Zawgyi ျဖင့္ဖတ္ရန္

ဖိလစ္ပိုင္ႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပျပဳလုပ္မည့္ အႀကိမ္ (၃၀)ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ဆုရေအာင္ စြမ္းေဆာင္ႏိုင္မည့္ ေျပးခုန္ပစ္အားကစားသမားမ်ားအား တိုက္ခန္းတစ္ခန္းႏွင့္ ကားတစ္စီး ဆုခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေပးခုန္ပစ္အဖြဲ႕ခ်ဳပ္မွ သတင္းရရွိသည္။

“ကြၽန္ေတာ္တို႔ ကစားသမားအေနနဲ႔ ထိုက္တန္တဲ့ ဆုေၾကးေငြရရွိမွသာ ဘဝရပ္တည္ေရး ခိုင္မာလာႏိုင္မွာျဖစ္လို႔ မ်ိဳးဆက္သစ္ကစားသမားေတြလည္း ေပၚထြက္လာမွာ ျဖစ္ပါတယ္။ ေ႐ႊရဖို႔က တကယ္မလြယ္တဲ့ကစားနည္းပါ။ မလြယ္ လို႔လည္းေပးတာ မဟုတ္ပါဘူး။ အားကစားေလာက အားကစားနည္းေတြ အားက် လာေအာင္၊ သူတို႔ရဲ႕ ဘဝေျပာင္းလဲသြားေအာင္ အဖြဲ႕ခ်ဳပ္ဥကၠ႒က တိုက္ခန္းတစ္ခန္း၊ ဒုတိယဥကၠ႒ ကားတစ္စီးခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္” ဟု အတြင္းေရးမႉး ဦးေက်ာ္ထူးေအာင္က ေျပာၾကားခဲ့သည္။

“ေျပးခုန္ပစ္အဖြဲ႕ခ်ဳပ္အသစ္ တာဝန္ယူတာ ေျခာက္လရွိၿပီ။ ဆီးဂိမ္းေလ့က်င့္ရတဲ့အခ်ိန္က နည္းေသးတယ္။ အခုေနျပည္ေတာ္မွာ လူေ႐ြးပြဲလုပ္ေနတယ္။ စခန္းသြင္းထားတာ ကစားသမား ၉၀ ေက်ာ္ ေ႐ြးထားတယ္။ ဆန္ခါတင္လူေ႐ြးပြဲမွာ အရင္ႏွစ္ အေရွ႕ေတာင္အာရွ စံခ်ိန္ေပၚမွာမူတည္ၿပီး ေ႐ြးမယ္။ ၁၊ ၂၊ ၃ ရတဲ့သူက ႏိုင္ငံေတာ္စရိတ္နဲ႔ေပါ့။ ၄၊ ၅၊ ၆ ရတဲ့ သူက အဖြဲ႕ခ်ဳပ္စရိတ္ေပါ့။ အတန္းမဝင္ဘူး။ အလားအလာရွိတဲ့ ကစားသမားကို အား/ကာ ဦးစီးဌာနနဲ႔ညႇိႏႈိင္းၿပီး စခန္းသြင္း
သြားမွာျဖစ္တယ္။ ဒါေၾကာင့္ အပိုင္း သုံးပိုင္းခြဲထားတာ ျဖစ္ပါတယ္” ဟု အတြင္းေရးမႉးက ဆက္လက္ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံေျပးခုန္ပစ္အဖြဲ႕ခ်ဳပ္မွ အားကစားသမားမ်ားသည္ ေနျပည္ေတာ္၌ ဇြန္ ၁၉ ရက္တြင္ ကြင္းတြင္းၿပိဳင္ပြဲမ်ားၿပီးဆုံးၿပီး ဇြန္ ၂၁ ရက္တြင္ မာရသြန္ လူေ႐ြးပြဲ ႏွင့္ ဇြန္လေနာက္ဆုံးပတ္ႏွင့္ဇူလိုင္လပထမပတ္တြင္ အၿပီးသတ္လူစာရင္း ထုတ္ျပန္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

အႀကိမ္(၃၀)ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ Southeast Asia Games 2019 ကို လာမည့္ ႏိုဝင္ဘာ ၃၀ မွ ဒီဇင္ဘာ ၁၁ ရက္ေန႔ထိ ဖိလစ္ပိုင္ႏိုင္ငံတြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

သတင္း − အာကာစိုး(ျမန္မာ့အလင္း)
share from : popolay

Unicode ဖြင့်ဖတ်ရန်

ဆီးဂိမ်း တွင် ရွှေတံဆိပ် ရရှိသည့် ပြေးခုန်ပစ်ကစားသမားများအား တိုက်ခန်းတစ်ခန်း ကား တစ်စီး ဆုချီးမြှင့်မည်

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရအောင် စွမ်းဆောင်နိုင်မည့် ပြေးခုန်ပစ်အားကစားသမားများအား တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီး ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပေးခုန်ပစ်အဖွဲ့ချုပ်မှ သတင်းရရှိသည်။

“ကျွန်တော်တို့ ကစားသမားအနေနဲ့ ထိုက်တန်တဲ့ ဆုကြေးငွေရရှိမှသာ ဘဝရပ်တည်ရေး ခိုင်မာလာနိုင်မှာဖြစ်လို့ မျိုးဆက်သစ်ကစားသမားတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ရွှေရဖို့က တကယ်မလွယ်တဲ့ကစားနည်းပါ။ မလွယ် လို့လည်းပေးတာ မဟုတ်ပါဘူး။ အားကစားလောက အားကစားနည်းတွေ အားကျ လာအောင်၊ သူတို့ရဲ့ ဘဝပြောင်းလဲသွားအောင် အဖွဲ့ချုပ်ဥက္ကဋ္ဌက တိုက်ခန်းတစ်ခန်း၊ ဒုတိယဥက္ကဋ္ဌ ကားတစ်စီးချီးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ဦးကျော်ထူးအောင်က ပြောကြားခဲ့သည်။

“ပြေးခုန်ပစ်အဖွဲ့ချုပ်အသစ် တာဝန်ယူတာ ခြောက်လရှိပြီ။ ဆီးဂိမ်းလေ့ကျင့်ရတဲ့အချိန်က နည်းသေးတယ်။ အခုနေပြည်တော်မှာ လူရွေးပွဲလုပ်နေတယ်။ စခန်းသွင်းထားတာ ကစားသမား ၉၀ ကျော် ရွေးထားတယ်။ ဆန်ခါတင်လူရွေးပွဲမှာ အရင်နှစ် အရှေ့တောင်အာရှ စံချိန်ပေါ်မှာမူတည်ပြီး ရွေးမယ်။ ၁၊ ၂၊ ၃ ရတဲ့သူက နိုင်ငံတော်စရိတ်နဲ့ပေါ့။ ၄၊ ၅၊ ၆ ရတဲ့ သူက အဖွဲ့ချုပ်စရိတ်ပေါ့။ အတန်းမဝင်ဘူး။ အလားအလာရှိတဲ့ ကစားသမားကို အား/ကာ ဦးစီးဌာနနဲ့ညှိနှိုင်းပြီး စခန်းသွင်း
သွားမှာဖြစ်တယ်။ ဒါကြောင့် အပိုင်း သုံးပိုင်းခွဲထားတာ ဖြစ်ပါတယ်” ဟု အတွင်းရေးမှူးက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အားကစားသမားများသည် နေပြည်တော်၌ ဇွန် ၁၉ ရက်တွင် ကွင်းတွင်းပြိုင်ပွဲများပြီးဆုံးပြီး ဇွန် ၂၁ ရက်တွင် မာရသွန် လူရွေးပွဲ နှင့် ဇွန်လနောက်ဆုံးပတ်နှင့်ဇူလိုင်လပထမပတ်တွင် အပြီးသတ်လူစာရင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Southeast Asia Games 2019 ကို လာမည့် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

သတင်း − အာကာစိုး(မြန်မာ့အလင်း)
share from : popolay

LEAVE A REPLY