Zawgyi ျဖင့္ဖတ္ရန္

လက္ရွိျမန္မာႏိုင္ငံ ႐ုပ္သံလိုင္းေတြျဖစ္တဲ့ MRTV 4, SkyNet တို႔က ႏိုင္ငံတကာမွာ ေအာင္ျမင္ေနတဲ့သီခ်င္းဆိုၿပိဳင္ပြဲေတြကို လိုင္စင္ေတြဝယ္ယူၿပီး ထုတ္လႊင့္႐ိုက္ကူး တင္ဆက္ေနၾကပါတယ္။
ႏိုင္ငံတကာ ၿပိဳင္ပြဲစည္းမ်ဥ္းမ်ားနဲ႔အညီ ျမန္မာမႈျပဳကာ တင္ဆက္ေနၾကတဲ့ Myanmar Idol, The Voice Myanmar, X Factor, Galaxy Star စတဲ့ ၿပိဳင္ပြဲေတြ အားလုံးမွာ လက္ရွိအခ်ိန္ထိ အမ်ိဳးသမီးၿပိဳင္ပြဲဝင္ေတြ တစ္ဦးမွ WINNER ျဖစ္ခြင့္မရၾကေသးတာ အားလုံးအသိပဲျဖစ္ပါတယ္။

အမ်ိဳးသမီးေတြ WINNER ဆုမရၾကတာဟာ အမ်ိဳးသားၿပိဳင္ပြဲဝင္ေတြက ပိုေတာ္လို႔လား ဆိုတဲ့ အျငင္းပြားစရာေတြ ရွိလာပါတယ္။ (တစ္ကယ္ေတာ့ ဒီလိုမဟုတ္ပါဘူး)
ျမန္မာႏိုင္ငံက အဆိုၿပိဳင္ပြဲေတြရဲ႕ သမိုင္းေၾကာင္းကို ျပန္ၾကည့္မယ္ဆိုရင္ ျမန္မာ့အသံနဲ႔ ႐ုပ္ျမင္သံၾကားက စတင္လိုက္တဲ့ “ဆိုၾကမယ္ ေပ်ာ္ၾကမယ္” ဆိုတဲ့ အစီစဥ္ကေန အစခ်ီၾကရမွာျဖစ္ပါတယ္။
သီခ်င္းဆို ၿပိဳင္ပြဲငယ္ေပါင္းမ်ားစြာရွိခဲ့ၾကတဲ့အထဲက ႐ုပ္သံကေန ထုတ္လႊင့္ခဲ့ၿပီး တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေအာင္ျမင္ခဲ့တဲ့ အစီစဥ္ေတြကေတာ့ “ဆိုၾကမယ္ ေပ်ာ္ၾကမယ္” ၊ “Melody World” ၊ “အိမ္မက္ဆုံရာ” “အိမ္က္ဆုံရာ(ရာသက္ပန္)”တို႔ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲေတြ အားလုံးမွာ သက္ဆိုင္ရာ ဂီတနယ္ပယ္အသီးသီးက ပညာရွင္ေတြက ဒိုင္လူႀကီးမင္းမ်ားအျဖစ္ ေဆာင္႐ြက္ခဲ့ၾကပါတယ္။ ဒီကာလေတြမွာ အေရအတြက္အားျဖင့္ နည္းေပမယ့္ အမ်ိဳးသမီး ၿပိဳင္ပြဲဝင္ေတြ WINNER ဆု ထိုက္ထိုက္တန္တန္ ရခဲ့ဖူးၾကပါတယ္။ (မို႔မို႔ေဇာ္ဝင္း၊ နီနီခင္ေဇာ္၊ လုလု) တို႔က လူသိမ်ား ထင္ရွားတဲ့ ၿပိဳင္ပြဲဝင္ေတြ ျဖစ္ၾကပါတယ္။
(Winner မရခဲ့ေပမယ့္ နာမည္ေက်ာ္အဆိုေတာ္ ျဖစ္ေနသူေတြကို မေဖာ္ျပေတာ့ပါ)

လက္ရွိ ၿပိဳင္ေနၾကတဲ့ အဆိုၿပိဳင္ပြဲေတြကေတာ့ ပရိသတ္ေတြရဲ႕ Voting စနစ္ပါ ထည့္သြင္းလာတဲ့အတြက္ ပရိသတ္ေတြရဲ႕ မဲကပါ ၿပိဳင္ပြဲဝင္ေတြရဲ႕ ရလာဒ္ကို သက္ေရာက္ေစပါတယ္။ ေခတ္သစ္ သီခ်င္းဆိုၿပိဳင္ပြဲေတြရဲ႕ သက္တမ္းဟာ ၅ ႏွစ္ေက်ာ္ ၆ ႏွစ္ရွိလာခဲ့ၿပီး Season 4 ေလာက္ထိ အျမင့္ဆုံး ေရာက္လာတဲ့အေျခအေနမွာေတာင္ အမ်ိဳးသမီး ၿပိဳင္ပြဲဝင္ေတြ အရည္အခ်င္းတန္းတူ ရွိပါလွ်က္နဲ႔ WINNER ျဖစ္မလာေသးတာကေတာ့ အမ်ိဳးသမီးထုႀကီးအတြက္ စိတ္မေကာင္းစရာပါ။

Myanmar Idol Winners

၁။ ေစာလားေထာ္ဝါး (Season 1)
၂။ သားငယ္ (Season 2)
၃။ ၿဖိဳးျမတ္ေအာင္ (Season 3) တို႔ ျဖစ္ပါတယ္။

The X Factor Myanmar Winners

၁။ ထြန္းေနာင္ဆင့္ (Season 1)
၂။ David Derrick (Season 2)
၃။ ဟိန္းထိုက္ (Season 3)

Galaxy Star

၁။ ေနမင္းအိမ္

The Voice Myanmar

၁။ ေငြစိုး (Season 1)

ေနာက္တစ္ခါ လာျပန္ပါၿပီ လက္ရွိ ပူပူေႏြးေႏြးမွာ ယွဥ္ၿပိဳင္ေနတဲ့ The Voice Myanmar Season 2 ကလည္း လာမယ့္ တနဂၤေႏြေန႔ ဇြန္လ ၁၆ ရက္ေန႔ဆိုရင္ Winner တစ္ဦး ေပၚထြက္လာေတာ့မွာျဖစ္ပါတယ္။

Finalist ေလးဦးမွာ အမ်ိဳးသားႏွစ္ဦး (Paul Austin ၊ Novem Htoo) နဲ႔ အမ်ိဳးသမီးႏွစ္ဦး (Melody Khong ၊ Hazel) တို႔ ရွိၾကလို႔ ၅၀% စီ Winner ျဖစ္ႏိုင္ေခ်ရွိေနပါတယ္။
ဒါေပမယ့္ အြန္လိုင္းပရိသတ္ေတြရဲ႕ ခန႔္မွန္း စာရင္းမွာေတာ့ “Paul Austin” နဲ႔ “Novem Htoo” တို႔က ဦးေဆာင္ေနတာကို ေတြ႕ရပါတယ္။

“Hazel” နဲ႔ “Melody Khong” ႏွစ္ဦးစလုံးဟာလည္း အမ်ိဳးသားၿပိဳင္ပြဲဝင္ ႏွစ္ေယာက္ထက္ အရည္အခ်င္းမနိမ့္တာကို ပရိသတ္ေတြ ကိုယ္တိုင္ အႀကိမ္ႀကိမ္ေတြ႕ျမင္ခဲ့ရၿပီ ျဖစ္ပါတယ္။
လက္ရွိၿပိဳင္ပြဲဝင္ ၄ ေယာက္လုံးမွာ ဘယ္သူပဲ Winner ျဖစ္ျဖစ္ ပရိသတ္က လက္ခံေပးႏိုင္တဲ့ အေနအထားျဖစ္ပါတယ္။
ပရိသတ္ေတြကိုယ္တိုင္ Vote ေပးႏိုင္တဲ့ လက္ထက္ အဆိုၿပိဳင္ပြဲေတြက်မွ မိန္းကေလးေတြ ဒီတစ္သက္ Winner ျဖစ္မလာႏိုင္ေတာ့ဘူးဆိုတဲ့ ေကာလဟာလ ေတြကလည္း ယုံၾကည္ခ်က္တစ္ခုလို ခိုင္မာလာေနၾကပါတယ္။

ဒီေတာ့ ပရိသတ္ေတြကိုယ္တိုင္က မိန္းကေလးေတြကို Winner ျဖစ္ေစခ်င္တဲ့ဆႏၵက ပိုမ်ားသလား၊ ဒါမွမဟုတ္ ေယာက်ာ္းေလးေတြကိုပဲ Winner ျဖစ္ေစခ်င္တဲ့ စိတ္က ပိုအေလးသာေနသလားဆိုတာကေတာ့ (ေတာ္တာကေတာ့ ၄ ေယာက္လုံး ေတာ္တယ္ေနာ္) ပရိသတ္ေတြရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြေပၚမွာပဲ မူတည္ေနပါတယ္။

ဆႏၵသာရွိၿပီး Vote ေပးဖို႔ တုံးဆိုင္းေနရင္လည္း အေျဖကထက္တူက်ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ အျဖကိုေတာ့ ဒီတစ္ပတ္ တနဂၤေႏြေန႔ည ၉ နာရီ MRTV 4 ႐ုပ္သံလိုင္းကေန ေစာင့္ၾကည့္ၾကရ ဦးမွာျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

သီချင်းဆိုပြိုင်ပွဲတွေမှာ ဒီတစ်သက် မိန်းကလေးတွေ WINNER ဖြစ်နိုင်ပါဦးမလား..?

လက်ရှိမြန်မာနိုင်ငံ ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV 4, SkyNet တို့က နိုင်ငံတကာမှာ အောင်မြင်နေတဲ့သီချင်းဆိုပြိုင်ပွဲတွေကို လိုင်စင်တွေဝယ်ယူပြီး ထုတ်လွှင့်ရိုက်ကူး တင်ဆက်နေကြပါတယ်။
နိုင်ငံတကာ ပြိုင်ပွဲစည်းမျဉ်းများနဲ့အညီ မြန်မာမှုပြုကာ တင်ဆက်နေကြတဲ့ Myanmar Idol, The Voice Myanmar, X Factor, Galaxy Star စတဲ့ ပြိုင်ပွဲတွေ အားလုံးမှာ လက်ရှိအချိန်ထိ အမျိုးသမီးပြိုင်ပွဲဝင်တွေ တစ်ဦးမှ WINNER ဖြစ်ခွင့်မရကြသေးတာ အားလုံးအသိပဲဖြစ်ပါတယ်။

အမျိုးသမီးတွေ WINNER ဆုမရကြတာဟာ အမျိုးသားပြိုင်ပွဲဝင်တွေက ပိုတော်လို့လား ဆိုတဲ့ အငြင်းပွားစရာတွေ ရှိလာပါတယ်။ (တစ်ကယ်တော့ ဒီလိုမဟုတ်ပါဘူး)
မြန်မာနိုင်ငံက အဆိုပြိုင်ပွဲတွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက စတင်လိုက်တဲ့ “ဆိုကြမယ် ပျော်ကြမယ်” ဆိုတဲ့ အစီစဉ်ကနေ အစချီကြရမှာဖြစ်ပါတယ်။
သီချင်းဆို ပြိုင်ပွဲငယ်ပေါင်းများစွာရှိခဲ့ကြတဲ့အထဲက ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်ခဲ့တဲ့ အစီစဉ်တွေကတော့ “ဆိုကြမယ် ပျော်ကြမယ်” ၊ “Melody World” ၊ “အိမ်မက်ဆုံရာ” “အိမ်က်ဆုံရာ(ရာသက်ပန်)”တို့ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲတွေ အားလုံးမှာ သက်ဆိုင်ရာ ဂီတနယ်ပယ်အသီးသီးက ပညာရှင်တွေက ဒိုင်လူကြီးမင်းများအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီကာလတွေမှာ အရေအတွက်အားဖြင့် နည်းပေမယ့် အမျိုးသမီး ပြိုင်ပွဲဝင်တွေ WINNER ဆု ထိုက်ထိုက်တန်တန် ရခဲ့ဖူးကြပါတယ်။ (မို့မို့ဇော်ဝင်း၊ နီနီခင်ဇော်၊ လုလု) တို့က လူသိများ ထင်ရှားတဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်ကြပါတယ်။
(Winner မရခဲ့ပေမယ့် နာမည်ကျော်အဆိုတော် ဖြစ်နေသူတွေကို မဖော်ပြတော့ပါ)

လက်ရှိ ပြိုင်နေကြတဲ့ အဆိုပြိုင်ပွဲတွေကတော့ ပရိသတ်တွေရဲ့ Voting စနစ်ပါ ထည့်သွင်းလာတဲ့အတွက် ပရိသတ်တွေရဲ့ မဲကပါ ပြိုင်ပွဲဝင်တွေရဲ့ ရလာဒ်ကို သက်ရောက်စေပါတယ်။ ခေတ်သစ် သီချင်းဆိုပြိုင်ပွဲတွေရဲ့ သက်တမ်းဟာ ၅ နှစ်ကျော် ၆ နှစ်ရှိလာခဲ့ပြီး Season 4 လောက်ထိ အမြင့်ဆုံး ရောက်လာတဲ့အခြေအနေမှာတောင် အမျိုးသမီး ပြိုင်ပွဲဝင်တွေ အရည်အချင်းတန်းတူ ရှိပါလျှက်နဲ့ WINNER ဖြစ်မလာသေးတာကတော့ အမျိုးသမီးထုကြီးအတွက် စိတ်မကောင်းစရာပါ။

Myanmar Idol Winners

၁။ စောလားထော်ဝါး (Season 1)
၂။ သားငယ် (Season 2)
၃။ ဖြိုးမြတ်အောင် (Season 3) တို့ ဖြစ်ပါတယ်။

The X Factor Myanmar Winners

၁။ ထွန်းနောင်ဆင့် (Season 1)
၂။ David Derrick (Season 2)
၃။ ဟိန်းထိုက် (Season 3)

Galaxy Star

၁။ နေမင်းအိမ်

The Voice Myanmar

၁။ ငွေစိုး (Season 1)

နောက်တစ်ခါ လာပြန်ပါပြီ လက်ရှိ ပူပူနွေးနွေးမှာ ယှဉ်ပြိုင်နေတဲ့ The Voice Myanmar Season 2 ကလည်း လာမယ့် တနင်္ဂနွေနေ့ ဇွန်လ ၁၆ ရက်နေ့ဆိုရင် Winner တစ်ဦး ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။

Finalist လေးဦးမှာ အမျိုးသားနှစ်ဦး (Paul Austin ၊ Novem Htoo) နဲ့ အမျိုးသမီးနှစ်ဦး (Melody Khong ၊ Hazel) တို့ ရှိကြလို့ ၅၀% စီ Winner ဖြစ်နိုင်ချေရှိနေပါတယ်။
ဒါပေမယ့် အွန်လိုင်းပရိသတ်တွေရဲ့ ခန့်မှန်း စာရင်းမှာတော့ “Paul Austin” နဲ့ “Novem Htoo” တို့က ဦးဆောင်နေတာကို တွေ့ရပါတယ်။

“Hazel” နဲ့ “Melody Khong” နှစ်ဦးစလုံးဟာလည်း အမျိုးသားပြိုင်ပွဲဝင် နှစ်ယောက်ထက် အရည်အချင်းမနိမ့်တာကို ပရိသတ်တွေ ကိုယ်တိုင် အကြိမ်ကြိမ်တွေ့မြင်ခဲ့ရပြီ ဖြစ်ပါတယ်။
လက်ရှိပြိုင်ပွဲဝင် ၄ ယောက်လုံးမှာ ဘယ်သူပဲ Winner ဖြစ်ဖြစ် ပရိသတ်က လက်ခံပေးနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
ပရိသတ်တွေကိုယ်တိုင် Vote ပေးနိုင်တဲ့ လက်ထက် အဆိုပြိုင်ပွဲတွေကျမှ မိန်းကလေးတွေ ဒီတစ်သက် Winner ဖြစ်မလာနိုင်တော့ဘူးဆိုတဲ့ ကောလဟာလ တွေကလည်း ယုံကြည်ချက်တစ်ခုလို ခိုင်မာလာနေကြပါတယ်။

ဒီတော့ ပရိသတ်တွေကိုယ်တိုင်က မိန်းကလေးတွေကို Winner ဖြစ်စေချင်တဲ့ဆန္ဒက ပိုများသလား၊ ဒါမှမဟုတ် ယောကျာ်းလေးတွေကိုပဲ Winner ဖြစ်စေချင်တဲ့ စိတ်က ပိုအလေးသာနေသလားဆိုတာကတော့ (တော်တာကတော့ ၄ ယောက်လုံး တော်တယ်နော်) ပရိသတ်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေပေါ်မှာပဲ မူတည်နေပါတယ်။

ဆန္ဒသာရှိပြီး Vote ပေးဖို့ တုံးဆိုင်းနေရင်လည်း အဖြေကထက်တူကျနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အဖြကိုတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ စောင့်ကြည့်ကြရ ဦးမှာဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY