Zawgyi ျဖင့္ဖတ္ရန္

 

စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္မႈေၾကာင့္ ျမန္မာႏိုင္ငံ၏ စတုတၳေျမာက္ ဆယ္သြယ္ေရး ေအာ္ပေရတာျဖစ္သည့္ Telecom International Myanmar Co.,Ltd(MyTel) ကို ဒဏ္ေငြ က်ပ္သန္း ၃၀၀ တိတိခ်မွတ္ခဲ့ၿပီး သတိေပးမႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာျခင္းမရွိသည့္အတြက္ လိုင္စင္ရရွိသူမ်ားကို ယခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ေန႔ေနာက္ပိုင္း အေရးယူေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ဇူလိုင္ ၁၈ ရက္စြဲျဖင့္ ယင္းဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ယင္းသို႔ ေဖာ္ျပထားသည္။

MyTel သည္ ေဈးႏႈန္းႏွင့္ အခြန္စည္းၾကပ္မႈဆိုင္ရာ မူေဘာင္(Pricing and Tariff Regulatory Framework)ပါ ၫႊန္ၾကားခ်က္ႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္ခဲ့ၿပီး လိုင္စင္ထုတ္ေပးျခင္းဆိုင္ရာ နည္းဥပေဒမ်ား အပိုဒ္ ၄၁(က)(၃)ႏွင့္ လုပ္ငန္းလိုင္စင္အပိုဒ္ 4.7(d)(iii)တို႔အရ ဒဏ္ေငြ က်ပ္သန္း ၃၀၀ တိတိကို မတ္ ၁၉ ရက္တြင္ ခ်မွတ္ခံခဲ့ရေၾကာင္း ယင္းထုတ္ျပန္ခ်က္အရ သိရသည္။

MyTel သည္ လိုင္စင္ပါစည္းကမ္းခ်က္တရပ္ကို လိုက္နာရန္ပ်က္ကြက္ျခင္းႏွင့္ Coverage တြက္ခ်က္ရာတြင္ အသုံးျပဳရမည့္ Site Data မွန္ကန္စြာ ေပးပို႔တင္ျပမႈမရွိျခင္းေၾကာင့္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၅၇(က) စီမံခန႔္ခြဲေရး နည္းလမ္းအရ ေမ ၁၇ ရက္တြင္ သတိေပးျခင္းခံခဲ့ရၿပီး Pricing and Tariff Regulatory Framework ပါ ၫႊန္ၾကားခ်က္ႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္ျခင္းေၾကာင့္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၅၇(က) စီမံခန႔္ခြဲေရး နည္းလမ္းအရ ဇြန္ ၁၉ ရက္တြင္ ထပ္မံသတိေပးျခင္းခံခဲ့ရေၾကာင္း သိရသည္။

Telenor Myanmar Limited ကိုလည္း Pricing and Tariff Regulatory Framework ပါ ၫႊန္ၾကားခ်က္ႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္ျခင္းေၾကာင့္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၅၇(က) စီမံခန႔္ခြဲေရး နည္းလမ္းအရ ဇြန္ ၁၉ ရက္တြင္ သတိေပးခဲ့ေၾကာင္း သိရသည္။

Amara Communications Co.,Ltdကိုလည္း ခြင့္ျပဳခ်က္မရဘဲ မိုက္ခ႐ိုေဝ့ဗ္လင့္ခ္ အသုံးျပဳျခင္းေၾကာင့္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၅၇(က) စီမံခန႔္ခြဲေရး နည္းလမ္းအရ ေမ ၆ ရက္တြင္ သတိေပးခဲ့ေၾကာင္း သိရသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဈေးနှုန်းနှင့် အခွန် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် MyTel ဒဏ်ငွေ ကျပ်သန်း ၃၀၀ ချမှတ်ခံရ

စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှုကြောင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆယ်သွယ်ရေး အော်ပရေတာဖြစ်သည့် Telecom International Myanmar Co.,Ltd(MyTel) ကို ဒဏ်ငွေ ကျပ်သန်း ၃၀၀ တိတိချမှတ်ခဲ့ပြီး သတိပေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်အတွက် လိုင်စင်ရရှိသူများကို ယခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့နောက်ပိုင်း အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဇူလိုင် ၁၈ ရက်စွဲဖြင့် ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယင်းသို့ ဖော်ပြထားသည်။

MyTel သည် ဈေးနှုန်းနှင့် အခွန်စည်းကြပ်မှုဆိုင်ရာ မူဘောင်(Pricing and Tariff Regulatory Framework)ပါ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့ပြီး လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၄၁(က)(၃)နှင့် လုပ်ငန်းလိုင်စင်အပိုဒ် 4.7(d)(iii)တို့အရ ဒဏ်ငွေ ကျပ်သန်း ၃၀၀ တိတိကို မတ် ၁၉ ရက်တွင် ချမှတ်ခံခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

MyTel သည် လိုင်စင်ပါစည်းကမ်းချက်တရပ်ကို လိုက်နာရန်ပျက်ကွက်ခြင်းနှင့် Coverage တွက်ချက်ရာတွင် အသုံးပြုရမည့် Site Data မှန်ကန်စွာ ပေးပို့တင်ပြမှုမရှိခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇(က) စီမံခန့်ခွဲရေး နည်းလမ်းအရ မေ ၁၇ ရက်တွင် သတိပေးခြင်းခံခဲ့ရပြီး Pricing and Tariff Regulatory Framework ပါ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇(က) စီမံခန့်ခွဲရေး နည်းလမ်းအရ ဇွန် ၁၉ ရက်တွင် ထပ်မံသတိပေးခြင်းခံခဲ့ရကြောင်း သိရသည်။

Telenor Myanmar Limited ကိုလည်း Pricing and Tariff Regulatory Framework ပါ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇(က) စီမံခန့်ခွဲရေး နည်းလမ်းအရ ဇွန် ၁၉ ရက်တွင် သတိပေးခဲ့ကြောင်း သိရသည်။

Amara Communications Co.,Ltdကိုလည်း ခွင့်ပြုချက်မရဘဲ မိုက်ခရိုဝေ့ဗ်လင့်ခ် အသုံးပြုခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇(က) စီမံခန့်ခွဲရေး နည်းလမ်းအရ မေ ၆ ရက်တွင် သတိပေးခဲ့ကြောင်း သိရသည်။

share from : burmese.asia

LEAVE A REPLY