Zawgyi ဖြင့်ဖတ်ရန်

 




(၂) ဟာသဉာဏ်ရှိခြင်း


(၃) တိကျပြတ်သားခြင်း


လွယ်လွယ်နဲ့အရှုံးမပေးတတ်တာ၊ ဇွဲရှိတာ၊ စိတ်ဓာတ်ခိုင်မာတာဟာ ယောက်ျားလေးတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတဲ့ အချက်တစ်ခုပါ။







Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

အမျိုးသားတစ်ယောက်ကို ဆွဲဆောင်မှုရှိသူတစ်ယောက် ဖြစ်စေနိုင်တဲ့အချက်(၈)ချက်

ဆွဲဆောင်မှုရှိတယ်လို့ ပြောရာမှာ မိန်းကလေးတွေပဲမဟုတ်ပါဘူး၊ ယောကျာ်းလေးတွေလည်း ဆွဲဆောင်မှုရှိကြပါ တယ်။ဒါပေမယ့် အပေါ်ယံအမြင်နဲ့သတ်မှတ်တာမျိုးမဟုတ်ဘဲ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ တခြားအချက်တွေနဲ့ သတ် မှတ်တာမျိုးပါ။ ဒီတော့ ယောကျာ်းလေးတစ်ယောက်ကို ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ဖို့ ဘယ်အချက်တွေ နဲ့သ တ်မှတ်ကြတာလဲ ဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတစ်ယောက်က ရုပ်ချောသည်ဖြစ်စေ၊ မချောသည်ဖြစ်စေ ဆွဲဆောင်မှုရှိပါတယ်။ ဘယ်သူတွေဘာထင်ထင်ဂရုမစိုက်ဘူးဆိုတဲ့ မထီမဲ့မြင်ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့။

(၂) ဟာသဉာဏ်ရှိခြင်း

ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဟာသဉာဏ်ရှိတဲ့သူ၊ ပျော်ပျော်နေတတ်တဲ့သူဟာ တခြားလူတွေထက် ဆွဲဆောင်မှုပိုရှိပြီးသားပါ။

(၃) တိကျပြတ်သားခြင်း

ဟိုဟာလုပ်ရမလိုလို၊ ဒါလုပ်ရမလိုလိုနဲ့ မရေမရာ၊ မပြတ်မသား၊ ကိုယ့်ကိုယ်ကိုလည်း ဘာမှန်းသေချာမသိတဲ့သူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့မှဆွဲဆောင်မှုရှိမှာမဟုတ်သလို၊ စိတ်ပျက်စရာတောင်ကောင်းဦးမှာပါ။ ကိုယ်ဘယ်လိုလူဆိုတာသိတယ်၊ ကိုယ့်အရည်အချင်းကိုကောင်းကောင်းနားလည်ပြီး၊ ဘာလုပ်ရမလဲကောင်းကောင်းသိတဲ့သူမျိုးက ဆွဲဆောင်မှုရှိပါတယ်။

(၄) ကြိုးစားလိုစိတ်ရှိခြင်း
လွယ်လွယ်နဲ့အရှုံးမပေးတတ်တာ၊ ဇွဲရှိတာ၊ စိတ်ဓာတ်ခိုင်မာတာဟာ ယောကျ်ားလေးတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတဲ့ အချက်တစ်ခုပါ။

(၅) ပြဿနာဖြေရှင်းရာတွင်တော်ခြင်း

ဖြတ်ထိုးဉာဏ်ကောင်းမှ ဖြစ်လာတဲ့ ပြဿနာတွေကို အလွယ်လေးဖြေရှင်းနိုင်မှာပါ။ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အမျိုးသားတစ်ယောက်ဟာ ထင်ထားတာထက်ပိုပြီးဆွဲဆောင်မှုရှိပါတယ်။

(၆) မျှတတဲ့စိတ်သဘောထားရှိခြင်း
တစ်ဖက်သတ်ဆန်တဲ့၊ တစ်ယူသန်၊ အစွန်းရောက်တဲ့ စိတ်ဓာတ်မျိုးမရှိဘဲ၊ မျှမျှတတ တွေးခေါ်စဉ်းစားတတ်တာကလည်း ဆွဲဆောင်မှုရှိစေတဲ့အချက်ပါပဲ။

(၇) လူတစ်ဖက်သားကိုလေးစားတတ်ခြင်း

ယောကျာ်း၊ မိန်းမ လိင်ခွဲခြားတာမျိုးမရှိဘဲ လူကိုလူလိုမြင်တတ်တယ်၊ လူတစ်ယောက်မို့ လေးစားမှုနဲ့ဆက်ဆံတယ်ဆိုတာမျိုးပါ။ဒီလိုအရည်အချင်းမျိုးက တော်ရုံလူတစ်ယောက်မှာမရှိနိုင်ဘဲ၊ ဒီလိုစိတ်သဘောထားမျိုးရှိတယ်ဆိုရင်တော့ တော်တော်လေး မိုက်တဲ့သူမျိုးဖြစ်မှာပါ။

(၈) လူကြီးဆန်ရင့်ကျက်ခြင်း
ကလေးဆန်တာလေးက ချစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် လူကြီးဆန်ပြီး ရင့်ကျက်တာကတော့ ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

Credit : Aunty may

LEAVE A REPLY