Zawgyi ျဖင့္ဖတ္ရန္

 

အငွားယာဥ္(တကၠစီ) ေမာင္းသူမ်ားအေနနဲ႔ ခရီးသည္မ်ား ကားငွားရာတြင္ “မလိုက္ႏိုင္ဘူး” ဟု ျငင္းပယ္ပါက ဒဏ္ေငြ ဘတ္ ၅၀၀၀ (က်ပ္ ႏွစ္သိန္းခြဲနီးပါး) ေပးေဆာင္ရမည့္ ဥပေဒမူၾကမ္းကို ထိုင္းႏိုင္ငံတြင္ ေရးဆြဲလိုက္ၿပီျဖစ္သည္။

၁၉၇၉ ခုႏွစ္ ေမာ္ေတာ္ယာဥ္ အက္ဥပေဒႏွင့္ ၁၉၇၉ ခုႏွစ္ ပို႔ေဆာင္ဆက္သြယ္ေရး အက္ဥပေဒ ႏွစ္ခုကို ေပါင္းစည္းေရးဆြဲထားတဲ့ ဥပေဒသစ္တစ္ရပ္ မၾကာမီ ျပဌါန္းေတာ့မည္ျဖစ္ေၾကာင္း ပို႔ေဆာင္ဆက္သြယ္ေရး လက္ေထာက္ၫႊန္ၾကားေရးမႉး Thanee Suebreuk က တနလၤာေန႔က ေျပာၾကားခဲ့သည္။

အဆိုပါ ဥပေဒသစ္တြင္ နဂိုမူလကတည္းကပါရွိထားေသာ ခရီးသည္အား ျငင္းပယ္ျခင္းအတြက္ ဒဏ္ေငြ ဘတ္ ၂,၀၀၀ ျပဌါန္းခ်က္ကို ဘတ္ ၅,၀၀၀ ထိ တို႔ျမႇင့္ျပင္ဆင္လိုက္ပါတယ္။ ခရီးသည္အား ျငင္းပယ္မႈအတြက္ တက္ကၠစီယာဥ္ေမာင္းကိုသာမက သက္ဆိုင္ရာ တကၠစီဂိတ္ပိုင္ရွင္ကိုပါ ဒဏ္ေငြ ၅၀,၀၀၀ ႐ိုက္သြားမွာျဖစ္ပါတယ္။

ဒီဥပေဒအသစ္ထဲမွာ တကၠစီမ်ားသားမက ခရီးသြားတိုးဘတ္စ္မ်ား၊ ပုဂၢလိကအငွားကားမ်ားလည္း ပါဝင္မွာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဥပေဒမူၾကမ္း အဆင့္မွာသာရွိေသးၿပီး ခရီးသည္ကို ျငင္းပယ္တဲ့ ယာဥ္ေမာင္းေတြကို ယာဥ္ေမာင္းခြင့္လိုင္စင္ ၁၅ ရက္ကေန ရက္ ၃၀ ထိ ပိတ္ပင္သြားၿပီး ပို႔ေဆာင္ေရးဌါနက သင္ၾကားပို႔ခ်တဲ့ ၃ နာရီစာ သင္ခန္းစာေတြကို ေျဖဆိုေအာင္ျမင္မွ လိုင္စင္ ျပန္လည္ ခြင့္ျပဳမည့္ ျပစ္ဒဏ္ေတြလည္း ပါဝင္မွာျဖစ္ေၾကာင္း Thanee က ဆိုပါတယ္။

ဒါ့အျပင္ အာဏာပိုင္ေတြအေနနဲ႔ ယင္းျပစ္မႈကို အႀကိမ္ႀကိမ္က်ဴးလြန္တဲ့ ယာဥ္ေမာင္းအား လိုင္စင္ ၃ လကေန ၆ လ ထိ ပိတ္ပင္ႏိုင္သလို ရာဇဝတ္မႈတစ္ခုခုက်ဴးလြန္သူအား ရာသက္ပန္လိုင္စင္ ပိတ္သိမ္းတဲ့ထိ အေရးယူသြားမွာျဖစ္ေၾကာင္း The Nation သတင္းတြင္ ေဖာ္ျပပါရွိသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ခရီးသည် ကို မလိုက်နိုင်ဘူးလို့ ငြင်းပါက တက္ကစီယာဉ်မောင်းများ ဒဏ်ရိုက်ခံရမည် လိုင်စင်ပိတ်ခံရမည်

အငှားယာဉ်(တက္ကစီ) မောင်းသူများအနေနဲ့ ခရီးသည်များ ကားငှားရာတွင် “မလိုက်နိုင်ဘူး” ဟု ငြင်းပယ်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ (ကျပ် နှစ်သိန်းခွဲနီးပါး) ပေးဆောင်ရမည့် ဥပဒေမူကြမ်းကို ထိုင်းနိုင်ငံတွင် ရေးဆွဲလိုက်ပြီဖြစ်သည်။

၁၉၇၉ ခုနှစ် မော်တော်ယာဉ် အက်ဥပဒေနှင့် ၁၉၇၉ ခုနှစ် ပို့ဆောင်ဆက်သွယ်ရေး အက်ဥပဒေ နှစ်ခုကို ပေါင်းစည်းရေးဆွဲထားတဲ့ ဥပဒေသစ်တစ်ရပ် မကြာမီ ပြဌါန်းတော့မည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး လက်ထောက်ညွှန်ကြားရေးမှူး Thanee Suebreuk က တနင်္လာနေ့က ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေသစ်တွင် နဂိုမူလကတည်းကပါရှိထားသော ခရီးသည်အား ငြင်းပယ်ခြင်းအတွက် ဒဏ်ငွေ ဘတ် ၂,၀၀၀ ပြဌါန်းချက်ကို ဘတ် ၅,၀၀၀ ထိ တို့မြှင့်ပြင်ဆင်လိုက်ပါတယ်။ ခရီးသည်အား ငြင်းပယ်မှုအတွက် တက်က္ကစီယာဉ်မောင်းကိုသာမက သက်ဆိုင်ရာ တက္ကစီဂိတ်ပိုင်ရှင်ကိုပါ ဒဏ်ငွေ ၅၀,၀၀၀ ရိုက်သွားမှာဖြစ်ပါတယ်။

ဒီဥပဒေအသစ်ထဲမှာ တက္ကစီများသားမက ခရီးသွားတိုးဘတ်စ်များ၊ ပုဂ္ဂလိကအငှားကားများလည်း ပါဝင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဥပဒေမူကြမ်း အဆင့်မှာသာရှိသေးပြီး ခရီးသည်ကို ငြင်းပယ်တဲ့ ယာဉ်မောင်းတွေကို ယာဉ်မောင်းခွင့်လိုင်စင် ၁၅ ရက်ကနေ ရက် ၃၀ ထိ ပိတ်ပင်သွားပြီး ပို့ဆောင်ရေးဌါနက သင်ကြားပို့ချတဲ့ ၃ နာရီစာ သင်ခန်းစာတွေကို ဖြေဆိုအောင်မြင်မှ လိုင်စင် ပြန်လည် ခွင့်ပြုမည့် ပြစ်ဒဏ်တွေလည်း ပါဝင်မှာဖြစ်ကြောင်း Thanee က ဆိုပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့ ယင်းပြစ်မှုကို အကြိမ်ကြိမ်ကျူးလွန်တဲ့ ယာဉ်မောင်းအား လိုင်စင် ၃ လကနေ ၆ လ ထိ ပိတ်ပင်နိုင်သလို ရာဇဝတ်မှုတစ်ခုခုကျူးလွန်သူအား ရာသက်ပန်လိုင်စင် ပိတ်သိမ်းတဲ့ထိ အရေးယူသွားမှာဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြပါရှိသည်။

Credit : popolay

LEAVE A REPLY