပီး အေျဖေတာင္းျဖစ္တယ္..မ်က္ႏွာမွာ အမာရြတ္ေလးေတြကို သနပ္ခါးေလး ထူထူလိမ္းပီး ကၽြန္ေနာ္ ခ်ိန္းတဲ့ေနရာကို လာေတြ႕ရွာတယ္..ခ်စ္တယ္ဖြင့္ေျပာပီး အေျဖေတာင္းေတာ့ ခ်က္ခ်င္း မေပးဘူး, ရယ္ေနတယ္.. အဲ့လိုနဲ႔ စာေတြက်က္, ဖုန္းေတြ အျပန္အလွန္ေျပာၾကရင္းနဲ႔ စာေမးပြဲေျဖပီး. 2011 May 10ရက္ေန႔မွာ တရားဝင္ ခ်စ္သူျဖစ္ေၾကာင္း, သူ ကၽြန္ေနာ္ကို ေခါင္းၿငိမ့္ပီး လက္ခံခဲ့တယ္.. ေျပာဖို႔တစ္ခု က်န္သြားတယ္, သူ က ခရစ္ယန္, ကၽြန္ေနာ္က ဗုဒၶဘာသာ, သူ ကၽြန္ေနာ္ကို လက္ခံဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးဆိုတာသိတယ္, ဒါေပမယ့္ သူ႔အခ်စ္ေတြ အကုန္ ကၽြန္ေနာ့္ကို ေပးခဲ့တယ္. ကၽြန္ေနာ္ အရမ္းေပ်ာ္တယ္။

ရည္းစားစျဖစ္ေတာ့ ကၽြန္ေနာ့္ကို တစ္ႏွစ္ျပည့္တဲ့ ေန႔မွာ ေမာင္က လြဲပီး ဘယ္သူ႔ကိုမွ မခ်စ္ေတာ့ဘူးတဲ့, ေမာင္နဲ႔ မယူျဖစ္ရင္ေတာင္ သဲ တေယာက္ထဲ ေနသြားမယ္ဆိုပီး ကတိေတြ အထပ္ထပ္ေပးသြားတယ္..ေက်ာင္း သြား ေဆးရံုျပန္, စားအတူ သြားအတူ, မိုးေရထဲလဲ ၃၈ bus ကား ၾကပ္ၾကပ္ညပ္ညပ္တိုးစီး, ၂ေယာက္ေပါင္းလို႔ လက္ထဲ ပိုက္ဆံ ၁၀၀၀ က်န္, သံုးစရာမရွိေတာ့ေတာင္ အတူတူ ရယ္ပီး ေပ်ာ္ခဲ့ၾကဖူးတယ္..ညတိုင္း ဖုန္းေတြ ဆက္, ကၽြန္ေနာ္ႀကီးပဲ ဆက္ရတာမဟုတ္ပါဘူး, သူဘက္ကလဲ ဆက္တယ္, အဲ့တုန္းက MPT ဖဲရွိတယ္ဆိုေတာ့ ၁လ ဖုန္းေဘလ္ ဖိုးက ၄၀၀၀၀-၅၀၀၀၀ ၾကားထဲမွာရွိတယ္. သူဆို ၂၅၀၀၀ ေလာက္လတိုင္းကုန္တယ္.. အိမ္ကေတာက္ ဖုန္းျပန္သိမ္းမယ္လုပ္လို႔, ဖုန္းမဆက္ေတာ့ပဲ. စမ္းေခ်ာင္းကို အိမ္ဦးနဲ႔ ၾကမ္းျပင္ဆိုသလို ည၇နာရီ သူ႔ကိုသြားေတြ႕ ၈နာရီဆို အိမ္ျပန္စာက်က္, အားရင္ အားသလို သြားေတြ႕ျဖစ္တယ္။

စကားမစပ္ သူက သူ႔အေဒၚနဲ႔ေနတာ, ကၽြန္ေနာ္နဲ႔ရည္းစားျဖစ္ေနတာ သူ႔အေဒၚမသိဘူး, ခိုးခိုးေတြ႕ရတာ..ဘာလို႔ ေပးမသိတာလဲလို႔ ေမးေတာ့, ဘာမွ ျပန္မေျပာခဲ့ဘူး.. ဘာသာမတူေတာ့သိသြားရင္ သေဘာမတူမွာစိုးလို႔တဲ့.သိသြားလို႔ ေပးမတြဲေတာ့ရင္ ဘယ္လိုလုပ္မလဲတဲ့.. သူ ကၽြန္ေနာ္ကို ခ်စ္လို႔ အိမ္ကလူေတြ အေဒၚေတြ ကို ေပးမသိတာတဲ့.. အဲ့လို႔ေနာ္ ေက်ာင္းပီးေတာ့ House ဆင္းတယ္, မွတ္မွတ္ရရ ကၽြန္ေနာ္က medicine , သူက surgery မွာ, တစ္ေန႔ သူ႔ night duty မွာ သူ႔နဲ႔ဆင္းတဲ့ တေယာက္က ေနမေကာင္းလို႔ ခြင့္ယူေတာ့ ေနာက္တေယာက္က ေယာကၤ်ားေလး အကိုႀကီး တေယာက္နဲ႔ သူနဲ႔ပဲရွိတယ္တဲ့, ညဘက္ ၂ေယာက္ထဲ မဆင္းရဲဘူး, တခန္းထဲ အတူ မေနခ်င္ဘူးဆိုပီး ဖုန္းဆက္လာေတာ့ ကၽြန္ေနာ္ သူနဲ႔ အတူတူ ၁၃,၁၄ ward မွာ တစ္ညအတူတူသြားဆင္းေပးရတယ္.. ကၽြန္ေနာ္ ညဘက္ ဝင္အိပ္ေတာ့ ျခင္ကိုက္မယ္တဲ့ ေစာင္ျခံဳတဲ့ဆိုပီး ခဏခဏအခန္းထဲကိုလာဝင္ၾကည့္ေပးတယ္။

သူကၽြန္ေနာ့္ကို အရမ္းဂ႐ုစိုက္တယ္.ကၽြန္ေနာ္ မႀကိဳက္တာဆိုလဲ နားေထာင္တယ္, ဘယ္ေတာ့မွ မလုပ္ဘူး.. House ပီးေတာ့ အလုပ္ဝင္မယ္ေျပာတယ္, သူက မိသားစုထဲမွာ သမီး အလတ္, အထက္မွာ အမ တေယာက္ရွိတယ္, ညီမ တေယာက္ရွိတယ္, သူႀကိဳးစားရမယ္တဲ့ မိသားစုထဲမွာ ဆရာဝန္ဆိုလို႔ သူတေယာက္ထဲရွိတာတဲ့.. posting inservice ဝင္မယ္တဲ့, Surgery နဲ႔ OG စိတ္ဝင္စားတယ္တဲ့.. နင္ဝင္ရင္ ငါinservice မဝင္ေတာ့ဘူး, ၂ေယာက္အတူတူ ဝင္ရင္ ပိုက္ဆံ ဘယ္လို ရွာမလဲလို႔, နင္က တလမွ ၂၅၀၀၀၀ ပဲရမွာလို႔, ငါအျပင္မွာပဲရွာေတာ့မယ္လို႔, နင္သာ စာႀကိဳးစားဖတ္လို႔ နင့္ရည္မွန္းခ်က္ ရေအာင္ႀကိဳးစားလို႔. ၂ေယာက္သား တိုင္တိုင္ပင္ပင္နဲ႔ ဘဝရဲ႕ plan ကိုခ်ခဲ့တယ္.. Posting မေခၚခင္ ၂ႏွစ္ေလာက္ၾကားထဲ မွာ သူ႔ၿမိဳ႕သူ ျပန္သြားတယ္။

သူ႔ၿမိဳ႕က ေဆးရံုမွာ သူ MO ဝင္လုပ္တယ္, မိဘကို ရတဲ့ ပိုက္ဆံ ျပန္အပ္တယ္ေျပာတယ္, သူေပ်ာ္တယ္, ကၽြန္ေနာ့္ဆီလဲ ၆လ တစ္ခါလာလာေတြ႕တယ္ သူပိုက္ဆံစုပီး.. ဘဝက rich kids ေတြလို မေခ်ာေမြ႕ခဲ့ဘူး.. posting စေခၚေတာ့ သူဝင္ေျဖတယ္, အေယာက္ ၆၀၀ မွာ ၈၉ ေယာက္ေခၚသြားတယ္, သူပါသြားတယ္, but clinical ဘက္ မဟုတ္ဘူး, teaching ဘက္ျဖစ္ေနလို႔ဆိုပီး, စိတ္မဝင္စားဘူး မဝင္ဘူး ဆိုပီး စာျပန္တင္လိုက္တယ္.ေနာက္ တစ္ေခါက္ထပ္ေျဖတယ္, သူပါတယ္, CWH ကို တာဝန္က်တယ္, OG ပဲေျဖေတာ့မယ္ဆိုပီး အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္တယ္.. ၄နာရီ ဂ်ဴတီ ပီးမယ့္အခ်ိန္ေတာင္ သြားႀကိဳရင္ သူခ်က္ခ်င္းမျပန္ႏိုင္ဘူး, တစ္ခါတေလ ၆နာရီ ထိုင္ေစာင့္ပီး ႀကိဳရတာေတြရွိတယ္။

ကၽြန္ေနာ္ေတာင္သူ႔ကို ေအာ္မိေသးတယ္, နင္ အဲ့လုပ္မႀကိဳးစားနဲ႔ ရတဲ့ လခနဲ႔ မတန္ဘူးဆိုပီး..သူကေတာ့ ျပံဳးျပံဳးေလးပဲ ကၽြန္ေနာ္ လာႀကိဳရင္ အရမ္းေပ်ာ္တယ္, ရယ္ပီး လက္ေျပးခ်ိတ္တယ္.. ကၽြန္ေနာ္လဲ သူ႔အျပံဳးေတြ ရယ္သံေတြေအာက္မွာ ဘာမွ ျပန္မေျပာျဖစ္ခဲ့ဘူး, သူေပ်ာ္ရင္ ပီးတာပဲဆိုပီး.. တစ္ႏွစ္ျပည့္ေတာ့ သူ စာေမးပြဲေျဖတယ္, OG written ေအာင္ခဲ့တယ္, written ဆိုတာ ဘယ္ေလာက္ခက္လဲ ေျဖတဲ့သူတိုင္းသိပါတယ္, ၇၅ေယာက္ေျဖတာ ၃၂ ေယာက္ပဲေအာင္တယ္ ေျပာတယ္.၂ေယာက္ျပန္ျဖဳတ္မယ္လို႔သူေျပာတယ္, သူအရမ္းေၾကာက္ေနခဲ့တယ္။

သူျပဳတ္မလား မသိဘူးလို႔ေတာင္ သူေျပာေသးတယ္.. ထင္တဲ့ အတိုင္းပါပဲ သူ ျပဳတ္က်န္ခဲ့တယ္. ကၽြန္ေနာ္ သူ႔ကို စိတ္တိုပီး ေျပာမိေသးတယ္, နင္ေအာင္ေတာ့ professor ေတြကို သြား မကန္ေတာ့ဘူးလား မလိုက္ဘူးလားဆိုေတာ့, ကၽြန္ေနာ့္ကို သူျပန္ေျပာတယ္, အဲ့လိုမ်ိဳးေတြရွိလို႔လားတဲ့ ငါအမွတ္နည္းလို႔ ငါ ျပဳတ္တာပဲ ေနမွာတဲ့ အဲ့ေလာက္ စိတ္ထား ႐ိုးတဲ့ သူ တစ္ခါမွ မေတြ႕ဖူးဘူး, သူ႔စိတ္ထဲမွာ သူ႔အမွားလို႔ပဲ သူခံယူခဲ့တယ္..ေနျပည္ေတာ္ထိ လိုက္ေသးတယ္, မလုပ္မ႐ွဳပ္ မျပဳတ္ ေတြကေတာ့ ေဘာလီ ေဘာပုတ္ပီး, မေအာင္တဲ့လူေတြကို နယ္ပို႔ေပးခဲ့တယ္။

ဘယ္ေရာက္လဲ ဆိုေတာ့ ဖ်ာပံု တဲ့ CWH က ၆ေယာက္ေလာက္ ပို႔တာဆိုေတာ့ မဖြဲ႕လိုက္ေရာက္သြားတယ္… ရန္ကုန္နဲ႔လဲ မေဝးဘူးဆိုေတာ့ ေပ်ာ္ေနၾကတာ, ငါ အပတ္တိုင္း စေန, တနဂၤေႏြ အားရင္ ျပန္လာခဲ့မယ္တဲ့ ဆိုပီး သူ ေပ်ာ္ေပ်ာ္ႀကီး ဖ်ာပံုကို April မွာ စေျပာင္းပီး တာဝန္ထမ္းေဆာင္ခဲ့တယ္. သူ အရမ္းအဆင္ေျပခဲ့တယ္ ဖ်ာပံုက ေန ဒလကို ကားစီးတယ္, ဒလ ကေန ရန္ကုန္ကို သေဘာၤစီးပီး စေန တနဂၤေႏြ အားရင္ အားသလို ရန္ကုန္ျပန္က်ဴရွင္တက္တယ္.. ဖ်ာပံုက အေၾကာင္းေတြ ကၽြန္ေနာ္ကို အၿမဲေျပာျပတယ္.. SAS အမ ေတြ ဘယ္လို သေဘာေကာင္းတယ္, AS အမ မေဝၿဖိဳးဆို ဘယ္လိုဂ႐ုစိုက္တယ္, အေဆာင္ ေရွ႕ခန္းမွာေနတဲ့ အမ ေအးျမတ္သူ က အရမ္းရယ္ရတယ္တဲ့ အရပ္ပုပုေလးနဲ႔ စကားေျပာရင္ အရမ္းရယ္ရတယ္တဲ့, သူ ကၽြန္ေနာ့္ကို ေျပာျပတယ္။

ပီးခဲ့တဲ့ စေန တနဂၤေႏြ ဘာဂ်ဴတီလဲေမးေတာ့ ဂ်ဴတီ မရွိဘူးတဲ့ GP ထိုင္ရမယ္တဲ့ SAS အမ က ရန္ကုန္ျပန္ေတာ့ သူ႔ ကို အစားထိုင္ခိုင္းလို႔တဲ့.. ဖုန္းဆက္ပီး လူနာဘယ္ႏွေယာက္ရလဲေတာင္ ေမးမိေသးတယ္. ၅ေယာက္ေလာက္ရတယ္တဲ့ သူေပ်ာ္ေနတယ္, ငါ အခု လာမယ့္ စေန ျပန္လာမယ္ေနာ္တဲ့ နင္ဘာဂ်ဴတီလဲတဲ့ မဆံုးခင္ တနလာၤေန႔ ညေန ၇နာရီ မွာ ဖုန္းေျပာျဖစ္ေတာ့ ကၽြန္ေနာ့္ကို ေမးေသးတယ္. သူျပန္လာမယ္ဆိုေတာ့ ကၽြန္ေနာ္ ေပ်ာ္ေနခဲ့တယ္, ၇နာရီ ဖုန္းေျပာေတာ့ သူ ရဲ႕ အသံက အိပ္ခ်င္တဲ့ အသံေပါက္ေနေတာ့, ordinary ဆင္းထားေတာ့ ပင္ပန္းရင္ အိ္ပ္ေတာ့ေလ လို႔ ေျပာလိုက္မိေသးတယ္. ၈ နာရီေလာက္မွ အိမ္က သူ႔အေမ နဲ႔ ဖုန္းေျပာေသးတယ္ လို႔ သူ႔အမက ေျပာတယ္. ၉နာရီမွာ urgent OT ရွိတယ္ assist လိုတယ္ဆိိုလို႔ သူ လိုက္သြားတယ္။

၉-၁၀.၃၀ မွာ တစ္ခု ပီးတယ္ ၁၀.၃၀- ၁၁.၃၀ မွာ ေနာက္တစ္ခု ပီးတယ္. ည၁၁.၃၀ ပီးေတာ့ ဗိုက္ဆာလို႔ဆိုပီး group လိုက္ ၆ေယာက္ , စုပီး ဖ်ာပံု အထြက္ တံတား အေက်ာ္နားက မုန္႔ဆိုင္မွာ မုန္႔စားမယ္ သီခ်င္းသြားဆိုမယ္ဆိုပီး အုပ္စုလိုက္ ထြက္သြားၾကတယ္.. တစ္ခါမွ ကၽြန္ေနာ္ေကာင္မေလး အဲ့လိုအခ်ိန္ အျပင္ မထြက္ဖူးပါဘူး.. ကံၾကမၼာက ဖန္လာေတာ့ အဆြယ္ ေကာင္းတာနဲ႔ ၁၁.၃၀ ႀကီးကို မုန္႔ထြက္စားျဖစ္ၾကတယ္..

၁၀.၃၅မိနစ္မွာ ကၽြန္ေနာ္သူ႔ကို online တစ္ခ်က္ေတြ႕မိလိုက္လို႔ v call ေခၚလိုက္တာ, မမွီလိုက္ပါဘူး offline 4minutes ago ျဖစ္သြားတယ္, ကၽြန္ေနာ္လဲ အိပ္ေနပီထင္ပီး ဖုန္းမဆက္လိုက္မိပါဘူး.. အဲ့လိုနဲ႔ မနက္ ၂နာရီ မွာ ျပန္ၾကတယ္လို႔ေျပာပါတယ္, ကားေမာင္းသူက ကိုေဝယံပါ, သူက အရမ္းသေဘာ ေကာင္းပါတယ္, case ဝင္တာေတာင္ retro case ျဖစ္ေနလို႔ ပန္ဂ်ာ assist လိုက္ဝင္ေပးမယ္ဆိုတာေတာင္ သူက မဝင္နဲ႔တဲ့ တစ္ခုခုျဖစ္သြားရင္ သူမ်ားသားသမီး သူမေလ်ာ္ႏိုင္ဘူးဆိုပီး ေပးမဝင္ခဲ့ပါဘူး။

အခင္းမျဖစ္ခင္ တနလာၤေန႔ မနက္က အေနေအးတဲ့မေအးျမတ္သူ က အရမ္းေပ်ာ္ပီး ရယ္ေနတယ္, သူတို႔ အုပ္စုလိုက္ ဟားတိုက္ပီးရယ္ေနလို႔ ဒီေန႔ AS ေတြ အရမ္းေပ်ာ္ေနၾကပါလားဆိုပီ ေဘးလူေတြ ဆရာမ ေတြကေတာင္ သတိထားမိၾကလို႔ ဘာေတြ အဲ့ေလာက္ေပ်ာ္ေနၾကတာလဲလို႔ေတာင္ လွမ္းေပးမိေသးတယ္လို႔ ၾကားရပါတယ္.. ဘဝ ႀကီးက အရမ္းထူးစမ္းပါတယ္, ၾကမၼာငင္ေတာ့ ညေန ၆နာရီေလာက္မွာ အကင္လုပ္စားၾကမယ္လို႔ plan ထားတာႀကီးက urgent case ၂ခု ဝင္လာေတာ့ ၁၁.၃၀ သြားခဲ့ပါတယ္။

plan ထားတာေတြ အကုန္ျပတ္ပီး ၁၁.၃၀ ေလာက္မွ သီခ်င္းဆို မုန္႔စားၾကမယ္ဆိုပီး ဖ်ာပံုက ေနစထြက္သြားပါေတာ့တယ္…

မနက္ ၆.၁၅ မွာ ကၽြန္ေနာ္ဆီ သူငယ္ခ်င္း ဇင္မင္းထက္က ဖုန္းဆက္လာတယ္, အေရးႀကီးတယ္သားႀကီး ဖုန္းျပန္ေခၚပါဆိုေတာ့, သိလိုက္တာ တစ္ခုကေတာ့ တစ္ခုခုျဖစ္ပီလို႔ အေတြးဝင္လာတာပါပဲ, အဆိုးဆံုးကို မေတြးမိထားပါဘူး.. ဖုန္းဆက္လိုက္ေတာ့ သားႀကီးေရ စိတ္ၿငိမ္ၿငိမ္ထားေနာ္တဲ့ အဲ့စကားၾကားေတာ့ ရင္ထဲ ဒိတ္ခနဲ ျဖစ္သြားတယ္.. ပန္ဂ်ာ car accident ျဖစ္လို႔ဆံုးပီတဲ့ on the spot ပဲတဲ့.. ကၽြန္ေနာ္ ကိ္ုင္ထားတဲ့ ဖုန္းေတာင္လြတ္က်သြားတယ္.. ညဘက္ အျပင္မထြက္တတ္တဲ့လူ တေယာက္က car accident ျဖစ္တယ္ဆိုေတာ့ ေတာ္ေတာ္ေလး ေျခာက္ျခားသြားတယ္, အျပင္ထြက္တိုင္းလဲ အၿမဲ ဖုန္းဆက္တဲ့ ကၽြန္ေနာ့္ေကာင္မေလး ပန္ဂ်ာ. ကၽြန္ေနာ္ လံုးဝကို ထင္မထားခဲ့ဘူး။

ကားေပၚထိုင္တာေတာင္ ေနာက္ဆံုးတန္း ဘယ္ဘက္မွာ ပန္ဂ်ာ ထိုင္တယ္, ညာဘက္မွာ မေအးျမတ္ ထိုင္တယ္..
ကံကို ဆိုးရွာပါတယ္, လူေရြးေခၚတယ္လို႔ပဲ ထင္ပါတယ္, single ၃ေယာက္ ကိုပဲ ေရြးေခၚသြားခဲ့တယ္.. က်န္ခဲ့တဲ့ ၃ေယာက္က အိမ္ေထာင္သည္ တခ်ိဴ႕ဆိုခေလး ေတြရွိၾကတယ္တဲ့။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဖျာပုံ အဖြစ်ဆိုးကြီးကြုံခဲ့တဲ့ ကချင်ဆရာဝန်မလေးရဲ့ ကြေကွဲဝမ်းနည်းစရာ ချစ်ပုံပြင်

2011ခုနှစ် Final part1 ကြို့ပင်ကောက် ကို Field Training ထွက်ရတယ်.. မှတ်မှတ်ရရ February လကပေါ့.. ကျွန်နော်လဲ ဘယ် group နဲ့ join ရမလဲ မသိတော့, ၉တန်း ၁၀တန်းထဲက ခင်ခဲ့ တွဲခဲ့တဲ့ သူငယ်ချင်း ရဲလင်း ကသူ့ group ကိုခေါ်တယ်..မိန်းခလေး ၅ယောက်ပါတယ်တဲ့..ယောင်္ကျားလေး ၉ယောက်, ပဲရှိသေးတယ် လိုက်ခဲ့လို့ရတယ်ဆိုတော့, ကျွန်နော် လိုက်ဖစ်ခဲ့တယ်..။

တစ်ခါမှလဲ မတွေ့ဖူးတဲ့ မိန်ခလေး အဖွဲ့နဲ့ဆိုတော့ စကားလဲ သိပ်မပြောဖြစ်ကြဘူး.. ကျွန်နော်ကိုဆိုနောက်ဆုံးမှ လာ join လို့ ကောင်မလေးတွေက နှစ်ကျ အကိုကြီးလားမသိဘူး လို့တောင်မေးသေးတယ်(ပန်ဂျာလဲပါတယ်).ပြန်တွေးတွေးပီးပြုံးမိတယ်။

အဲ့လိုနဲ့ ကြို့ပင်ကောက်ရောက်သွားကြတယ်, Field trip ပီးရင် စာမေးပွဲက Mayလမှာရှိတော့ စာတွေလဲ စုကျက်. အားတဲ့အချိန်ဆို ဖဲကစား, မှတ်မှတ်ရရ တနေ့မှာ အရက်စုသောက်ကြမယ်ဆိုပီး Beer ၂ပုလင်း နဲ့ Spy တွေဝယ်လာတယ်..အဲ့တုန်းကကျွန်နော် မသောက်တတ်သေးဘူး.. ဝိုင်းစကြနောက်ကြနဲ့, ပန်ဂျာက ကျွန်နော်ကို စတိုက်တယ်, နည်းနည်းသောက်ကြည့် ဘာမှ မဖြစ်ဘူး, မမူးဘူးဆိုပီး ကျွန်နော် အဲ့ကစပီး အရက်စသောက်တတ်သွားတာ အခုချိန်ထိပဲ ထားပါတော့။

အဲ့ချိန်လောက်ထဲကစပီး သူ့ကိုကျွန်နော် သတိထားမိဖြစ်တယ်, တခုခုဆို သူကိုဂရုတစိုက်လိုက်ကြည့်ဖြစ်တယ်.. Post Trip တပတ်ကို ကလောမြို့ကို သွားဖြစ်ကြတယ်.. ပျော်ပျော်ရွှင်ရွှင်ပါပဲ.. ညဘက် အပြင်ထွက်တော့ ဆိုက်ကယ်စီးကြမယ်ဆိုပီးပြောမယ်, သူမောင်းတတ်တယ်တဲ့.. သူနဲ့လိုက်စီးတဲ့ ခေါ်တယ်.. မစီးဖြစ်ခဲ့ဘူး, ယောင်္ကျားလေး ဖြစ်ဖူး ဆိုက်ကယ်တောင် မစီးတတ်ဘူးဆိုပီး ကျွန်နော်ကို နောက်သေးတယ်။

အဲ့လိုနဲ့ ရန်ကုန်ပြန်ရောက်တော့ သူနဲ့ ကျွန်နော် ဖုန်းတွေပြောဖြစ်ကြတယ်.. April ပထမ ပတ်လောက်မှာ သူ့ မြို့ ဗန်မော် ကိုပြန်တယ်, ဖုန်းထဲမှာ ဘာရယ်မဟုတ်ဘူး ဂရုစိုက်ဖို့တွေ အတန်တန် အပြန်အလန် မှာတယ်.. မှတ်မှတ်ရရပဲ မှာပီး သိပ်မကြာဘူး ဆိုက်ကယ်မှောက်တယ်ဆိုပီး ဖုန်းဝင်လာတယ်. ကျွန်နော် တော်တော် စိတ်ပူသွားတယ်.. ဘာမှ မဖြစ်ဘူး မျက်နှာလောက်ပဲ ပွန်းသွားတယ်ဆိုပီး ရယ်မောသံလေးနဲ့ စိတ်မပူနဲ့ ဆိုပီးပြန်ပြောတယ်။

2011 April 10 ရက်နေ့ မှတ်မှတ်ရရပဲ စမ်းချောင်း လမ်းထိပ်က tea shop (အခုတော့ strategy first) ချိန်းပီး သူကိုဖွင့်ပြောပီး အဖြေတောင်းဖြစ်တယ်..မျက်နှာမှာ အမာရွတ်လေးတွေကို သနပ်ခါးလေး ထူထူလိမ်းပီး ကျွန်နော် ချိန်းတဲ့နေရာကို လာတွေ့ရှာတယ်..ချစ်တယ်ဖွင့်ပြောပီး အဖြေတောင်းတော့ ချက်ချင်း မပေးဘူး, ရယ်နေတယ်.. အဲ့လိုနဲ့ စာတွေကျက်, ဖုန်းတွေ အပြန်အလှန်ပြောကြရင်းနဲ့ စာမေးပွဲဖြေပီး. 2011 May 10ရက်နေ့မှာ တရားဝင် ချစ်သူဖြစ်ကြောင်း, သူ ကျွန်နော်ကို ခေါင်းငြိမ့်ပီး လက်ခံခဲ့တယ်.. ပြောဖို့တစ်ခု ကျန်သွားတယ်, သူ က ခရစ်ယန်, ကျွန်နော်က ဗုဒ္ဓဘာသာ, သူ ကျွန်နော်ကို လက်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာသိတယ်, ဒါပေမယ့် သူ့အချစ်တွေ အကုန် ကျွန်နော့်ကို ပေးခဲ့တယ်. ကျွန်နော် အရမ်းပျော်တယ်။

ရည်းစားစဖြစ်တော့ ကျွန်နော့်ကို တစ်နှစ်ပြည့်တဲ့ နေ့မှာ မောင်က လွဲပီး ဘယ်သူ့ကိုမှ မချစ်တော့ဘူးတဲ့, မောင်နဲ့ မယူဖြစ်ရင်တောင် သဲ တယောက်ထဲ နေသွားမယ်ဆိုပီး ကတိတွေ အထပ်ထပ်ပေးသွားတယ်..ကျောင်း သွား ဆေးရုံပြန်, စားအတူ သွားအတူ, မိုးရေထဲလဲ ၃၈ bus ကား ကြပ်ကြပ်ညပ်ညပ်တိုးစီး, ၂ယောက်ပေါင်းလို့ လက်ထဲ ပိုက်ဆံ ၁၀၀၀ ကျန်, သုံးစရာမရှိတော့တောင် အတူတူ ရယ်ပီး ပျော်ခဲ့ကြဖူးတယ်..ညတိုင်း ဖုန်းတွေ ဆက်, ကျွန်နော်ကြီးပဲ ဆက်ရတာမဟုတ်ပါဘူး, သူဘက်ကလဲ ဆက်တယ်, အဲ့တုန်းက MPT ဖဲရှိတယ်ဆိုတော့ ၁လ ဖုန်းဘေလ် ဖိုးက ၄၀၀၀၀-၅၀၀၀၀ ကြားထဲမှာရှိတယ်. သူဆို ၂၅၀၀၀ လောက်လတိုင်းကုန်တယ်.. အိမ်ကတောက် ဖုန်းပြန်သိမ်းမယ်လုပ်လို့, ဖုန်းမဆက်တော့ပဲ. စမ်းချောင်းကို အိမ်ဦးနဲ့ ကြမ်းပြင်ဆိုသလို ည၇နာရီ သူ့ကိုသွားတွေ့ ၈နာရီဆို အိမ်ပြန်စာကျက်, အားရင် အားသလို သွားတွေ့ဖြစ်တယ်။

စကားမစပ် သူက သူ့အဒေါ်နဲ့နေတာ, ကျွန်နော်နဲ့ရည်းစားဖြစ်နေတာ သူ့အဒေါ်မသိဘူး, ခိုးခိုးတွေ့ရတာ..ဘာလို့ ပေးမသိတာလဲလို့ မေးတော့, ဘာမှ ပြန်မပြောခဲ့ဘူး.. ဘာသာမတူတော့သိသွားရင် သဘောမတူမှာစိုးလို့တဲ့.သိသွားလို့ ပေးမတွဲတော့ရင် ဘယ်လိုလုပ်မလဲတဲ့.. သူ ကျွန်နော်ကို ချစ်လို့ အိမ်ကလူတွေ အဒေါ်တွေ ကို ပေးမသိတာတဲ့.. အဲ့လို့နော် ကျောင်းပီးတော့ House ဆင်းတယ်, မှတ်မှတ်ရရ ကျွန်နော်က medicine , သူက surgery မှာ, တစ်နေ့ သူ့ night duty မှာ သူ့နဲ့ဆင်းတဲ့ တယောက်က နေမကောင်းလို့ ခွင့်ယူတော့ နောက်တယောက်က ယောင်္ကျားလေး အကိုကြီး တယောက်နဲ့ သူနဲ့ပဲရှိတယ်တဲ့, ညဘက် ၂ယောက်ထဲ မဆင်းရဲဘူး, တခန်းထဲ အတူ မနေချင်ဘူးဆိုပီး ဖုန်းဆက်လာတော့ ကျွန်နော် သူနဲ့ အတူတူ ၁၃,၁၄ ward မှာ တစ်ညအတူတူသွားဆင်းပေးရတယ်.. ကျွန်နော် ညဘက် ဝင်အိပ်တော့ ခြင်ကိုက်မယ်တဲ့ စောင်ခြုံတဲ့ဆိုပီး ခဏခဏအခန်းထဲကိုလာဝင်ကြည့်ပေးတယ်။

သူကျွန်နော့်ကို အရမ်းဂရုစိုက်တယ်.ကျွန်နော် မကြိုက်တာဆိုလဲ နားထောင်တယ်, ဘယ်တော့မှ မလုပ်ဘူး.. House ပီးတော့ အလုပ်ဝင်မယ်ပြောတယ်, သူက မိသားစုထဲမှာ သမီး အလတ်, အထက်မှာ အမ တယောက်ရှိတယ်, ညီမ တယောက်ရှိတယ်, သူကြိုးစားရမယ်တဲ့ မိသားစုထဲမှာ ဆရာဝန်ဆိုလို့ သူတယောက်ထဲရှိတာတဲ့.. posting inservice ဝင်မယ်တဲ့, Surgery နဲ့ OG စိတ်ဝင်စားတယ်တဲ့.. နင်ဝင်ရင် ငါinservice မဝင်တော့ဘူး, ၂ယောက်အတူတူ ဝင်ရင် ပိုက်ဆံ ဘယ်လို ရှာမလဲလို့, နင်က တလမှ ၂၅၀၀၀၀ ပဲရမှာလို့, ငါအပြင်မှာပဲရှာတော့မယ်လို့, နင်သာ စာကြိုးစားဖတ်လို့ နင့်ရည်မှန်းချက် ရအောင်ကြိုးစားလို့. ၂ယောက်သား တိုင်တိုင်ပင်ပင်နဲ့ ဘဝရဲ့ plan ကိုချခဲ့တယ်.. Posting မခေါ်ခင် ၂နှစ်လောက်ကြားထဲ မှာ သူ့မြို့သူ ပြန်သွားတယ်။

သူ့မြို့က ဆေးရုံမှာ သူ MO ဝင်လုပ်တယ်, မိဘကို ရတဲ့ ပိုက်ဆံ ပြန်အပ်တယ်ပြောတယ်, သူပျော်တယ်, ကျွန်နော့်ဆီလဲ ၆လ တစ်ခါလာလာတွေ့တယ် သူပိုက်ဆံစုပီး.. ဘဝက rich kids တွေလို မချောမွေ့ခဲ့ဘူး.. posting စခေါ်တော့ သူဝင်ဖြေတယ်, အယောက် ၆၀၀ မှာ ၈၉ ယောက်ခေါ်သွားတယ်, သူပါသွားတယ်, but clinical ဘက် မဟုတ်ဘူး, teaching ဘက်ဖြစ်နေလို့ဆိုပီး, စိတ်မဝင်စားဘူး မဝင်ဘူး ဆိုပီး စာပြန်တင်လိုက်တယ်.နောက် တစ်ခေါက်ထပ်ဖြေတယ်, သူပါတယ်, CWH ကို တာဝန်ကျတယ်, OG ပဲဖြေတော့မယ်ဆိုပီး အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်.. ၄နာရီ ဂျူတီ ပီးမယ့်အချိန်တောင် သွားကြိုရင် သူချက်ချင်းမပြန်နိုင်ဘူး, တစ်ခါတလေ ၆နာရီ ထိုင်စောင့်ပီး ကြိုရတာတွေရှိတယ်။

ကျွန်နော်တောင်သူ့ကို အော်မိသေးတယ်, နင် အဲ့လုပ်မကြိုးစားနဲ့ ရတဲ့ လခနဲ့ မတန်ဘူးဆိုပီး..သူကတော့ ပြုံးပြုံးလေးပဲ ကျွန်နော် လာကြိုရင် အရမ်းပျော်တယ်, ရယ်ပီး လက်ပြေးချိတ်တယ်.. ကျွန်နော်လဲ သူ့အပြုံးတွေ ရယ်သံတွေအောက်မှာ ဘာမှ ပြန်မပြောဖြစ်ခဲ့ဘူး, သူပျော်ရင် ပီးတာပဲဆိုပီး.. တစ်နှစ်ပြည့်တော့ သူ စာမေးပွဲဖြေတယ်, OG written အောင်ခဲ့တယ်, written ဆိုတာ ဘယ်လောက်ခက်လဲ ဖြေတဲ့သူတိုင်းသိပါတယ်, ၇၅ယောက်ဖြေတာ ၃၂ ယောက်ပဲအောင်တယ် ပြောတယ်.၂ယောက်ပြန်ဖြုတ်မယ်လို့သူပြောတယ်, သူအရမ်းကြောက်နေခဲ့တယ်။

သူပြုတ်မလား မသိဘူးလို့တောင် သူပြောသေးတယ်.. ထင်တဲ့ အတိုင်းပါပဲ သူ ပြုတ်ကျန်ခဲ့တယ်. ကျွန်နော် သူ့ကို စိတ်တိုပီး ပြောမိသေးတယ်, နင်အောင်တော့ professor တွေကို သွား မကန်တော့ဘူးလား မလိုက်ဘူးလားဆိုတော့, ကျွန်နော့်ကို သူပြန်ပြောတယ်, အဲ့လိုမျိုးတွေရှိလို့လားတဲ့ ငါအမှတ်နည်းလို့ ငါ ပြုတ်တာပဲ နေမှာတဲ့ အဲ့လောက် စိတ်ထား ရိုးတဲ့ သူ တစ်ခါမှ မတွေ့ဖူးဘူး, သူ့စိတ်ထဲမှာ သူ့အမှားလို့ပဲ သူခံယူခဲ့တယ်..နေပြည်တော်ထိ လိုက်သေးတယ်, မလုပ်မရှုပ် မပြုတ် တွေကတော့ ဘောလီ ဘောပုတ်ပီး, မအောင်တဲ့လူတွေကို နယ်ပို့ပေးခဲ့တယ်။

ဘယ်ရောက်လဲ ဆိုတော့ ဖျာပုံ တဲ့ CWH က ၆ယောက်လောက် ပို့တာဆိုတော့ မဖွဲ့လိုက်ရောက်သွားတယ်… ရန်ကုန်နဲ့လဲ မဝေးဘူးဆိုတော့ ပျော်နေကြတာ, ငါ အပတ်တိုင်း စနေ, တနင်္ဂနွေ အားရင် ပြန်လာခဲ့မယ်တဲ့ ဆိုပီး သူ ပျော်ပျော်ကြီး ဖျာပုံကို April မှာ စပြောင်းပီး တာဝန်ထမ်းဆောင်ခဲ့တယ်. သူ အရမ်းအဆင်ပြေခဲ့တယ် ဖျာပုံက နေ ဒလကို ကားစီးတယ်, ဒလ ကနေ ရန်ကုန်ကို သဘောၤစီးပီး စနေ တနင်္ဂနွေ အားရင် အားသလို ရန်ကုန်ပြန်ကျူရှင်တက်တယ်.. ဖျာပုံက အကြောင်းတွေ ကျွန်နော်ကို အမြဲပြောပြတယ်.. SAS အမ တွေ ဘယ်လို သဘောကောင်းတယ်, AS အမ မဝေဖြိုးဆို ဘယ်လိုဂရုစိုက်တယ်, အဆောင် ရှေ့ခန်းမှာနေတဲ့ အမ အေးမြတ်သူ က အရမ်းရယ်ရတယ်တဲ့ အရပ်ပုပုလေးနဲ့ စကားပြောရင် အရမ်းရယ်ရတယ်တဲ့, သူ ကျွန်နော့်ကို ပြောပြတယ်။

ပီးခဲ့တဲ့ စနေ တနင်္ဂနွေ ဘာဂျူတီလဲမေးတော့ ဂျူတီ မရှိဘူးတဲ့ GP ထိုင်ရမယ်တဲ့ SAS အမ က ရန်ကုန်ပြန်တော့ သူ့ ကို အစားထိုင်ခိုင်းလို့တဲ့.. ဖုန်းဆက်ပီး လူနာဘယ်နှယောက်ရလဲတောင် မေးမိသေးတယ်. ၅ယောက်လောက်ရတယ်တဲ့ သူပျော်နေတယ်, ငါ အခု လာမယ့် စနေ ပြန်လာမယ်နော်တဲ့ နင်ဘာဂျူတီလဲတဲ့ မဆုံးခင် တနလာၤနေ့ ညနေ ၇နာရီ မှာ ဖုန်းပြောဖြစ်တော့ ကျွန်နော့်ကို မေးသေးတယ်. သူပြန်လာမယ်ဆိုတော့ ကျွန်နော် ပျော်နေခဲ့တယ်, ၇နာရီ ဖုန်းပြောတော့ သူ ရဲ့ အသံက အိပ်ချင်တဲ့ အသံပေါက်နေတော့, ordinary ဆင်းထားတော့ ပင်ပန်းရင် အိပ်တော့လေ လို့ ပြောလိုက်မိသေးတယ်. ၈ နာရီလောက်မှ အိမ်က သူ့အမေ နဲ့ ဖုန်းပြောသေးတယ် လို့ သူ့အမက ပြောတယ်. ၉နာရီမှာ urgent OT ရှိတယ် assist လိုတယ်ဆိုလို့ သူ လိုက်သွားတယ်။

၉-၁၀.၃၀ မှာ တစ်ခု ပီးတယ် ၁၀.၃၀- ၁၁.၃၀ မှာ နောက်တစ်ခု ပီးတယ်. ည၁၁.၃၀ ပီးတော့ ဗိုက်ဆာလို့ဆိုပီး group လိုက် ၆ယောက် , စုပီး ဖျာပုံ အထွက် တံတား အကျော်နားက မုန့်ဆိုင်မှာ မုန့်စားမယ် သီချင်းသွားဆိုမယ်ဆိုပီး အုပ်စုလိုက် ထွက်သွားကြတယ်.. တစ်ခါမှ ကျွန်နော်ကောင်မလေး အဲ့လိုအချိန် အပြင် မထွက်ဖူးပါဘူး.. ကံကြမ္မာက ဖန်လာတော့ အဆွယ် ကောင်းတာနဲ့ ၁၁.၃၀ ကြီးကို မုန့်ထွက်စားဖြစ်ကြတယ်..

၁၀.၃၅မိနစ်မှာ ကျွန်နော်သူ့ကို online တစ်ချက်တွေ့မိလိုက်လို့ v call ခေါ်လိုက်တာ, မမှီလိုက်ပါဘူး offline 4minutes ago ဖြစ်သွားတယ်, ကျွန်နော်လဲ အိပ်နေပီထင်ပီး ဖုန်းမဆက်လိုက်မိပါဘူး.. အဲ့လိုနဲ့ မနက် ၂နာရီ မှာ ပြန်ကြတယ်လို့ပြောပါတယ်, ကားမောင်းသူက ကိုဝေယံပါ, သူက အရမ်းသဘော ကောင်းပါတယ်, case ဝင်တာတောင် retro case ဖြစ်နေလို့ ပန်ဂျာ assist လိုက်ဝင်ပေးမယ်ဆိုတာတောင် သူက မဝင်နဲ့တဲ့ တစ်ခုခုဖြစ်သွားရင် သူများသားသမီး သူမလျော်နိုင်ဘူးဆိုပီး ပေးမဝင်ခဲ့ပါဘူး။

အခင်းမဖြစ်ခင် တနလာၤနေ့ မနက်က အနေအေးတဲ့မအေးမြတ်သူ က အရမ်းပျော်ပီး ရယ်နေတယ်, သူတို့ အုပ်စုလိုက် ဟားတိုက်ပီးရယ်နေလို့ ဒီနေ့ AS တွေ အရမ်းပျော်နေကြပါလားဆိုပီ ဘေးလူတွေ ဆရာမ တွေကတောင် သတိထားမိကြလို့ ဘာတွေ အဲ့လောက်ပျော်နေကြတာလဲလို့တောင် လှမ်းပေးမိသေးတယ်လို့ ကြားရပါတယ်.. ဘဝ ကြီးက အရမ်းထူးစမ်းပါတယ်, ကြမ္မာငင်တော့ ညနေ ၆နာရီလောက်မှာ အကင်လုပ်စားကြမယ်လို့ plan ထားတာကြီးက urgent case ၂ခု ဝင်လာတော့ ၁၁.၃၀ သွားခဲ့ပါတယ်။

plan ထားတာတွေ အကုန်ပြတ်ပီး ၁၁.၃၀ လောက်မှ သီချင်းဆို မုန့်စားကြမယ်ဆိုပီး ဖျာပုံက နေစထွက်သွားပါတော့တယ်…

မနက် ၆.၁၅ မှာ ကျွန်နော်ဆီ သူငယ်ချင်း ဇင်မင်းထက်က ဖုန်းဆက်လာတယ်, အရေးကြီးတယ်သားကြီး ဖုန်းပြန်ခေါ်ပါဆိုတော့, သိလိုက်တာ တစ်ခုကတော့ တစ်ခုခုဖြစ်ပီလို့ အတွေးဝင်လာတာပါပဲ, အဆိုးဆုံးကို မတွေးမိထားပါဘူး.. ဖုန်းဆက်လိုက်တော့ သားကြီးရေ စိတ်ငြိမ်ငြိမ်ထားနော်တဲ့ အဲ့စကားကြားတော့ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်.. ပန်ဂျာ car accident ဖြစ်လို့ဆုံးပီတဲ့ on the spot ပဲတဲ့.. ကျွန်နော် ကိုင်ထားတဲ့ ဖုန်းတောင်လွတ်ကျသွားတယ်.. ညဘက် အပြင်မထွက်တတ်တဲ့လူ တယောက်က car accident ဖြစ်တယ်ဆိုတော့ တော်တော်လေး ခြောက်ခြားသွားတယ်, အပြင်ထွက်တိုင်းလဲ အမြဲ ဖုန်းဆက်တဲ့ ကျွန်နော့်ကောင်မလေး ပန်ဂျာ. ကျွန်နော် လုံးဝကို ထင်မထားခဲ့ဘူး။

ကားပေါ်ထိုင်တာတောင် နောက်ဆုံးတန်း ဘယ်ဘက်မှာ ပန်ဂျာ ထိုင်တယ်, ညာဘက်မှာ မအေးမြတ် ထိုင်တယ်..
ကံကို ဆိုးရှာပါတယ်, လူရွေးခေါ်တယ်လို့ပဲ ထင်ပါတယ်, single ၃ယောက် ကိုပဲ ရွေးခေါ်သွားခဲ့တယ်.. ကျန်ခဲ့တဲ့ ၃ယောက်က အိမ်ထောင်သည် တချိူ့ဆိုခလေး တွေရှိကြတယ်တဲ့။

share from : burmese.asia

LEAVE A REPLY