Zawgyi ျဖင့္ဖတ္ရန္

ညသန္းေခါင္ေက်ာ္ေလာက္ႀကီး တစ္ေယာက္တည္း အိမ္ျပန္ခဲ့ရတာေတြ ရွိခဲ့ဖူးမွာပါ။ ခရီးကေန ျပန္လာလို႔ပဲျဖစ္ျဖစ္၊ သူငယ္ခ်င းေတြနဲ႔အေပ်ာ္လြန္ၿပီးေနာက္က်သြားတာပဲျဖစ္ျဖစ္ ညအခ်ိန္မေတာ္ တကၠစီနဲ႔ အိမ္ျပန္ဖူးၾကပါလိမ့္မယ္။

အဲဒီအခ်ိန္ႀကီးမွာ ကိုယ္က တစ္ေယာက္တည္း တကၠစီ စီးေနရေပမယ့္ ဆိုးသြမ္းတဲ့တကၠစီသမားတစ္ေယာက္ေယာက္နဲ႔မ်ားေတြ႕ၿပီး ပိုက္ဆံပဲအလုခံရမလား၊ ကိုယ့္ဆီမွာရွိတာေတြ ယူထားလိုက္ၿပီးကားေပၚကေန ကန္ခ်ထားခဲ့မလား ဆိုတာ စိတ္ထဲမွာ ခဏေတာ့ ေတြးမိၾကမွာပါ။

တခ်ိဳ႕တကၠစီသမားေတြက လူေကာင္းေတြျဖစ္ၿပီး ေစာင့္ေရွာက္တတ္သူေတြျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ အခြင့္အေရးယူသူေတြ ျဖစ္ႏိုင္ပါတယ္။ ဒီေတာ့ ညအခ်ိန္မေတာ္ႀကီး တကၠစီ စီးဖို႔ ျဖစ္လာတဲ့အခါ ဒီနည္းလမ္း(၃)ခုကိုသာ သုံးၾကည့္ပါ။ သင္ အိမ္ကို အလုံၿခဳံဆုံး ျပန္ေရာက္သြားပါလိမ့္မယ္ေနာ္။

(၁)။ ကားထဲမွာ အျခားလူတစ္ေယာက္ပါ၊မပါ အရင္ၾကည့္ပါ ။

သင္စီးမယ့္ကားထဲမွာ ကားေမာင္းသူအျပင္ အျခားတစ္ေယာက္ ရွိေနမယ္ဆိုရင္ အဲဒီကားကို လုံးဝမစီးတာအေကာင္းဆုံးပါ။ တကယ္လို႔ လမ္းမွာတစ္စုံတစ္ခု အမွားအယြင္းရွိခဲ့ရင္ေတာင္ တစ္ဦးခ်င္းရင္ဆိုင္ရတာက သင့္အတြက္ ပိုေကာင္းမွာပါ။

ကားေမာင္းသူနဲ႔အတူ ေနာက္တစ္ေယာက္ အတူရွိေနတာမ်ိဳးက သင့္ရဲ႕စိုးရိမ္မႈကို တစ္ခ်ိန္လုံးတြန္းအားေပးေနသလို ျဖစ္ေနမွာမို႔ တစ္ဦးထက္ပိုၿပီး ကားေပၚမွာရွိေနခဲ့ရင္ ေနာက္တစ္စီးငွားလိုက္တာက အေကာင္းဆုံးပါပဲ။

(၂)။ ကားေပၚတက္တာနဲ႔ဖုန္းဆက္ပါ ။

ကားေပၚတက္လိုက္ၿပီဆိုတာနဲ႔ သင့္ရဲ႕မိသားစုဝင္တစ္ေယာက္ေယာက္၊ ဒါမွမဟုတ္ သင့္ရဲ႕သူငယ္ခ်င္းတစ္ေယာက္ေယာက္ဆီ ဖုန္းဆက္ၿပီး သင္ဘယ္ေနရာကေန ကားငွားလာၿပီဆိုတဲ့အေၾကာင္း အသိေပးပါ။

ဒီလိုအသိေပးျခင္းက သင့္ရဲ႕အိမ္အျပန္ကိုေစာင့္ေနတဲ့သူတစ္ေယာက္ ရွိေနတယ္လို႔ ေဖာ္ျပလိုက္တာပဲျဖစ္ၿပီး လမ္းမွာ တစ္စုံတစ္ခုျဖစ္ခဲ့ရင္ ကူညီမယ့္သူတစ္ေယာက္ အဆင္သင့္ရွိေနတယ္လို႔ ေဖာ္ျပလိုက္တာလည္းျဖစ္ပါတယ္။

ကားငွားၿပီဆိုတာနဲ႔ ကားနံပတ္ကို အရင္မွတ္ထားၿပီး မိသားစုဆီ၊ ဒါမွမဟုတ္ သူငယ္ခ်င္းေတြဆီ မက္ေဆ့ခ်္ပို႔ဖို႔ မေမ့ပါနဲ႔။ ဒီနည္းက သင္တစ္ခုခုျဖစ္ခဲ့တယ္ဆိုရင္ေတာင္ သင့္အတြက္ အေထာက္အကူျဖစ္မွာျဖစ္ၿပီး ဒီကားနံပတ္ကတစ္ဆင့္ ျပန္လည္စုံစမ္းလို႔ရပါလိမ့္မယ္။

(၃)။ အငွားဝန္ေဆာင္မႈကုမၸဏီေတြကိုသုံးပါ ။

ဒီေန႔ေခတ္ ရန္ကုန္မွာေတာ့ ကားအငွားဝန္ေဆာင္မႈေတြမ်ားလာၾကပါၿပီ။ ကိုယ္သြားခ်င္တဲ့ခရီးကို App မွာ ႐ိုက္ထည့္လိုက္ၿပီး ခလုတ္ႏွိပ္လိုက္႐ုံနဲ႔ ကားတစ္စီးက သင့္ဆီကို အဆင္သင့္ေရာက္လာႏိုင္တာမ်ိဳးပါ။

ဒီေတာ့ ညသန္းေခါင္မွာ တစ္ေနရာရာသြားဖို႔လိုလာၿပီျဖစ္ရင္ တရားဝင္ ကားအငွားဝန္ေဆာင္မႈေတြကို သုံးတာအေကာင္းဆုံးပါပဲ။ သူတို႔ဆီမွာ သက္ဆိုင္ရာ ကားသမားေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို မွတ္ပုံတင္ထားၿပီးသား ျဖစ္တာမို႔ သင့္အတြက္ အလုံၿခဳံဆုံးျဖစ္မွာပါ။

Credit:santhitsa

Unicode ဖြင့်ဖတ်ရန်

ညသန်းခေါင်ကျော်လောက်ကြီး တစ်ယောက်တည်း အိမ်ပြန်ခဲ့ရတာတွေ ရှိခဲ့ဖူးမှာပါ။ ခရီးကနေ ပြန်လာလို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့အပျော်လွန်ပြီးနောက်ကျသွားတာပဲဖြစ်ဖြစ် ညအချိန်မတော် တက္ကစီနဲ့ အိမ်ပြန်ဖူးကြပါလိမ့်မယ်။

အဲဒီအချိန်ကြီးမှာ ကိုယ်က တစ်ယောက်တည်း တက္ကစီ စီးနေရပေမယ့် ဆိုးသွမ်းတဲ့တက္ကစီသမားတစ်ယောက်ယောက်နဲ့များတွေ့ပြီး ပိုက်ဆံပဲအလုခံရမလား၊ ကိုယ့်ဆီမှာရှိတာတွေ ယူထားလိုက်ပြီးကားပေါ်ကနေ ကန်ချထားခဲ့မလား ဆိုတာ စိတ်ထဲမှာ ခဏတော့ တွေးမိကြမှာပါ။

တချို့တက္ကစီသမားတွေက လူကောင်းတွေဖြစ်ပြီး စောင့်ရှောက်တတ်သူတွေဖြစ်ပေမယ့် တချို့ကတော့ အခွင့်အရေးယူသူတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ ညအချိန်မတော်ကြီး တက္ကစီ စီးဖို့ ဖြစ်လာတဲ့အခါ ဒီနည်းလမ်း(၃)ခုကိုသာ သုံးကြည့်ပါ။ သင် အိမ်ကို အလုံခြုံဆုံး ပြန်ရောက်သွားပါလိမ့်မယ်နော်။

(၁)။ ကားထဲမှာ အခြားလူတစ်ယောက်ပါ၊မပါ အရင်ကြည့်ပါ ။

သင်စီးမယ့်ကားထဲမှာ ကားမောင်းသူအပြင် အခြားတစ်ယောက် ရှိနေမယ်ဆိုရင် အဲဒီကားကို လုံးဝမစီးတာအကောင်းဆုံးပါ။ တကယ်လို့ လမ်းမှာတစ်စုံတစ်ခု အမှားအယွင်းရှိခဲ့ရင်တောင် တစ်ဦးချင်းရင်ဆိုင်ရတာက သင့်အတွက် ပိုကောင်းမှာပါ။

ကားမောင်းသူနဲ့အတူ နောက်တစ်ယောက် အတူရှိနေတာမျိုးက သင့်ရဲ့စိုးရိမ်မှုကို တစ်ချိန်လုံးတွန်းအားပေးနေသလို ဖြစ်နေမှာမို့ တစ်ဦးထက်ပိုပြီး ကားပေါ်မှာရှိနေခဲ့ရင် နောက်တစ်စီးငှားလိုက်တာက အကောင်းဆုံးပါပဲ။

(၂)။ ကားပေါ်တက်တာနဲ့ဖုန်းဆက်ပါ ။

ကားပေါ်တက်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့မိသားစုဝင်တစ်ယောက်ယောက်၊ ဒါမှမဟုတ် သင့်ရဲ့သူငယ်ချင်းတစ်ယောက်ယောက်ဆီ ဖုန်းဆက်ပြီး သင်ဘယ်နေရာကနေ ကားငှားလာပြီဆိုတဲ့အကြောင်း အသိပေးပါ။

ဒီလိုအသိပေးခြင်းက သင့်ရဲ့အိမ်အပြန်ကိုစောင့်နေတဲ့သူတစ်ယောက် ရှိနေတယ်လို့ ဖော်ပြလိုက်တာပဲဖြစ်ပြီး လမ်းမှာ တစ်စုံတစ်ခုဖြစ်ခဲ့ရင် ကူညီမယ့်သူတစ်ယောက် အဆင်သင့်ရှိနေတယ်လို့ ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။

ကားငှားပြီဆိုတာနဲ့ ကားနံပတ်ကို အရင်မှတ်ထားပြီး မိသားစုဆီ၊ ဒါမှမဟုတ် သူငယ်ချင်းတွေဆီ မက်ဆေ့ချ်ပို့ဖို့ မမေ့ပါနဲ့။ ဒီနည်းက သင်တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တောင် သင့်အတွက် အထောက်အကူဖြစ်မှာဖြစ်ပြီး ဒီကားနံပတ်ကတစ်ဆင့် ပြန်လည်စုံစမ်းလို့ရပါလိမ့်မယ်။

(၃)။ အငှားဝန်ဆောင်မှုကုမ္ပဏီတွေကိုသုံးပါ ။

ဒီနေ့ခေတ် ရန်ကုန်မှာတော့ ကားအငှားဝန်ဆောင်မှုတွေများလာကြပါပြီ။ ကိုယ်သွားချင်တဲ့ခရီးကို App မှာ ရိုက်ထည့်လိုက်ပြီး ခလုတ်နှိပ်လိုက်ရုံနဲ့ ကားတစ်စီးက သင့်ဆီကို အဆင်သင့်ရောက်လာနိုင်တာမျိုးပါ။

ဒီတော့ ညသန်းခေါင်မှာ တစ်နေရာရာသွားဖို့လိုလာပြီဖြစ်ရင် တရားဝင် ကားအငှားဝန်ဆောင်မှုတွေကို သုံးတာအကောင်းဆုံးပါပဲ။ သူတို့ဆီမှာ သက်ဆိုင်ရာ ကားသမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ထားပြီးသား ဖြစ်တာမို့ သင့်အတွက် အလုံခြုံဆုံးဖြစ်မှာပါ။

Credit:santhitsa

LEAVE A REPLY