Zawgyi ျဖင့္ဖတ္ရန္

 

ျမန္မာႏိုင္ငံေလေၾကာင္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနမွ ပုဂံ-ေညာင္ဦးေလဆိပ္သည္ အျပည္ျပည္ဆိုင္ရာေလဆိပ္မဟုတ္သည့္အတြက္ Bangkok Airways ေလေၾကာင္းလိုင္း ဘန္ေကာက္မွ ပုဂံသို႔ တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ပ်ံသန္းရန္ ခြင့္ျပဳခ်က္ေတာင္းခံလာျခင္းအား လတ္တေလာတြင္ အဆိုပါ ဘန္ေကာက္-ပုဂံ တိုက္႐ိုက္ခရီးစဥ္အား ခြင့္မျပဳႏိုင္ဟု အေၾကာင္းျပန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ပုဂံေဒသအား မၾကာခင္က ယူနက္စကို၏ ကမာၻ႔ အေမြအႏွစ္ စာရင္းဝင္အျဖစ္ သတ္မွတ္ျခင္းခံရၿပီးျဖစ္သည္။ ယင္းသို႔ကမာၻ႔အေမြ အႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံရျခင္းမရွိ ခင္ကပင္ ႏိုင္ငံတကာတြင္ ေက်ာ္ၾကားၿပီး ႏိုင္ငံျခားသားခရီးသြား အမ်ားအျပားလာ ေရာက္လည္ပတ္ေလ့လာၾကသည့္ ေဒသတစ္ခုျဖစ္ၿပီး ယခုကဲ့သို႔ ကမာၻ႔အေမြအႏွစ္စာရင္း ဝင္ေဒသတစ္ခုျဖစ္လာသည့္အခ်ိန္တြင္ ႏိုင္ငံတကာမွ ခရီးသြားမ်ား လာေရာက္လည္ပတ္ေလ့လာရန္ ပိုမိုစိတ္ဝင္စားလာၾကမည္ျဖစ္သည့္အတြက္ ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ားက တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ ပ်ံသန္းရန္ စိတ္ဝင္စားလာၾကျခင္း ျဖစ္သည္။

Bangkok Airwa ys ေလေၾကာင္းလိုင္းသည္ လက္ရွိတြင္ ဘန္ေကာက္မွ ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမိဳ႕မ်ားသို႔ တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ပ်ံသန္းလ်က္ရွိ သည္။ ယင္းျပင္ ခ်င္းမိုင္-ရန္ကုန္ခရီးစဥ္ႏွင့္ ခ်င္းမိုင္-မႏၲေလးခရီးစဥ္မ်ားကိုလည္း ပ်ံသန္းလ်က္ရွိသည္။

“ခုခ်ိန္မွာ ျပည္တြင္းေလေၾကာင္းလိုင္း အခ်ိဳ႕ေတာင္ အေျခအေန မေကာင္းလို႔ ရပ္ဆိုင္းမႈေတြရွိေနတာ။ က်န္တဲ့ျပည္တြင္းေလေၾကာင္းလိုင္းေတြ ၿပိဳလဲမသြားဖို႔ Cabotage law နဲ႔ အျပည့္အဝ ကာကြယ္ေပးရမယ့္ တာဝန္ရွိပါတယ္။ ျပည္ပ ေလေၾကာင္းကုမၸဏီေတြ အေနနဲ႔ ႏိုင္ငံျခားသားခရီးသည္ရရွိမႈမ်ားတဲ့ ေညာင္ဦး၊ ဟဲဟိုး၊ သံတြဲစတဲ့ၿမိဳ႕ေတြကို ျပည္တြင္းေလေၾကာင္းလိုင္းေတြရဲ႕ ေဈးႏႈန္းထက္နည္းတဲ့ႏႈန္းနဲ႔ ပ်ံသန္းမယ္ဆိုရင္ ျပည္တြင္းေလေၾကာင္းလိုင္းေတြ ၿပိဳလဲသြားႏိုင္ပါတယ္။ ႏိုင္ငံတကာမွာလည္း ဒီစနစ္ကို က်င့္သုံးၿပီး ကိုယ့္ႏိုင္ငံသားလုပ္ငန္းရွင္ေတြကို ကာကြယ္ေပးေနတာျဖစ္ပါတယ္” ဟု ေလေၾကာင္းပို႔ ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနရဲ႕ ေျပာေရး ဆိုခြင့္ရွိသူျဖစ္တဲ့ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲထြဋ္ေအာင္က ဆိုသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

Bangkok လေကြောင်းလိုင်းမှ ပုဂံသို့ တိုက်ရိုက် ပျံသန်းရန် ခွင့်ပြုချက်တောင်းခံလာခြင်းကို လတ်တလောခွင့်မပြုဟု အကြောင်းပြန်

မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပုဂံ-ညောင်ဦးလေဆိပ်သည် အပြည်ပြည်ဆိုင်ရာလေဆိပ်မဟုတ်သည့်အတွက် Bangkok Airways လေကြောင်းလိုင်း ဘန်ကောက်မှ ပုဂံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံလာခြင်းအား လတ်တလောတွင် အဆိုပါ ဘန်ကောက်-ပုဂံ တိုက်ရိုက်ခရီးစဉ်အား ခွင့်မပြုနိုင်ဟု အကြောင်းပြန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ပုဂံဒေသအား မကြာခင်က ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပြီးဖြစ်သည်။ ယင်းသို့ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းမရှိ ခင်ကပင် နိုင်ငံတကာတွင် ကျော်ကြားပြီး နိုင်ငံခြားသားခရီးသွား အများအပြားလာ ရောက်လည်ပတ်လေ့လာကြသည့် ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဒေသတစ်ခုဖြစ်လာသည့်အချိန်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်လည်ပတ်လေ့လာရန် ပိုမိုစိတ်ဝင်စားလာကြမည်ဖြစ်သည့်အတွက် နိုင်ငံတကာလေကြောင်းလိုင်းများက တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းရန် စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။

Bangkok Airwa ys လေကြောင်းလိုင်းသည် လက်ရှိတွင် ဘန်ကောက်မှ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းလျက်ရှိ သည်။ ယင်းပြင် ချင်းမိုင်-ရန်ကုန်ခရီးစဉ်နှင့် ချင်းမိုင်-မန္တလေးခရီးစဉ်များကိုလည်း ပျံသန်းလျက်ရှိသည်။

“ခုချိန်မှာ ပြည်တွင်းလေကြောင်းလိုင်း အချို့တောင် အခြေအနေ မကောင်းလို့ ရပ်ဆိုင်းမှုတွေရှိနေတာ။ ကျန်တဲ့ပြည်တွင်းလေကြောင်းလိုင်းတွေ ပြိုလဲမသွားဖို့ Cabotage law နဲ့ အပြည့်အဝ ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ ပြည်ပ လေကြောင်းကုမ္ပဏီတွေ အနေနဲ့ နိုင်ငံခြားသားခရီးသည်ရရှိမှုများတဲ့ ညောင်ဦး၊ ဟဲဟိုး၊ သံတွဲစတဲ့မြို့တွေကို ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ဈေးနှုန်းထက်နည်းတဲ့နှုန်းနဲ့ ပျံသန်းမယ်ဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတွေ ပြိုလဲသွားနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီစနစ်ကို ကျင့်သုံးပြီး ကိုယ့်နိုင်ငံသားလုပ်ငန်းရှင်တွေကို ကာကွယ်ပေးနေတာဖြစ်ပါတယ်” ဟု လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဆိုသည်။

share from : burmese.asia

LEAVE A REPLY