Zawgyi ျဖင့္ဖတ္ရန္

အရည္အေသြးျမင့္ ႐ုပ္ရွင္ဇာတ္ကား ၂ကားနဲ႔ ျမန္မာပရိသတ္ေတြ ရဲ႕ တစ္ခဲနက္အားေပးျခင္း ခံခဲ့ရတဲ့သ႐ုပ္ေဆာင္ ဇဏ္ခီ နဲ႔ ဒါ႐ိုက္တာ ခရစၥတီးနားခီ ဇနီးေမာင္ႏွံ တို႔ဟာ ဆိုရင္ ပရိသတ္ေတြ ခ်စ္ခင္အားေပးရတဲ့ အႏုပညာရွင္ေတြပါ။ သူတို႔ရဲ႕ ႐ုပ္ရွင္ဇာတ္ကား ၂ ကားျဖစ္တဲ့ ဥပါယ္တံမ်ဥ္ ႐ုပ္ရွင္ ဇာတ္ကား နဲ႔ မုျဒာေခၚသံ ႐ုပ္ရွင္ ဇာတ္ကားေတြက ပရိသတ္ေတြၾကားမွာ အရမ္းကို နာမည္ႀကီးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ခ်စ္ပရိသတ္ေတြအတြက္ဇဏ္ခီ နဲ႔ခရစၥတီးနားခီ တို႔ဇနီးေမာင္ႏွံ ရဲ႕မဂၤလာႏွစ္ပတ္လည္ေန႔ေလးမွာ ဇနီးျဖသူ သိခ်င္ေနတဲ့ ေမးခြန္းကို ေျဖလိုက္တဲ့အေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ဇဏ္ခီ နဲ႔ ခရစၥတီးနားခီ တို႔ဇနီးေမာင္ႏွံ က တစ္ေယာက္ကို တစ္ေယာက္ေလးစား တန္ဖိုးထားၾကတဲ့ ဇနီးေမာင္ႏွံ ဆိုတာ ပရိသတ္ေတြ သိေလာက္မယ္ထင္ပါတယ္။ ဒီေန႔ေလးကေတာ့ အႏုပညာအလုပ္ကို အတူလုပ္ၿပီး ဇာတ္ကားေကာင္း ေတြဖန္တီးေနၾကတဲ့ သူတို႔ ဇနီးေမာင္ႏွံ ႏွစ္ဦးရဲ႕ မဂၤလာႏွစ္ပတ္လည္ေန႔ေလးပဲ ျဖစ္ပါတယ္။

ဒီတစ္ခါမွာေတာ့ ဇနီးျဖစ္သူ ခရစၥတီးနားခီ က ခ်စ္သူစျဖစ္တဲ့အခ်ိန္တည္းက ဘာေၾကာင့္ခ်စ္တာလဲလို႔ ခုအခ်ိန္ထိ ေမးခဲ့ေပမယ့္ ဘာေၾကာင့္ခ်စ္တယ္ဆိုတာ အေျဖမရွိခဲ့တဲ့အတြက္ မသိဘူးလို႔ေျဖခဲ့တယ္လို႔သိရပါတယ္။ ဒီေန႔က်ေရာက္တဲ့ မဂၤလာႏွစ္ပတ္လည္ ေန႔ေလးမွာေတာ့ ခ်စ္ဇနီးေလး အရမ္းသိခ်င္ခဲ့တဲ့အေျဖကို ေျပာျပသြားခဲ့တာပဲ ျဖစ္ပါတယ္။

ဇဏ္ခီက Happy Annie My Loveဘာလို႔ခ်စ္တာလဲ လို႔ေမးတိုင္း မသိဘူးေလလို႔ေျဖမိတိုင္း စိတ္ေကာက္ေကာက္သြားတတ္တယ္။ တကယ္လဲဘာလို႔လဲလို႔ကိုယ့္ကိုယ္ကိုေတြးတိုင္း အေျဖမထြက္ဘူး။ သီခ်င္းေရးသူတစ္ေယာက္အေနနဲ႔ ၾကားေကာင္းေအာင္ ေႂကြက်ေအာင္ ေလွ်ာက္ေျပာလို႔ေတာ့ရတာေပါ့ေနာ္။

 

 

တစ္ခုေသခ်ာမွတ္မိတာကေတာ့ သူငယ္ခ်င္းေတြစျဖစ္တုန္းက သူ႔ကိုေတြ႕ၿပီဆိုရင္ေပ်ာ္တယ္။ သူက ကိုယ့္ကိုၿပဳံးျပ ရယ္ျပတယ္ဆိုရင္ ရင္ထဲမွာေႏြးေထြးေစတယ္ လုံၿခံွမႈတစ္ခုခံစားရတယ္။ ဒ႑ာရီ သီခ်င္းထဲကစာသားလို အတိတ္ဘဝက ဆုံခဲ့ဖူးသလား ဆိုတဲ့ ခံစားခ်က္မ်ိဳးျဖစ္တယ္။ ေန႔တိုင္းေတြ႕ခ်င္ေနမိတယ္။ သူ႔စကားေျပာသံေတြ အၿမဲၾကားေနခ်င္မိတယ္။ ဒါက အစေပါ့ေနာ္။

ရည္းစားေတြျဖစ္ၿပီးေတာ့ စကားမ်ား ရန္ေတြျဖစ္ေတာ့လဲ ထူးဆန္းတယ္။ တစ္ခါတစ္ေလေျပာတာေတြကလြန္ကုန္ၿပီး ျပတ္မယ္ဆိုလဲ ျပတ္လို႔ရေလာက္တဲ့အေနအထားေတြေရာက္ကုန္တယ္။ ဒါေပမယ့္ ေပကပ္ၿပီးဆက္တြဲတယ္။ ေတးထားခဲ့ဖူးတာေတြ အခုျပန္မွတ္မိဖို႔ႀကိဳးစားလဲ မမွတ္မိေတာ့ဘူး။အဲ့ဒါ အခ်စ္လား” ဆိုၿပီး ေျပာျပခဲ့တာပါ။ဇဏ္ခီ နဲ႔ ခရစၥတီးနားခီ ရဲ႕ ပုံရိပ္ကေလးေတြကို ပရိသတ္ေတြ သေဘာက်လိမ့္မယ္ထင္ပါတယ္။ ၾကည့္႐ူေပးၾကတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဇနီးက “ဘာကြောင့်ချစ်တာလဲ “လို့ မေးတိုင်း မသိဘူးလို့ပြောခဲ့တဲ့ အဖြေကို Annie day မှာထုတ်ပြောလိုက်တဲ့ ဇဏ်ခီ

အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကား ၂ကားနဲ့ မြန်မာပရိသတ်တွေ ရဲ့ တစ်ခဲနက်အားပေးခြင်း ခံခဲ့ရတဲ့သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ တို့ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပါ။ သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားဖြစ်တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကား နဲ့ မုဒြာခေါ်သံ ရုပ်ရှင် ဇာတ်ကားတွေက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက်ဇဏ်ခီ နဲ့ခရစ္စတီးနားခီ တို့ဇနီးမောင်နှံ ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ဇနီးဖြသူ သိချင်နေတဲ့ မေးခွန်းကို ဖြေလိုက်တဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။

ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံ က တစ်ယောက်ကို တစ်ယောက်လေးစား တန်ဖိုးထားကြတဲ့ ဇနီးမောင်နှံ ဆိုတာ ပရိသတ်တွေ သိလောက်မယ်ထင်ပါတယ်။ ဒီနေ့လေးကတော့ အနုပညာအလုပ်ကို အတူလုပ်ပြီး ဇာတ်ကားကောင်း တွေဖန်တီးနေကြတဲ့ သူတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဇနီးဖြစ်သူ ခရစ္စတီးနားခီ က ချစ်သူစဖြစ်တဲ့အချိန်တည်းက ဘာကြောင့်ချစ်တာလဲလို့ ခုအချိန်ထိ မေးခဲ့ပေမယ့် ဘာကြောင့်ချစ်တယ်ဆိုတာ အဖြေမရှိခဲ့တဲ့အတွက် မသိဘူးလို့ဖြေခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ကျရောက်တဲ့ မင်္ဂလာနှစ်ပတ်လည် နေ့လေးမှာတော့ ချစ်ဇနီးလေး အရမ်းသိချင်ခဲ့တဲ့အဖြေကို ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဇဏ်ခီက Happy Annie My Loveဘာလို့ချစ်တာလဲ လို့မေးတိုင်း မသိဘူးလေလို့ဖြေမိတိုင်း စိတ်ကောက်ကောက်သွားတတ်တယ်။ တကယ်လဲဘာလို့လဲလို့ကိုယ့်ကိုယ်ကိုတွေးတိုင်း အဖြေမထွက်ဘူး။ သီချင်းရေးသူတစ်ယောက်အနေနဲ့ ကြားကောင်းအောင် ကြွေကျအောင် လျှောက်ပြောလို့တော့ရတာပေါ့နော်။

တစ်ခုသေချာမှတ်မိတာကတော့ သူငယ်ချင်းတွေစဖြစ်တုန်းက သူ့ကိုတွေ့ပြီဆိုရင်ပျော်တယ်။ သူက ကိုယ့်ကိုပြုံးပြ ရယ်ပြတယ်ဆိုရင် ရင်ထဲမှာနွေးထွေးစေတယ် လုံခြံှမှုတစ်ခုခံစားရတယ်။ ဒဏ္ဍာရီ သီချင်းထဲကစာသားလို အတိတ်ဘဝက ဆုံခဲ့ဖူးသလား ဆိုတဲ့ ခံစားချက်မျိုးဖြစ်တယ်။ နေ့တိုင်းတွေ့ချင်နေမိတယ်။ သူ့စကားပြောသံတွေ အမြဲကြားနေချင်မိတယ်။ ဒါက အစပေါ့နော်။

ရည်းစားတွေဖြစ်ပြီးတော့ စကားများ ရန်တွေဖြစ်တော့လဲ ထူးဆန်းတယ်။ တစ်ခါတစ်လေပြောတာတွေကလွန်ကုန်ပြီး ပြတ်မယ်ဆိုလဲ ပြတ်လို့ရလောက်တဲ့အနေအထားတွေရောက်ကုန်တယ်။ ဒါပေမယ့် ပေကပ်ပြီးဆက်တွဲတယ်။ တေးထားခဲ့ဖူးတာတွေ အခုပြန်မှတ်မိဖို့ကြိုးစားလဲ မမှတ်မိတော့ဘူး။အဲ့ဒါ အချစ်လား” ဆိုပြီး ပြောပြခဲ့တာပါ။ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်

share from : burmese.asia

LEAVE A REPLY