Zawgyi ျဖင့္ဖတ္ရန္

 

မိန္းကေလးတုိင္း အလုပ္သြား အလုပ္ျပန္၊ ႐ံုးသြား ႐ံုးျပန္ အခ်ိန္ေပးၿပီး အလွျပင္ဆင္ တတ္ၾကပါတယ္။ သင္ျပင္ဆင္ေနတဲ့ အလွျပင္ပစၥည္းေတြကို မွန္မွန္ ကန္ကန္ အသံုးျပဳႏိုင္ဖို႔ ေအာက္ပါ အခ်က္ေတြကို လွပလုိသူ မိန္းကေလးတိုင္း လိုက္နာသင့္ပါတယ္။

၁) မွန္ကန္ေသာ မ်က္ႏွာသန္႔စင္မႈ နည္းလမ္းအတိုင္း လိုက္နာပါ

မွန္ကန္တဲ့ မ်က္ႏွာသန္႔စင္နည္းကို အသံုးျပဳတာက အေရျပား ထိန္းသိမ္းမႈအတြက္ မရွိမျဖစ္ လုိအပ္ပါတယ္။ မ်က္ႏွာသန္႔စင္ရာမွာ အညစ္အေၾကးေတြနဲ႔ ဘက္တီးရီးယားကို စင္ၾကယ္ေအာင္ သန္႔စင္ေဆးေၾကာေပးဖုိ႔ လိုေပမယ့္ အလြန္အကၽြံ သန္႔စင္တာမ်ားပါက အေရျပားေျခာက္ေသြ႕မႈကို ျဖစ္ေစပါတယ္။ သန္႔စင္ပစၥည္း ဝယ္ယူရာမွာ ဓာတုပစၥည္း မပါဝင္ဘဲ အက္စစ္-အယ္လ္ကာလီ မွ်ေျခ ျဖစ္ေနတာမ်ဳိး ေရြးရပါမယ္။

၂) သဘာဝ ပါဝင္ပစၥည္းမ်ားကိုသာ အသံုးျပဳပါ

အခုေခတ္မွာ သဘာဝ ပါဝင္ပစၥည္းေတြကို အသံုးျပဳထားတာ၊ ၾသဂဲနစ္ပစၥည္းေတြ အသံုးျပဳထားတယ္ ဆုိတာေတြ ေခတ္စားလာပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဓာတုပစၥည္းေတြနဲ႔ ေဖာ္စပ္ထားတာေတြက အေရျပားကေနတစ္ဆင့္ ေသြးေၾကာထဲကို ဝင္ေရာက္သြားၿပီး အရြယ္မတိုင္မီ အိုမင္းရင့္ေရာ္ ေစတာေၾကာင့္ပါ။ သဘာဝ အသီးအႏွံေတြနဲ႔ မ်က္ႏွာေပါင္းတင္တာ၊ ေၾကးခၽြတ္တာေတြ ျပဳလုပ္ပါ။

၃) ေရဓာတ္ျပည့္ဝေနေအာင္ ထိန္းသိမ္းပါ

ခႏၶာကုိယ္မွာ ေရဓာတ္ဆံုး႐ံႈးပါက အသားအေရ ေျခာက္ေသြ႕သူေတြ သာမကဘဲ အဆီျပန္သူေတြမွာလည္း သိသိသာသာ ခံစားရတတ္ပါတယ္။ ဘယ္လို အသားအေရမ်ဳိးမဆုိ အစိုဓာတ္ကို ပံုမွန္ထိန္းသိမ္းဖုိ႔ လိုအပ္ပါတယ္။ အစိုဓာတ္ထိန္းခရမ္င္ လိမ္းတဲ့အခါ အေရးေၾကာင္း ျဖစ္လြယ္တဲ့ မ်က္ဝန္းတစ္ဝိုက္၊ လည္ပင္းနဲ႔ လက္ေတြကို ေသခ်ာစြာ လိမ္းေပးပါ။

၄) အလွမပ်က္ေအာင္ အိပ္စက္ပါ

ပံုမွန္အိပ္စက္မႈ ရွိတာက သင့္အလွတရားကို ျဖည့္စြက္ေပးပါတယ္။ တစ္ညကို ရွစ္နာရီအိပ္စက္ပါ၊ အိပ္ရာမဝင္မီ မ်က္ႏွာေပၚက မိတ္ကပ္နဲ႔ အညစ္အေၾကးေတြကို သန္႔စင္ေဆးေၾကာပါ၊ ခ်ည္သားေခါင္းအံုးစြပ္က ပါးျပင္ေပၚက အစုိဓာတ္ကို စုပ္ယူႏုိင္တာေၾကာင့္ ပိုးသားေခါင္းအံုးစြပ္ကို အသံုးျပဳပါ၊ မ်က္ႏွာမွာ အေရးေၾကာင္းေတြ မျဖစ္ေစဖို႔ ပက္လက္လွန္ၿပီး အိပ္စက္ပါ။

၅) ၾကာၾကာ ေရမခ်ဳိးပါႏွင့္

အေရျပားေပၚမွာ အကာအကြယ္ ေပးထားတဲ့ အဆီလႊာရွိၿပီး အစိုဓာတ္ေတြ အျပင္မထြက္သြားေအာင္ ထိန္းေပးပါတယ္။ ေရအၾကာႀကီးခ်ဳိးတာ၊ ၾကက္သီးေႏြးေရ မဟုတ္ဘဲ အပူမ်ားတဲ့ေရ ခ်ဳိးတာေတြက အေရျပားမွာရွိတဲ့ အဆီေတြကို ဖယ္ရွားလိုက္တာေၾကာင့္ အသားအေရ ေျခာက္ေသြ႕ၿပီး အရြယ္မတိုင္မီ အုိမင္းရင့္ေရာ္ ေစပါတယ္။ အသားအေရ ႏူးညံ့စိုျပည္ၿပီး ႏုပ်ဳိလွပေနေစဖုိ႔ ေရအၾကာႀကီး ခ်ဳိးတာကိုေရွာင္ပါ၊ ေရေႏြးေႏြးနဲ႔ ေရခ်ဳိးပါ။

၆) SPF ပါေသာ ေနေရာင္ကာခရင္မ္ ေန႔စဥ္လိမ္းပါ

အေရးေၾကာင္းေတြ ျဖစ္လာမွ အသားအေရ ထိန္းသိမ္းတာထက္ မျဖစ္ခင္က ႀကိဳတင္ကာကြယ္တာက ပိုမိုထိေရာက္မႈ ရွိပါတယ္။ ေနေရာင္ျခည္နဲ႔ ထိေတြ႕တာက အေရးေၾကာင္း ျဖစ္ေစတဲ့ အေၾကာင္းတစ္ခ်က္ပါ။ အိမ္အျပင္ ထြက္တဲ့အခါ ခရမ္းလြန္ေရာင္ျခည္ေတြကို ကာကြယ္ႏုိင္ေအာင္ အနည္းဆံုး SPF-15 ပါတဲ့ ေနေရာင္ကာခရင္မ္ လိမ္းပါ။

၇) အလွျပင္ရာတြင္ အသံုးျပဳေသာ ဘရပ္ရွ္မ်ားကို သန္႔ရွင္းပါ

သင္မိတ္ကပ္လိမ္းရာမွာ ေန႔စဥ္အသံုးျပဳေနတဲ့ ဘရပ္ရွ္၊ တုိ႔ဖတ္စတာက ဘက္တီးရီးယားေတြ အမ်ားဆံုး ကပ္ညိေနႏုိင္တာေၾကာင့္ ဒါေတြကို မၾကာခဏ ေဆးေၾကာသန္႔စင္ေပးဖုိ႔ လိုပါတယ္။ ဆပ္ျပာရည္၊ ေခါင္းေလွ်ာ္ရည္ စတာ တစ္မ်ဳိးမ်ဳိးနဲ႔ ေရေႏြးအသံုးျပဳၿပီး သန္႔စင္ပါ။

၈) ေနထိုင္မႈပံုစံ ေျပာင္းလဲက်င့္သံုးပါ

အမ်ားစုက လွပႏုပ်ဳိဖို႔ တန္ဖိုးႀကီး အလွျပင္ပစၥည္းေတြကို ဝယ္ယူ အသံုးျပဳတတ္ၾကပါတယ္။ တကယ္ေတာ့ သင့္အလွတရားကို ၿပီးျပည့္စံုေစတဲ့ နည္းလမ္းေကာင္းကို လုပ္ေဆာင္ဖုိ႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ သိပ္ကို လြယ္ကူတဲ့ နည္းလမ္းပါ။ သင္ရဲ႕ ေနထုိင္မႈပံုစံကို ေျပာင္းလဲလိုက္႐ံုပါ။ ေဆးလိပ္၊ အရက္၊ သၾကား၊ ဆား စားသံုးမႈမ်ားတာနဲ႔ ညဥ့္နက္မွ အိပ္ရာဝင္တာေတြက သင့္ကို အိုမင္းရင့္ေရာ္မႈ ျဖစ္ေစတဲ့ အေၾကာင္းေတြ ျဖစ္တာေၾကာင့္ ဒါေတြကို သတိနဲ႔ ဆင္ျခင္ဖုိ႔ လိုပါတယ္။

၉) ႏုပ်ဳိေသာအသြင္ ဖန္တီးပါ

သင့္ဆံပင္ပံုစံကလည္း သင့္အသြင္အျပင္ကို မ်ားစြာ ေျပာင္းလဲႏုိင္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ မေျပာင္းလဲခဲ့တဲ့ သင့္ဆံပင္ပံုစံကို သင္နဲ႔ လိုက္ဖက္မယ့္ ပံုစံျဖစ္ေအာင္ ေျပာင္းလဲလိုက္ပါ။ သင္ျပင္ဆင္ေနတဲ့ မိတ္ကပ္အေရာင္၊ ႏႈတ္ခမ္းနီ အေရာင္ေတြကိုလည္း ေျပာင္းလဲအသံုးျပဳပါ။ ပံုစံအသစ္ ျပင္ဆင္ထားတာေၾကာင့္ သင္က ႏုပ်ဳိသြက္လက္တဲ့ လူငယ္ေလးအသြင္ ျဖစ္ေနေစပါတယ္။

၁၀) မိတ္ကပ္အသစ္ လဲလွယ္ အသံုးျပဳပါ

မိတ္ကပ္ကို အသံုးျပဳသင့္တဲ့ အခ်ိန္ကာလ ေက်ာ္လြန္ၿပီး အသံုးျပဳတာ၊ မိတ္ကပ္လိမ္းရာမွာ အသံုးျပဳတဲ့ ဘရပ္ရွ္ေတြ သန္႔ရွင္းမႈ မရွိတာေတြေၾကာင့္ မိတ္ကပ္မွာ ဘက္တီးရီးယားေတြ ေပါက္ပြားႏုိင္ပါတယ္။ မ်က္လံုးအတြင္း ပိုးဝင္တာ မျဖစ္ေအာင္ မ်က္ေတာင္ေကာ့ေဆးရည္ကိုလည္း ေျခာက္လထက္ပိုၿပီး အသံုးမျပဳသင့္ပါ။ တျခား အလွျပင္ပစၥည္းေတြကိုလည္း ၁၈ လထက္ ေက်ာ္လြန္ၿပီး အသံုးျပဳတာမ်ဳိးကို ေရွာင္ပါ။

ပန္းႏြယ္ေလး (ေဆးဝါးတကၠသိုလ္)

Unicode ဖြင့်ဖတ်ရန်

အလှအပမြတ်နိုးသူတိုင်း လိုက်နာသင့်သော နည်း ၁၀

မိန်းကလေးတိုင်း အလုပ်သွား အလုပ်ပြန်၊ ရုံးသွား ရုံးပြန် အချိန်ပေးပြီး အလှပြင်ဆင် တတ်ကြပါတယ်။ သင်ပြင်ဆင်နေတဲ့ အလှပြင်ပစ္စည်းတွေကို မှန်မှန် ကန်ကန် အသုံးပြုနိုင်ဖို့ အောက်ပါ အချက်တွေကို လှပလိုသူ မိန်းကလေးတိုင်း လိုက်နာသင့်ပါတယ်။

၁) မှန်ကန်သော မျက်နှာသန့်စင်မှု နည်းလမ်းအတိုင်း လိုက်နာပါ

မှန်ကန်တဲ့ မျက်နှာသန့်စင်နည်းကို အသုံးပြုတာက အရေပြား ထိန်းသိမ်းမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ မျက်နှာသန့်စင်ရာမှာ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားကို စင်ကြယ်အောင် သန့်စင်ဆေးကြောပေးဖို့ လိုပေမယ့် အလွန်အကျွံ သန့်စင်တာများပါက အရေပြားခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ သန့်စင်ပစ္စည်း ဝယ်ယူရာမှာ ဓာတုပစ္စည်း မပါဝင်ဘဲ အက်စစ်-အယ်လ်ကာလီ မျှခြေ ဖြစ်နေတာမျိုး ရွေးရပါမယ်။

၂) သဘာဝ ပါဝင်ပစ္စည်းများကိုသာ အသုံးပြုပါ

အခုခေတ်မှာ သဘာဝ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတာ၊ သြဂဲနစ်ပစ္စည်းတွေ အသုံးပြုထားတယ် ဆိုတာတွေ ခေတ်စားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေက အရေပြားကနေတစ်ဆင့် သွေးကြောထဲကို ဝင်ရောက်သွားပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော် စေတာကြောင့်ပါ။ သဘာဝ အသီးအနှံတွေနဲ့ မျက်နှာပေါင်းတင်တာ၊ ကြေးချွတ်တာတွေ ပြုလုပ်ပါ။

၃) ရေဓာတ်ပြည့်ဝနေအောင် ထိန်းသိမ်းပါ

ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးပါက အသားအရေ ခြောက်သွေ့သူတွေ သာမကဘဲ အဆီပြန်သူတွေမှာလည်း သိသိသာသာ ခံစားရတတ်ပါတယ်။ ဘယ်လို အသားအရေမျိုးမဆို အစိုဓာတ်ကို ပုံမှန်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းခရမ်င် လိမ်းတဲ့အခါ အရေးကြောင်း ဖြစ်လွယ်တဲ့ မျက်ဝန်းတစ်ဝိုက်၊ လည်ပင်းနဲ့ လက်တွေကို သေချာစွာ လိမ်းပေးပါ။

၄) အလှမပျက်အောင် အိပ်စက်ပါ

ပုံမှန်အိပ်စက်မှု ရှိတာက သင့်အလှတရားကို ဖြည့်စွက်ပေးပါတယ်။ တစ်ညကို ရှစ်နာရီအိပ်စက်ပါ၊ အိပ်ရာမဝင်မီ မျက်နှာပေါ်က မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်ဆေးကြောပါ၊ ချည်သားခေါင်းအုံးစွပ်က ပါးပြင်ပေါ်က အစိုဓာတ်ကို စုပ်ယူနိုင်တာကြောင့် ပိုးသားခေါင်းအုံးစွပ်ကို အသုံးပြုပါ၊ မျက်နှာမှာ အရေးကြောင်းတွေ မဖြစ်စေဖို့ ပက်လက်လှန်ပြီး အိပ်စက်ပါ။

၅) ကြာကြာ ရေမချိုးပါနှင့်

အရေပြားပေါ်မှာ အကာအကွယ် ပေးထားတဲ့ အဆီလွှာရှိပြီး အစိုဓာတ်တွေ အပြင်မထွက်သွားအောင် ထိန်းပေးပါတယ်။ ရေအကြာကြီးချိုးတာ၊ ကြက်သီးနွေးရေ မဟုတ်ဘဲ အပူများတဲ့ရေ ချိုးတာတွေက အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် အသားအရေ ခြောက်သွေ့ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော် စေပါတယ်။ အသားအရေ နူးညံ့စိုပြည်ပြီး နုပျိုလှပနေစေဖို့ ရေအကြာကြီး ချိုးတာကိုရှောင်ပါ၊ ရေနွေးနွေးနဲ့ ရေချိုးပါ။

၆) SPF ပါသော နေရောင်ကာခရင်မ် နေ့စဉ်လိမ်းပါ

အရေးကြောင်းတွေ ဖြစ်လာမှ အသားအရေ ထိန်းသိမ်းတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာက ပိုမိုထိရောက်မှု ရှိပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တာက အရေးကြောင်း ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါ။ အိမ်အပြင် ထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်နိုင်အောင် အနည်းဆုံး SPF-15 ပါတဲ့ နေရောင်ကာခရင်မ် လိမ်းပါ။

၇) အလှပြင်ရာတွင် အသုံးပြုသော ဘရပ်ရှ်များကို သန့်ရှင်းပါ

သင်မိတ်ကပ်လိမ်းရာမှာ နေ့စဉ်အသုံးပြုနေတဲ့ ဘရပ်ရှ်၊ တို့ဖတ်စတာက ဘက်တီးရီးယားတွေ အများဆုံး ကပ်ညိနေနိုင်တာကြောင့် ဒါတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် စတာ တစ်မျိုးမျိုးနဲ့ ရေနွေးအသုံးပြုပြီး သန့်စင်ပါ။

၈) နေထိုင်မှုပုံစံ ပြောင်းလဲကျင့်သုံးပါ

အများစုက လှပနုပျိုဖို့ တန်ဖိုးကြီး အလှပြင်ပစ္စည်းတွေကို ဝယ်ယူ အသုံးပြုတတ်ကြပါတယ်။ တကယ်တော့ သင့်အလှတရားကို ပြီးပြည့်စုံစေတဲ့ နည်းလမ်းကောင်းကို လုပ်ဆောင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ သိပ်ကို လွယ်ကူတဲ့ နည်းလမ်းပါ။ သင်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ရုံပါ။ ဆေးလိပ်၊ အရက်၊ သကြား၊ ဆား စားသုံးမှုများတာနဲ့ ညဉ့်နက်မှ အိပ်ရာဝင်တာတွေက သင့်ကို အိုမင်းရင့်ရော်မှု ဖြစ်စေတဲ့ အကြောင်းတွေ ဖြစ်တာကြောင့် ဒါတွေကို သတိနဲ့ ဆင်ခြင်ဖို့ လိုပါတယ်။

၉) နုပျိုသောအသွင် ဖန်တီးပါ

သင့်ဆံပင်ပုံစံကလည်း သင့်အသွင်အပြင်ကို များစွာ ပြောင်းလဲနိုင်ပါတယ်။ နှစ်ပေါင်းများစွာ မပြောင်းလဲခဲ့တဲ့ သင့်ဆံပင်ပုံစံကို သင်နဲ့ လိုက်ဖက်မယ့် ပုံစံဖြစ်အောင် ပြောင်းလဲလိုက်ပါ။ သင်ပြင်ဆင်နေတဲ့ မိတ်ကပ်အရောင်၊ နှုတ်ခမ်းနီ အရောင်တွေကိုလည်း ပြောင်းလဲအသုံးပြုပါ။ ပုံစံအသစ် ပြင်ဆင်ထားတာကြောင့် သင်က နုပျိုသွက်လက်တဲ့ လူငယ်လေးအသွင် ဖြစ်နေစေပါတယ်။

၁၀) မိတ်ကပ်အသစ် လဲလှယ် အသုံးပြုပါ

မိတ်ကပ်ကို အသုံးပြုသင့်တဲ့ အချိန်ကာလ ကျော်လွန်ပြီး အသုံးပြုတာ၊ မိတ်ကပ်လိမ်းရာမှာ အသုံးပြုတဲ့ ဘရပ်ရှ်တွေ သန့်ရှင်းမှု မရှိတာတွေကြောင့် မိတ်ကပ်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပါတယ်။ မျက်လုံးအတွင်း ပိုးဝင်တာ မဖြစ်အောင် မျက်တောင်ကော့ဆေးရည်ကိုလည်း ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ပါ။ တခြား အလှပြင်ပစ္စည်းတွေကိုလည်း ၁၈ လထက် ကျော်လွန်ပြီး အသုံးပြုတာမျိုးကို ရှောင်ပါ။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)