Zawgyi ျဖင့္ဖတ္ရန္

ကိုယ္ညစဥ္အိပ္ေနတဲ့ အိပ္ယာဆိုတာ ကိုယ့္အတြက္ေတာ့ နိဗၺာန္ဘုံေလးပါပဲ။ အဲဒီေနရာေလးမွာ တစ္ေန႔လုံး ပင္ပန္းလာသမွ် လဲေလ်ာင္းအပမ္းေျဖ အိမ္စက္လိုက္ရတဲ့ အရသာက ဘာနဲ႔မွေတာင္ လဲႏိုင္မယ္မထင္ပါဘူး၊ တစ္ခါတစ္ေလ ခရီးထြက္လို႔ အျခားေနရာတစ္ခုမွ ႏွစ္ည သုံးညေလာက္ အိပ္ရရင္ေတာင္ ကိုယ့္အိမ္က အိပ္ယာေလးကို ျပန္သတိရမိတတ္ပါတယ္။
ဟုတ္ပါၿပီ.. ဒါဆိုရင္ ကိုယ့္ရဲ႕ အိပ္ယာေလးကိုေရာ မၾကာခဏ သန႔္ရွင္းေရး လုပ္ျဖစ္ၾကပါရဲ႕လား..?

အိပ္ယာ သန႔္ရွင္းေရးလုပ္ဖို႔ အခ်ိန္ကာလကို တိတိက်က်ျပဌါန္းသတ္မွတ္ထားတာမရွိပါဘူး၊ ဒါေပမယ့္ တစ္ပတ္တစ္ႀကိမ္ သန႔္ရွင္းေရး လုပ္ေပးတာက အသင့္ေတာ္ဆုံး ျဖစ္ပါတယ္။
ညဆိုရင္ ပုံမွန္ဝင္အိပ္တတ္ေပမယ့္ အိပ္ယာအသုံးအေဆာင္ေတြျဖစ္တဲ့ ေခါင္းအုံးစြပ္၊ ဖက္လုံးစြပ္၊ ေစာင္နဲ႔ အိပ္ယာခင္းေတြကို သန႔္ရွင္းေရးလုပ္ၿပီး ေလွ်ာ္ဖြတ္ဖို႔ ေမ့ေနတတ္တာက က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

အိပ္ယာဟာ ကိုယ့္ရဲ႕ခႏၶာကိုယ္က ထြက္လာတဲ့ အညစ္အေၾကးေတြျဖစ္တဲ့ ေခြၽး၊ အဆီ၊ မိတ္ကပ္ နဲ႔ တစ္ခါးတစ္ရံ သြားရည္ေတြပါ ေပက်ံလူးေနပါတယ္။ ဒီလိုအညစ္အေၾကးေတြ စိမ့္ဝင္ေနတဲ့ အိပ္ယာကို ပုံမွန္သန႔္ရွင္း မလုပ္ေပးဖူးဆိုရင္ အသားအေရ ယားယံတာ၊ အသက္ရႈလမ္းေၾကာင္း ျပသနာနဲ႔၊ မႈိစြဲတဲ့ ျပသနာေတြေၾကာင့္ ေနထိုင္မေကာင္း ျဖစ္တတ္ပါတယ္။

အိပ္ယာေပၚမွာ အမႈန္အမႊားေပါင္း မ်ားစြာရွိၿပီး အဲဒါေတြေၾကာင့္ ႏွာေစးတာ၊ မ်က္လုံးယားယံတာ၊ ႏွာေခ်တာနဲ႔ အျခားမအီမသာျဖစ္တာေတြေၾကာင့္ ညဘက္ ေကာင္းေကာင္းအိပ္မေပ်ာ္တာေတြ ျဖစ္ေစပါတယ္။

အိပ္ယာအသုံးအေဆာင္ေတြကို ေလွ်ာ္ဖို႔ဆိုရင္ေတာ့ မေလွ်ာ္မီ ေခါင္းအုံးစြပ္၊ ဖက္လုံးစြပ္၊ ေစာင္နဲ႔ အိပ္ယာခင္း စတာေတြကို ပိုးေသေအာင္ အပူခ်ိန္ ၅၀ ဒီဂရီ အနိမ့္ဆုံးရွိတဲ့ ေရေႏြးပူပူနဲ႔ အနည္းဆုံး ၁၀ မိနစ္နဲ႔အထက္ စိမ္ထားပါ။ အဲဒီေနာက္မွ အဝတ္ေလွ်ာ္စက္နဲ႔ျဖစ္ေစ လက္နဲ႔ျဖစ္ေစ ဆပ္ျပာမႈန႔္နဲ႔ စိမ္ၿပီး ေလွ်ာ္ဖြတ္ပါ။

တတ္ႏိုင္ရင္ ေမြ႕ယာေတြကို ဖုန္းစုပ္စက္နဲ႔ စုပ္ပါ၊ ဒါမွ ေမြ႕ယာမွာ ကပ္ေနတဲ့ ဖုန္းေတြ ဆံခ်ည္မွ်င္ေတြအားလုံး သန႔္ရွင္းသြားပါလိမ့္မယ္။ ကိုယ့္ရဲ႕ အိပ္ယာ ဘယ္ေလာက္ထြ ညစ္ပတ္ေနၿပီလဲဆိုတာ ဖုန္းစုပ္ထာတဲ့ ပမာဏကို ခန႔္မွန္းၾကည့္ႏိုင္ပါတယ္။

ေလွ်ာ္ဖြတ္ၿပီးသား အိပ္ယာအသုံးအေဆာင္ေတြ ေျခာက္ေသြ႕သြားပါက တိုက္႐ိုက္ျပန္ၿပီး အသုံးျပဳတာထက္ ျဖစ္ႏိုင္ရင္ မီးပူတိုက္ၿပီး ျပန္သုံးဖို႔ အႀကံျပဳပါတယ္။ အခုလို အသစ္ျပန္လည္ သန႔္ရွင္းထားပီးသား အိပ္ယာေပၚမွာ အိပ္ရတဲ့အရသာဟာ ဘယ္ေလာက္ေတာင္ ဇိမ္က်သလဲဆိုတာ သင့္ကို ကိုယ္တိုင္ခံစားေစခ်င္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အိပ်ယာအသုံးအဆောင်တွေ မကြာခဏလျှော်ဖို့ ဘာကြောင့်အရေးကြီးတာလဲ..?

ကိုယ်ညစဉ်အိပ်နေတဲ့ အိပ်ယာဆိုတာ ကိုယ့်အတွက်တော့ နိဗ္ဗာန်ဘုံလေးပါပဲ။ အဲဒီနေရာလေးမှာ တစ်နေ့လုံး ပင်ပန်းလာသမျှ လဲလျောင်းအပမ်းဖြေ အိမ်စက်လိုက်ရတဲ့ အရသာက ဘာနဲ့မှတောင် လဲနိုင်မယ်မထင်ပါဘူး၊ တစ်ခါတစ်လေ ခရီးထွက်လို့ အခြားနေရာတစ်ခုမှ နှစ်ည သုံးညလောက် အိပ်ရရင်တောင် ကိုယ့်အိမ်က အိပ်ယာလေးကို ပြန်သတိရမိတတ်ပါတယ်။
ဟုတ်ပါပြီ.. ဒါဆိုရင် ကိုယ့်ရဲ့ အိပ်ယာလေးကိုရော မကြာခဏ သန့်ရှင်းရေး လုပ်ဖြစ်ကြပါရဲ့လား..?

အိပ်ယာ သန့်ရှင်းရေးလုပ်ဖို့ အချိန်ကာလကို တိတိကျကျပြဌါန်းသတ်မှတ်ထားတာမရှိပါဘူး၊ ဒါပေမယ့် တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးတာက အသင့်တော်ဆုံး ဖြစ်ပါတယ်။
ညဆိုရင် ပုံမှန်ဝင်အိပ်တတ်ပေမယ့် အိပ်ယာအသုံးအဆောင်တွေဖြစ်တဲ့ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်၊ စောင်နဲ့ အိပ်ယာခင်းတွေကို သန့်ရှင်းရေးလုပ်ပြီး လျှော်ဖွတ်ဖို့ မေ့နေတတ်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အိပ်ယာဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်က ထွက်လာတဲ့ အညစ်အကြေးတွေဖြစ်တဲ့ ချွေး၊ အဆီ၊ မိတ်ကပ် နဲ့ တစ်ခါးတစ်ရံ သွားရည်တွေပါ ပေကျံလူးနေပါတယ်။ ဒီလိုအညစ်အကြေးတွေ စိမ့်ဝင်နေတဲ့ အိပ်ယာကို ပုံမှန်သန့်ရှင်း မလုပ်ပေးဖူးဆိုရင် အသားအရေ ယားယံတာ၊ အသက်ရှုလမ်းကြောင်း ပြသနာနဲ့၊ မှိုစွဲတဲ့ ပြသနာတွေကြောင့် နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။

အိပ်ယာပေါ်မှာ အမှုန်အမွှားပေါင်း များစွာရှိပြီး အဲဒါတွေကြောင့် နှာစေးတာ၊ မျက်လုံးယားယံတာ၊ နှာချေတာနဲ့ အခြားမအီမသာဖြစ်တာတွေကြောင့် ညဘက် ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်စေပါတယ်။

အိပ်ယာအသုံးအဆောင်တွေကို လျှော်ဖို့ဆိုရင်တော့ မလျှော်မီ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်၊ စောင်နဲ့ အိပ်ယာခင်း စတာတွေကို ပိုးသေအောင် အပူချိန် ၅၀ ဒီဂရီ အနိမ့်ဆုံးရှိတဲ့ ရေနွေးပူပူနဲ့ အနည်းဆုံး ၁၀ မိနစ်နဲ့အထက် စိမ်ထားပါ။ အဲဒီနောက်မှ အဝတ်လျှော်စက်နဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ ဆပ်ပြာမှုန့်နဲ့ စိမ်ပြီး လျှော်ဖွတ်ပါ။

တတ်နိုင်ရင် မွေ့ယာတွေကို ဖုန်းစုပ်စက်နဲ့ စုပ်ပါ၊ ဒါမှ မွေ့ယာမှာ ကပ်နေတဲ့ ဖုန်းတွေ ဆံချည်မျှင်တွေအားလုံး သန့်ရှင်းသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ အိပ်ယာ ဘယ်လောက်ထွ ညစ်ပတ်နေပြီလဲဆိုတာ ဖုန်းစုပ်ထာတဲ့ ပမာဏကို ခန့်မှန်းကြည့်နိုင်ပါတယ်။

လျှော်ဖွတ်ပြီးသား အိပ်ယာအသုံးအဆောင်တွေ ခြောက်သွေ့သွားပါက တိုက်ရိုက်ပြန်ပြီး အသုံးပြုတာထက် ဖြစ်နိုင်ရင် မီးပူတိုက်ပြီး ပြန်သုံးဖို့ အကြံပြုပါတယ်။ အခုလို အသစ်ပြန်လည် သန့်ရှင်းထားပီးသား အိပ်ယာပေါ်မှာ အိပ်ရတဲ့အရသာဟာ ဘယ်လောက်တောင် ဇိမ်ကျသလဲဆိုတာ သင့်ကို ကိုယ်တိုင်ခံစားစေချင်ပါတယ်။

Credit : popolay

LEAVE A REPLY