Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ငွေကြေးအများကြီးရှိစရာမလိုဘဲ လူချမ်းသာလိုနေနိုင်တဲ့ ကမ္ဘာပေါ်က အကောင်းဆုံးနေရာ (၅) ခု
အထုပ်အပိုး နည်းနည်းသယ်ပြီး ကိုယ်နေတဲ့ နေရာကနေ ဘာကိုမှ ဂရုမစိုက်ဘဲ ခဏလောက် ထွက်သွားချင်စိတ် ဖြစ်မိလား။ ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်နေရာမဟုတ်တဲ့ တခြားတစ်နေရာကို ဘာစိတ်ဖိစီးမှုမှမရှိဘဲ တစ်လလောက်ခရီးထွက်ပစ်လိုက်ချင်လား။ ဒါဆိုရင်တော့ အခု အိပ်မက်မက်လို့ရပြီနော်။ ကိုယ်ခရီးသွားတဲ့အခါ ငွေကြေး ဘယ်လောက်ထိ ကုန်ကျလေ့ရှိပါသလဲ။
ကမ္ဘာပေါ်မှာ ငွေကြေးသိပ် ချမ်းသာ စရာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီး သူဌေးတစ်ယောက်လို နေလို့ရတဲ့ အကောင်းဆုံး နေရာ ၁၀ ခုကို မျှဝေပေးချင်ပါတယ်။
၁။ အာဂျင်တီးနားနိုင်ငံ မန်ဒိုဇာ (Mendoza မြို့)
ဝိုင်ယဉ်ကျေးမှု ထွန်းကားတဲ့ အာဂျင်တီးနားနိုင်ငံမှာ တည်ရှိတဲ့ Mendoza မြို့လေးကဆိုရင် အရမ်းနေလို့ကောင်းပြီး တစ်လလုံးကိုမှ မြို့ထဲမှာ Facilities အကုန်ပါပြီးသား အခန်းတစ်ခန်းငှားမယ်ဆိုရင် ဒေါ်လာ ၃၈၀ လောက်သာကုန်ကျမှာဖြစ်ပါတယ်။
၂။ အင်ဒိုနီးရှားနိုင်ငံ ဘေလီမြို့
ဘေလီမြို့လေးက သိပ်ကို သာယာလှတဲ့ မြို့လေးဖြစ်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့ မြို့လေးပါ။ တစ်လကို အိပ်ခန်းငှားခ ဒေါ်လာ ၃၀၀ လောက်သာရှိပါတယ်။
၃။ ထိုင်းနိုင်ငံ ချင်းမိုင်းမြို့
ငွေကြေးအများကြီးရှိစရာမလိုဘဲ လူချမ်းသာလို နေနိုင်တဲ့ ကမ္ဘာပေါ်က အကောင်းဆုံး နေရာ (၅) ခု
ချင်းမိုင်မြို့ဟာ ရာသီဥတု သာယာလှပတဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး တောင်တန်းတွေပေါကြွယ်ဝသလို ယဉ်ကျေးမှု ထွန်းကားတဲ့နေရာတစ်ခုပါပဲ။ အစားအသောက်ပေါသလို ဒေသခံတွေကလည်း ဖော်ရွေကြပါတယ်။ မြို့ထဲမှာ Facilities အကုန်ပါပြီးသား လူနေတိုက်ခန်းလိုပုံစံမျိုး အခန်းတစ်ခန်းငှားမယ်ဆိုရင် တစ်လလုံးကိုမှ ဒေါ်လာ ၂၅၀ သာကျသင့်မှာဖြစ်ပါတယ်။
၄။ စပိန်နိုင်ငံ အိုဂျမ်း (Ojen)
စပိန်နိုင်ငံ အိုဂျမ်းမြို့လေးဟာ အရမ်းသာယာလှပတဲ့ မြို့လေးဖြစ်ပြီး လှပတဲ့ တောင်တန်းတွေနဲ့ ဝန်းရံထားပါတယ်။ အဲဒီကို ခရီးသွားလို့ မြို့ထဲမှာ facilities အကုန်ပါပြီးသား လူနေတိုက်ခန်းလိုပုံစံမျိုး အခန်းတစ်ခန်းငှားမယ်ဆိုရင် တစ်လလုံးကိုမှ ဒေါ်လာ ၃၃၀ ပဲ ကျသင့်မှာဖြစ်ပါတယ်။
၅။ အိန္ဒိယနိုင်ငံ ဂိုအာ (Goa)
ဂိုအာခရိုင်ဟာ သဲသောင်ပြင် ကမ်းခြေတွေ ဒေသခံတွေရဲ့ နွေးထွေးပျူငှာမှုတွေ ကြောင့် လူသိများတဲ့ နေရာလေးပါ။ အိန္ဒိယနိုင်ငံသားတွေနဲ့ ပေါ်တူကီ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုတွေ ရောနှောပီး သာယာတဲ့ ဒေသလေးတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရမ်းအေးချမ်းတဲ့ ပြည်နယ်တစ်ခုဆိုလည်းမမှားပါဘူး။ Facilities အကုန်ပါပြီးသား လူနေတိုက်ခန်းလိုပုံစံမျိုး အခန်းတစ်ခန်းငှားမယ်ဆိုရင် တစ်လလုံးကိုမှ ဒေါ်လာ ၂၇၅ ဒေါ်လာသာရှိပါတယ်။
Credit : mystylemyanmar 
LEAVE A REPLY