Zawgyi ဖြင့်ဖတ်ရန်

 



 

 



Unicode ဖြင့်ဖတ်ရန်

(၁)နှစ်လောက်မဖျက်ပဲထားခဲ့တဲ့ Justin နဲ့ နောက်ဆုံးသော စုံတွဲပုံကို Instagram ကနေ ဖျက်ပစ်လိုက်တဲ့ Selena Gomez

ကမ္ဘာပေါ်မှာ အလိုက်ဖက်ဆုံးစုံတွဲတွေလို့ ပရိသတ်တော်တော်များများလက်ခံခဲ့ကြတဲ့ Justin Beiber နဲ့ Selena Gomez တို့စုံတွဲကို ပြန်လည်ပေါင်းစည်းစေချင်ကြမှာပါ။ တစ်ယောက်ကိုတစ်ယောက် ချစ်လျက်နဲ့ လမ်းခွဲခဲ့တဲ့ သူတို့စုံတွဲလေးရဲ့ အချစ်ဇာတ်လမ်းလေးဟာ ယနေ့ချိန်ထိ ပရိသတ်တွေကြားမှာ ပြောစမှတ်ပြုနေဆဲဖြစ်ပါတယ်။

မော်ဒယ် Hailey Baldwin နဲ့ Justin လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကြောင့်လည်း Selena တစ်ယောက် စိတ်ကျန်းမာရေးအတွက် ဆေးရုံတက်ရသည်ထိ ပြိုလဲခဲ့ရသလို Selena ကြောင့် ငိုနေတဲ့ Justin ကို နားလည်မှုအပြည့်နဲ့ Hailey က ပြန်လည် နှစ်သိမ့်ပေးရတဲ့ထိ အိမ်ထောင်ရေးမှာလည်း အဖုအထစ်တချို့ ဖြစ်ပေါ်ခဲ့တဲ့ထိ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း(၈) နှစ်သက်တမ်းရှိခဲ့တဲ့ အချစ်ဟောင်း Justin ကို မမေ့နိုင်ပဲ ရှိနေဆဲဖြစ်တဲ့ Selena ဟာ (၂၀၁၈)ခုနှစ် ၊မတ်လ(၁)ရက်နေ့ မှာ Justin အတွက် မွေးနေ့ဆုတောင်း post ကို မဖျက်ပဲ (၁) နှစ်ဝန်းကျင်လောက် ထားရှိခဲ့တာဖြစ်ပြီး “March 1, 1994 someone I knew that happens to be super cool was born. Boom.” လို့ Caption တပ်ထားတဲ့ Justin အတွက် မွေးနေ့ ဆုတောင်းမှာ Justin ဓာတ်ပုံကို နဖူးပေါ်တင်ပြီး အားပါရတ ပြုံးကာ နောက်ကိုမှီနေတဲ့ပုံလေး ဖြစ်ပါတယ်။ Selena ရဲ့ Instagram မှာ ကျန်ရှိနေတဲ့ Justin နဲ့ နောက်ဆုံးသော စုံတွဲပုံလေးဖြစ်ပြီး ဒီပုံလေးကို နောက်ဆုံးမှတော့ာ Selena တစ်ယောက် ဖျက်ချပစ်လိုက်ပြီး ချစ်သူဟောင်း Justin Bieber ကို လုံးဝမေ့ပစ်ဖို့ စိတ်ကူးလိုက်ပုံပါပဲ ။ ပရိသတ်ကြီးကော Justin နဲ့Selena ကို ပြန်တွဲစေချင်ရဲ့လား ဖြေ သွားကြပါဦးနော်။

share from : burmese.asia

LEAVE A REPLY