Zawgyi ဖြင့်ဖတ်ရန်
-Retail Operation (RTO)
Engineering အတွက် က
-Mechatronic
-General Welding
-Electronics
ရွေးချယ်ပုံ
သင်ကြားရေးစနစ်
အခွင့်အရေး
SMVTI က ပြီးသွားတဲ့ သူ ၈၀% က လုပ်ငန်းခွင်ထဲရောက်ပါတယ်…၂၀% ကတော့ အကြောင်းအမျိုးမျိုးကြောင့် မရောက်ပါဘူးကျောင်းက လဲ ချိတ်ဆက်ပေးပါတယ် အလုပ်အကိုင်တွေကိုတော်ရင် တော်သလို scholar တွေ လဲရှိပါတယ်Part Time အဖြစ်လဲ Field ဆင်းရပါတယ်
စည်းကမ်း
Unicode ဖြင့်ဖတ်ရန်
၁၀ တန်းအောင်ပြီးသူများအတွက် Singapore-Myanmar Vocational Training Institute
Singapore-Myanmar Vocational Training Institute (SMVTI) ကျောင်းမှာ မကြာခင် 9th Batch ဖွင့်တော့ပါမယ်။ အချိန်ကတော့ လာမဲ့ နိုဝင်ဘာပါ။ SMVTI မှာ တစ်နှစ်ကို Intake ၂ခုဖွင့်ပါတယ် November Intake ရယ် May Intake ရယ်ပါ။ November Intake အတွက်ဆို ရင် ဝင်ခွင့်Form တွေကို August လောက်ဆို စခေါ်ပါပြီ။
ကျနော့်အတွေ့အကြုံအရ November Intake က လျှောက်တဲ့သူဦးရေအရမ်းများပါတယ် ဘာလို့လဲဆိုတော့ ဆယ်တန်းအောင်စာရင်းထွက်ကာစ ဖြစ်နေလို့ပါ အဲ့တော့ Form စဖွင့်တဲ့နေ့ထဲက စတန်းစီတာ ပိုသေချာပါတယ်.. May Intake ကတော့ November ထက်စာရင် လျှောက် သူနည်းပါတယ်… ဒါတောင်အယောက်၅၀၀လောက်ရှိပါတယ်။ စင်္ကာပူနိူင်ငံ ITE ကျောင်းမှ သင်ရိုးညွန်းတမ်း အတိုင်းသင်ကြားပေးတဲ့ ကျောင်းပါ။
ဘာကြောင့် SMVTI လျှောက်သင့်လဲ?
သင်တန်းကြေးပေးစရာလုံး၀ မလိုပါ။ ကျောင်းစရိတ်က Full Scholar သဘောမျိုးပါ။ ကျောင်းဝတ်စုံဖိုး၊ ကျောင်းစာအုပ်ဖိုးတော့ ပေးရပါတယ်။ ဘာကြေးညာကြေး ထပ်ပေးစရာမလိုပါ။သင်တန်းချိန်က ၆ လကြာမြင့်ပါတယ်။၁၀ တန်းအောင်ပြီးတဲ့ ဘယ်သူမဆို လျှောက်ထားနိူင်ပါတယ်။အသက်မွေးဝမ်းကြောင်းဆိုတော့ ဆိုတော့ ကိုယ့်ကြိုးစားမှုပေါ်မှုတည်ပြီး ကျောင်းပြီးတာနဲ့ အလုပ်ရဖို့က ၇၀% ပါ။
ကံကောင်းရင် ကျောင်းပြီးပြီးချင်းကို ၄သိန်းအထက်ရရှိနိုင်ပါတယ်။
SMVTI မှာ ဘယ်အသက်မွေးဝမ်းကျောင်းတွေ ရွေးချယ်လို့ ရမလဲ
H&T (Hospitality & Tourism ) အတွက်
-Front Office Operation (FO)
-Housekeeping Operation (HSO)
-Restaruant Operation (RSO)
-Retail Operation (RTO)
Engineering အတွက် က
-Mechatronic
-General Welding
-Residential Air-Conditioning
-Building Fixtures and Equipment
-Electrical Technology
-Electronics
ဘာတွေလိုအပ်လည်း၊ ဘယ်လိုလျှောက်ရမလဲ
Batch တစ်ခုပြီးရင် Form တွေကို အစိုးရသတင်းစာ ရယ် SMVTI official page ရယ် မှ တစ်ဆင့် ခေါ်ပါတယ်လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလဲ လည်း တစ်ခါထဲ ကြေငြာပါတယ်။တောင်းတဲ့ စာရွက်စာတမ်းပြည်စုံမှ Form လက် ခံပါတယ်…မပြည်စုံရင် ပယ်ပါတယ်Batch 7 တုန်းကတော့ ရပ်ကွက်ထောက် ခံစာ၊ရဲစခန်းထောက် ခံစာ၊မှတ်ပုံတင် မူရင်း၊မိတ္ထူ၊ ဆယ်တန်းအောင်လက်မှတ် မူရင်း၊မိတ္ထူ၊ အမှတ်စာရင်း မူရင်း၊မိတ္ထူ၊ ဓာတ်ပုံ တောင်းပါတယ်။
ရွေးချယ်ပုံ
Major တစ်ခုကို Form 300 လက် ခံတယ် လိုသိရပါတယ် သို့ပေမဲ့ အယောက် ၄၀ပဲ ရွေးတာပါ။Form တင်ပြီးလို့ သတ်မှတ် ထားတဲ့ ရက်ရောက်ရင် Interview အတွက် ဖုန်းဆက်ပါတယ်။ဖုန်းအဆက်မခံရရင်တော့ ပယ်ခံရပြီသာမှတ်ပါ။Interview အဆင့် အောင်ရင် SMVTI တက်ခွင့် ရပါပြီ။
Interview အတွက် ဘယ်လိုပြင်ဆင်မလဲ
Interview အတွက် ကိုယ်လျှောက်တဲ့ အသက်မွေးဝမ်းကျောင်း ကို သေခြာလေ့လာသင့်ပါတယ်။ အောက်က မေးခွန်းတွေကို သေခြာ ပြင်ဆင်ထားသင့်ပါတယ်။ သူတို့ မမေးခဲ့ ရင်တောင်မှ မိမိကို အချိန်ပေးတဲ့ အချိန်ကျရင် သေခြာ ပြောပြပြီး တော့ ကျောင်းဝင်ခွင့် အတွက် သေခြာအောင်လို့ပါ။
ဘာလို့ ဒီအသက် မွေးဝမ်းကျောင်းကို လျှောက်တာလည်း?ဒီ အသက်မွေးဝမ်းကျောင်း နဲ့ ဘယ်လို ပတ်ဝန်းကျင်ကို အထောက်အကူပြုချင်တာလည်း?ဒီ အသက်မွေးဝမ်းကျောင်းက သင့် ဘ၀ အတွက်ရော၊ မိသားစု အတွက် ရော ဘယ်လို အရေးပါ သလည်း?လျှောက်တဲ့လူတွေ အများကြီးထဲမှ ဘာလို့ သင့်ကို ရွေးချယ်သင့်သလည်း?
ဒ အသက်မွေးဝမ်းကျောင်းပြီးသွားရင် ဘယ်လို ထပ်ပြီး ပညာသင်ကြားချင်လည်း ?
သင်ကြားရေးစနစ်
သင်ကြားတဲ့နေရာမှာ ၂ခုရှိပါတယ် Classroom ရယ် Training Room ရယ်
Classroom ထဲမှာ တော့ Aircon အချိန်ပြည့်ဖွင့်ပြီး စာသင်ရမှာပါ… အေးလွန်းလို့ ခဏခဏ လျော့ပေးနေပါတယ် Aircon ကို Projector တွေ နဲ့ သင်ပါတယ်
Training Room ထဲမှာ တော့ ကိုယ့်Field အလိုက် သင်ထောက် ကူ အစုံအလင်ပါပဲ…
သင်ကြားရေးမှာက Theory 30% Pratical 70%ပါ
စာမသင်ခင် မှာတော့ Industry Visit အရင် ပို့ပါတယ်…Hotel ပိုင်းဆိုလဲ သက်ဆိုင်ရာနယ်ပယ်ကို လွှတ်ပါတယ်။ Engineer အပိုင်းဆို လဲသက် ဆိုင်ရာနယ်ပယ်ကို လွှတ်ပါတယ်…အဲ့လိုသွားပြီး ကိုယ်သင်ကြားရမဲ့ နယ်ပယ်နဲ့ ရင်းနှီးမှ စာစသင်တာပါ
အခွင့်အရေး
SMVTI က ပြီးသွားတဲ့ သူ ၈၀% က လုပ်ငန်းခွင်ထဲရောက်ပါတယ်…၂၀% ကတော့ အကြောင်းအမျိုးမျိူးကြောင့် မရောက်ပါဘူးကျောင်းက လဲ ချိတ်ဆက်ပေးပါတယ် အလုပ်အကိုင်တွေကိုတော်ရင် တော်သလို scholar တွေ လဲရှိပါတယ်Part Time အဖြစ်လဲ Field ဆင်းရပါတယ်
စည်းကမ်း
အခြားကျောင်းနဲ့ ဘာကွာလဲ?
ပုံမှန်ကျောင်းတွေ မှာတော့ ကျောင်းခေါ်ချိန်က 75%ပါ… SMVTI မှာက 95% ပါ။
စည်းကမ်းပိုင်း ကတော့ အရမ်းတင်းကြပ် ပါတယ်…ကျောင်း နောက် ကျရင် Fine ပါ
ကျောင်းတွင်း ဆေးလိပ် လုံးဝ သောက်ခွင့်မရှိပါ…ကျောင်းဝတ်စုံ ဝတ် ထားသ၍ သောက်ခွင့်မရှိပါ…အမှိုက် ပုံးမှ လွဲ၍ အမှိုက် ပစ်လို့မရပါကျောင်းဝတ်စုံ အပြည့် ဝတ်ဆင်မှ ကျောင်းထဲ ပေးဝင်ပါတယ်ကျောင်းသားကဒ်မဆွဲရင်လဲ ဝင်မရပါအခန့်မသင့်ရင် Security အော် ခံရပါမယ်
စာသင်ချိန် ဖုန်းတွေကို Box ထဲ သိမ်းရပါတယ်(ဒါတောင် ဖုန်းလာရင် လဲ Fine ပါ)
ပုဒ်မ က အနှောက်အယှက်ဖြစ်စေမှုပါစည်းကမ်းဖောက်တာ များလာရင် ရုံးခန်းရောက်ပါတယ်အရေးယူတာပြင်းထန်ရင်တော့ ကျောင်းထုတ်ပါတယ်
အတန်းထဲ မုန့်စားရင်လဲ Fine ပါ
share from : burmese.asia
LEAVE A REPLY