Zawgyi ျဖင့္ဖတ္ရန္

ငါးဖယ္လံုးႏွင့္ ခရမ္းခ်ဥ္သီးဆီျပန္ ခ်က္ျပဳတ္နည္းေလးကိုေဖာ္ျပေပးလိုက္ပါတယ္။

ပါဝင္ပစၥည္းမ်ား

ငါးဖယ္ျခစ္္ ၁၀က်ပ္သား၊ ၾကက္သြန္နီ ၁လုံး၊ ၾကက္သြန္ျဖဴ ၅တက္၊ ခရမ္းခ်ဥ္သီး ၅လုံး၊ င႐ုတ္သီးစိမ္း ၅ေတာင့္၊ နံနံပင္ အနည္းငယ္

ခ်က္ျပဳတ္နည္း

ငါးဖယ္ျခစ္ကို စတီးဇလုံတစ္ခု အတြင္း ထည့္ပါ။ ၾကက္သြန္ျဖဴ ႏွစ္တက္ေလာက္ႏွင့္ နံနံပင္ အနည္းငယ္ကို ႏုပ္ႏုုပ္စဥ္းၿပီး ထည့္ပါ။ ဆား၊ဟင္းခတ္မႈန္႔ အနည္းငယ္ထည့္ၿပီး နယ္ပါ။ နယ္ေနရင္း လက္နဲ႔ဆုပ္ကိုင္ၿပီး ဇလုံထဲသို႔ ေပါက္ခ်ေပးပါ။
(ဒီလို႐ိုက္နယ္မွသာ ငါးဖယ္အသားေလးေတြက်စ္ခဲသြားမွာပါ)

ဆီ (သို႔ )ေရ (သို႔)ငံျပာရည္ေလးလူးၿပီး မိမိႏွစ္သက္သလို ပုံစံေလးျပဳလုပ္ပါ။ အလုံးေလးေတြျပဳလုပ္ထားပါတယ္။

ၾကက္သြန္ျဖဴ ႏွင့္ၾကက္သြန္နီကိုေရာေထာင္းပါ။ ခရမ္းခ်ဥ္သီး ကိုပါးပါးလွီးပါ။ ေထာင္းထားေသာ အေရာကို ဆီအနည္းငယ္ႏွင့္ အတူဆီသတ္ပါ။ အနည္းငယ္ႏြမ္းလာလွ်င္နႏြင္းႏွင့္အေရာင္တင္မွဳန္႔ထည့္ပါ။ ခရမ္းခ်ဥ္သီးေတြထည့္ၿပီး အဖုံးေခတၱအုပ္ေပးထားပါ။

ဆား(သို႔)ငါးငံျပာရည္၊ ဟင္းခတ္မႈန္႔တို႔ျဖင့္ အရသာျဖည့္ေပးပါ။ ေရခမ္း၊ဆီျပန္လာလွ်င္ ႏွံ႔ေအာင္ေမႊေပးၿပီး ေရအနည္း ငယ္လိုက္ေပးပါ။

င႐ုတ္စိမ္း အပြေတာင့္ေလးေတြကို အညႇာေႁခြၿပီး အေတာင့္လိုက္ထည့္ပါ။ ပုံစံယူ ျပဳလုပ္ထားတဲ့ ငါးဖယ္ျခစ္ျပား (သို႔) ငါးဖယ္လုံးေလး ေတြထည့္ပါ။ ေရျပန္၊ ဆီျပန္အေနအထားမ်ိဳးေလး ရေအာင္ခ်က္ပါ။

က်က္ၿပီဆိုတာနဲ႔မီးဖိုေပၚမွခ်ပါ။ (ငါးဖယ္ထည့္ၿပီးအၾကာႀကီးမခ်က္ျပဳတ္သင့္ပါ)။ နံနံပင္ေလးအုပ္ေပးပါ။

စားသံုးႏုိင္ပါၿပီ ခင္ဗ်ာ။

Credit:Winnaingthein25

Unicode ဖြင့်ဖတ်ရန်

ငါးဖယ်လုံးနှင့် ခရမ်းချဉ်သီးဆီပြန် ချက်ပြုတ်နည်း

ပါဝင်ပစ္စည်းများ

ငါးဖယ်ခြစ် ၁၀ကျပ်သား၊ ကြက်သွန်နီ ၁လုံး၊ ကြက်သွန်ဖြူ ၅တက်၊ ခရမ်းချဉ်သီး ၅လုံး၊ ငရုတ်သီးစိမ်း ၅တောင့်၊ နံနံပင် အနည်းငယ်

ချက်ပြုတ်နည်း

ငါးဖယ်ခြစ်ကို စတီးဇလုံတစ်ခု အတွင်း ထည့်ပါ။ ကြက်သွန်ဖြူ နှစ်တက်လောက်နှင့် နံနံပင် အနည်းငယ်ကို နုပ်နုပ်စဉ်းပြီး ထည့်ပါ။ ဆား၊ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီး နယ်ပါ။ နယ်နေရင်း လက်နဲ့ဆုပ်ကိုင်ပြီး ဇလုံထဲသို့ ပေါက်ချပေးပါ။
(ဒီလိုရိုက်နယ်မှသာ ငါးဖယ်အသားလေးတွေကျစ်ခဲသွားမှာပါ)

ဆီ (သို့ )ရေ (သို့)ငံပြာရည်လေးလူးပြီး မိမိနှစ်သက်သလို ပုံစံလေးပြုလုပ်ပါ။ အလုံးလေးတွေပြုလုပ်ထားပါတယ်။

ကြက်သွန်ဖြူ နှင့်ကြက်သွန်နီကိုရောထောင်းပါ။ ခရမ်းချဉ်သီး ကိုပါးပါးလှီးပါ။ ထောင်းထားသော အရောကို ဆီအနည်းငယ်နှင့် အတူဆီသတ်ပါ။ အနည်းငယ်နွမ်းလာလျှင်နနွင်းနှင့်အရောင်တင်မှုန့်ထည့်ပါ။ ခရမ်းချဉ်သီးတွေထည့်ပြီး အဖုံးခေတ္တအုပ်ပေးထားပါ။

ဆား(သို့)ငါးငံပြာရည်၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာဖြည့်ပေးပါ။ ရေခမ်း၊ဆီပြန်လာလျှင် နှံ့အောင်မွှေပေးပြီး ရေအနည်း ငယ်လိုက်ပေးပါ။

ငရုတ်စိမ်း အပွတောင့်လေးတွေကို အညှာခြွေပြီး အတောင့်လိုက်ထည့်ပါ။ ပုံစံယူ ပြုလုပ်ထားတဲ့ ငါးဖယ်ခြစ်ပြား (သို့) ငါးဖယ်လုံးလေး တွေထည့်ပါ။ ရေပြန်၊ ဆီပြန်အနေအထားမျိုးလေး ရအောင်ချက်ပါ။

ကျက်ပြီဆိုတာနဲ့မီးဖိုပေါ်မှချပါ။ (ငါးဖယ်ထည့်ပြီးအကြာကြီးမချက်ပြုတ်သင့်ပါ)။ နံနံပင်လေးအုပ်ပေးပါ။

စားသုံးနိုင်ပါပြီ ခင်ဗျာ။

Credit:Winnaingthein25

LEAVE A REPLY