Zawgyi ဖြင့်ဖတ်ရန်












Credti : Aunty May

Unicode ဖြင့်ဖတ်ရန်

သင့်ကိုနက်နက်ရှိုင်းရှိုင်းချစ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာများ

မိန်းကလေးတွေဟာ ချစ်ပြီဆိုရင် ရူးမတတ်ချစ်တတ်ကြပါတယ်။ ဘဝတစ်ခုလုံးကိုတောင် အချစ်အတွက်ပေးဆပ်ရဲတဲ့သူတွေပါ။ သင့်ကိုနက်နက်ရှိုင်းရှိုင်းချစ်တဲ့ မိန်းကလေးတစ်ယောက်ကို လက်လွှတ်မိသွားရင် သင်ဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို တကယ်ချစ်တဲ့မိန်းကလေးတစ်ယောက်မှန်း သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ရဲ့ Background ကိုစိတ်မဝင်စားဘူး

သင့်ကိုနက်နက်ရှိုင်းရှိုင်းချစ်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ သင့်ရဲ့နောက်ကြောင်းတွေ၊ Background တွေကို လုံးဝစိတ်မဝင်စားပါဘူး။ သင်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သင့်ရဲ့အရှိကိုအရှိအတိုင်း လက်ခံဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်နေလို့ပါ။ သူ့အတွက် သင့်ရဲ့ ချမ်းသာမှု၊ ဆင်းရဲမှု၊ ပညာတတ်မှု၊ ပညာမဲ့မှုတွေဟာ အရေးမကြီးပါဘူး။

(၂) သင့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ပေးတယ်

မိန်းကလေးတစ်ယောက်ဟာ နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့အခါ အဲ့ဒီ့လူရဲ့ အဆိုးမှန်သမျှကို ပြုပြင်ဖုံးကွယ်ပေးချင်ပါတယ်။ ချစ်သူကို သူများအပြောအဆိုခံရမှာ၊ သူများအနှိမ်ခံရမှာ မလိုလားတဲ့အတွက် အပြစ်တွေ၊ အားနည်းချက်တွေအားလုံးကို ဖုံးကွယ်ပေးထားတတ်ကြပါတယ်။

(၃) သင့်ကို အမြဲအားပေးတယ်

မိန်းကလေးတစ်ယောက်ဟာ တကယ်နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့အခါ ချစ်သူကို သနားလာပါတယ်။ ဘာလုပ်လုပ်အပြစ်မမြင်တော့သလို၊ အမြဲတမ်း အားပေးပြီးချစ်သူကို နှစ်သိမ့်တတ်တဲ့သူတွေပါ။ ချစ်သူရဲ့ ဝမ်းနည်းခြင်းတွေကို မျှဝေခံစားပေးပြီး အမြဲတမ်း အားပေးကူညီတတ်ကြတဲ့သူတွေပါ။

(၄) သင့်အနားမှာအမြဲရှိတယ်

မိန်းကလေးတစ်ယောက်ဟာ နက်နက်ရှိုင်းရှိုင်းချစ်မိသွားပြီဆိုရင် ချစ်သူကို တွယ်ကပ်သလို ဖြစ်သွားတတ်ပါတယ်။ ချစ်သူကို အနားမှာပဲ အချိန်ပြည့်ရှိစေချင်သလို၊ ခဏလေးတောင်မှ မခွဲနိုင်ပါဘူး။ ဒီခံစားချက်ကို တကယ်ချစ်ဖူးတဲ့သူတွေ နားလည်ပါတယ်။

(၅) သင်လိုအပ်တာတွေကို ဖြည့်ဆည်းပေးတယ်

မိန်းကလေးတစ်ယောက်ဟာ တကယ်နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့အခါမှာ သင်လိုအပ်တာတွေ အားလုံးကို ဖြည့်ဆည်းပေးချင်လာပါတယ်။ ကိုယ်တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ ချစ်သူရဲ့ ဆန္ဒ၊ လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးဖို့ကြိုးစားကြပါတယ်။

Credti : Aunty May

LEAVE A REPLY