Zawgyi ဖြင့်ဖတ်ရန်






Source_ချယ်ရီ

Unicode ဖြင့်ဖတ်ရန်

အမေရိကန်ပြည်ထောင်စု အိုဟိုင်း ယိုးပြည်နယ်တွင် နေထိုင်သည့်အမျိုးသမီး တစ်ဦးသည် ယောက်ျားနှစ်ဦးယူထားပြီး ထိုနှစ်ဦး၊ သားသမီးသုံးဦးတို့နှင့်တစ်အိမ် တည်း အတူနေသည်။ ]ကျွန်မမှာ ယော က်ျားနှစ်ယောက်ရှိတယ်ဆိုတာ အမျိုး သားတွေသိသွားရင် ]နောက်တစ်ယောက် ထပ်မလိုချင်ဘူးလား] လို့ ကျွန်မကို မေး ကြတယ်] ဟု ၎င်းက ပြောပြသည်။

အဲ လက်စီယာဆိုသည့် အမျိုးသမီးသည် ဒိုး ဆိုသည့် အမျိုးသားနှင့်လက်ထပ်ထားစဉ် ဂျေးကော့ဘ်ဆိုသည့် အမျိုးသားနှင့်ဆုံ မိသွားခြင်းဖြစ်သည်။ ဂျေးကော့ဘ်ကို ချစ် မိသွားကြောင်း ခင်ပွန်းသည်ကို ဖွင့် ပြောသောအခါ ]မင်းငါ့ကိုအရင်လိုပဲ အ ပြည့်အဝချစ်နေသမျှတော့ဘာမှမဖြစ်ပါ ဘူး။

သုံးယောက်တစ်မိုးအောက်အတူနေ ရင် အဆင်ပြေမလား စမ်းကြည့်တာပေါ့]ဟု ခင်ပွန်းဖြစ်သူ ဒိုးက ဆိုသည်။ ထိုအ ချိန်တွင် ၎င်းတို့တွင် သားနှစ်ဦး ရှိနေပြီ ဖြစ်သည်။ ဂျေးကော့ဘ်ပါ အိမ်ပေါ် ရောက်လာသောအခါ လူကြီးသုံးဦးလုံး သည် အိပ်ခန်းတစ်ခန်းတည်းတွင် အတူ နေကြသည်။

အိမ်ထောင်သက် ၁၅ နှစ် အကြာ လွန်ခဲ့သည့် ရှစ်နှစ်တွင် ၎င်းတို့ ဘဝထဲသို့ ဂျေးကော့ဘ်ရောက်လာခြင်း ဖြစ်သည်။ ၎င်းတို့သုံးဦးသည် အကျဉ်း ချုံးမင်္ဂလာဆောင်ကို ၂၀၁၆ ခုနှစ်တွင် လုပ်ခဲ့ကြသည်။ သို့သော် စာချုပ်တွင် တရားဝင်လက်မှတ်ထိုးမထားပေ။ ၎င်းတို့ သုံးဦးသည် အငယ်ဆုံးသမီးပါရသွားပြီဖြစ် သည်။

သို့သော် ထိုသမီးလေး၏ ဖခင် မည်သူမည်ဝါဆိုသည်ကို ၎င်းတို့က ထုတ် မပြောပေ။ အများနှင့်မတူတစ်မူထူးနေ သော်လည်း ၎င်းတို့အိမ်ထောင်ရေး အ ဆင်ပြေသည်ဟု သုံးဦးလုံးကဆိုသည်။

Source_ချယ်ရီ

LEAVE A REPLY