Zawgyi ဖြင့်ဖတ်ရန်

 





😅😆😂

(ပုံပြင်သာဖြစ်သည်)

Credit : O’chu (Thet Cho)

Unicode ဖြင့်ဖတ်ရန်

ATMစက်ထဲက ကဒ် ပြန်ထွက်မလာတော့ဘူးဆိုရင် ဖြေရှင်းရမယ့် အကောင်းဆုံးနည်းလမ်း

ပြတ်တုန်း လပ်တုန်း ၂၃ ဆိုတဲ့အတိုင်း… ကိုစိုးဝင်းတစ်ယောက် ATM စက်ထဲက ရှိစုမဲ့စုလေး ထုတ်ပါတယ်…ပိုက်ဆံထွက်မလာတဲ့အပြင် ကဒ်ပါဝါးသွားတယ်….။အဲဒါနဲ့ ဘဏ်ကိုဖုန်းဆက်ပြီးပြောတာပေါ့…

ဘဏ်က ရုံးပိတ်ရက်မို့လို့ တနင်္လာနေ့ကြရင်အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး ပြန်ဖြေပါတယ်…။ကိုစိုးဝင်း ဘဝင်မကျနိုင်….

ပိုက်ဆံသုံးစရာမရှိလို့ လာထုတ်ခါမှ ကဒ်ပါထွက်မလာတော့ဘူးဆိုတော့….ရုံးပိတ်ရက်အတွင်း ကျုပ်က ရေသောက်နေရမှာလား…အကြံတစ်ခုရသွားပြန်တယ်….ဘဏ် hotline ကိုဖုန်းဆက်ပြီး…” အမ….အမတို့….***လမ်းက ATM စက်ကြီးကလေ…
ကျနော် တစ်သောင်းတည်း ထုတ်တာကို တစ်သောင်းတန်တွေ ၁၀ ရွက်လောက်ထွက်လာတယ်ဗျ… ”

မကြာပါဘူး….. ဘဏ်က service team ကြီး ကားတစ်စီးနဲ့ရောက်လာပါလေရော…..၊ကိုစိုးဝင်းကဒ်လည်းထုတ်လို့ရသွားသလို ငွေလည်းထုတ်လို့ရသွားတယ်….လွယ်တော့မလွယ်ဘူး ရိုးသားရတာပေါ့… ကွန်ပလိန်းတက်ချင်းအနုပညာ….။

😅😆😂

(ပုံပြင်သာဖြစ်သည်)

Credit : O’chu (Thet Cho)

LEAVE A REPLY