Zawgyi ဖြင့်ဖတ်ရန်
(၁) ခြေဖျားထောက်မယ်
(၅) ကြိုးခုန်မယ်
Credit : auntymay
Unicode ဖြင့်ဖတ်ရန်
ခြေသလုံးကြီး သူတွေအတွက် ခြေသလုံးသွယ်လျစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း (၆)မျိုး
တစ်ကိုယ်လုံးလှနေပါပြီဆိုမှ ခြေသလုံးတွေမှ တုတ်နေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဖြစ်နေတဲ့ သူလေးတွေ ရှိနေလား။ ခြေသလုံးကိတ်နေတာလေးကို သွယ်လျသွားစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်းလေးတွေကို အခုပဲကြည့်ပြီး ဒီနေ့ကစလို့ နေ့တိုင်းလုပ်လိုက်တော့နော်။
(၁) ခြေဖျားထောက်မယ်
လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် ရေသန့်ဘူးသေးတစ်ဘူးစီ ကိုင်ပြီး ခြေစုံရပ်ပါ။ နေရာမှာတင် ခြေဖျားထောက်လိုက်၊ ပြန်ချလိုက် အခါ (၂၀) လုပ်ပေးပါ။
(၂) ခြေဖျားထောက်ပြီးလမ်းလျှောက်မယ်
လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် ရေသန့်ဘူးသေးတစ်ဘူးစီကိုင်ပြီး ခြေဖျားထောက်ပြီး တစ်မိနစ်လောက်လမ်းလျှောက်ပေးပါ။ ခန နားပြီး နောက်ထပ် တစ်မိနစ်ထပ်လျှောက်ပေးပါ။
(၃) လှေကားပေါ်ပြေးတက်ပါ
လှေကားပေါ် ပြေးတက်တာကို ၁၀ မိနစ်လောက်လုပ်ပေးရမှာပါ။ လှေကားရှိတဲ့နေရာတိုင်းလုပ်လို့ရတာကြောင့် လွယ်ကူတဲ့ေ့လ့ကျင့်ခန်းဖြစ်ပြီး အကျိုးသက်ရောက်မှုလည်း အရမ်းကောင်းပါတယ်။ ဒါပေမယ့် ခြေကျင်းဝတ်အဆစ်လွဲဖူးသူ၊ ဒူးနာတတ်တဲ့သူတွေကတော့ ဒီလေ့ကျင့်ခန်းကို မလုပ်သင့်ပါဘူး။
(၄) အလေးတုံးမပြီးလမ်းလျှောက်မယ်
လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် အလေးချိန်ရှိတဲ့တစ်ခုခုကို ကိုင်ပြီး လမ်းလျှောက်ပေးရမှာပါ။ ခြေဖျားထောက်စရာမလိုဘဲ ခန္ဓာကိုယ်ကိုဖြောင့်ဖြောင့်ထားပြီး ရှေ့တည့်တည့်ကိုကြည့်ပြီးလျှောက်ပေးရုံပါပဲ။ ၁၅ မိနစ်လောက် လျှောက်ပေးရုံနဲ့ထိရောက်မှုရှိတာကို တွေ့ရမှာပါ။
(၅) ကြိုးခုန်မယ်
ကြိုးခုန်တာက ခြေသလုံးတွေကို လှပစေရုံတင်မကဘဲ နှလုံးကျန်းမာရေးကိုလည်းကောင်းစေတာကြောင့် ကိုယ်ကြိုက်တဲ့သီချင်းလေးဖွင့်ပြီး မိနစ်နှစ်ဆယ်လောက်ကြိုးခုန်ပေးလိုက်ပါလို့။
(၆) တောင်တက်လေ့ကျင့်ခန်း
ပုံမှာပြထားသလို နေလိုက်ပြီး ခြေထောက်တွေကို တောင်တက်သလိုမျိုး လုပ်ပေးရမှာပါ။ ခြေထောက်တစ်ချောင်းကို ရင်ဘတ်နားကိုကပ်လိုက်ပြီး အနောက်ဘက်ပြန်လှမ်းလိုက်တဲ့အချိန်မှာ နောက်ခြေထောက်တစ်ဖက်ကို ရင်ဘတ်နားကပ်လိုက်ပြီး အနောက်ဘက်လှမ်းတဲ့ပုံစံမျိုး တလှည့်စီလုပ်ပေးလိုက်ရုံပါပဲ။
Credit : auntymay
LEAVE A REPLY