Zawgyi ျဖင့္ဖတ္ရန္

အိပ္ယာေပၚမွာ တက္ဘလက္ကိုင္ရင္း ကာတြန္းကားၾကည့္ေနတဲ့ ၃ ႏွစ္သမီးေလးရဲ႕ ကိုယ္ေပၚကေန ဧရာမစပါးႀကီးေႁမြႀကီး လူလြန႔္သြားလာေနတဲ့ ႐ုပ္သံ အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔ခဲ့ၿပီး ၾကည့္ရႈသူေတြ အသည္းတယားယားျဖစ္ခဲ့ၾကေပမယ့္ ကေလးေလးကေတာ့ သူ႔အတြက္ အထူးအဆန္းမဟုတ္သလို ကာတြန္းကားကိုပဲ သဲႀကီးမဲႀကီး ဆက္ၾကည့္ေနပါတယ္။

“ရာနီ” လို႔ မိဘေတြက ခ်စ္စႏိုးေခၚတဲ့ သမီးေလးဟာ အင္ဒိုနီးရွားႏိုင္ငံ တန္ဂဲရန္ေဒသမွာရွိတဲ့ သူတို႔မိသာစုေနအိမ္မွာ ျမန္မာ့စပါးအုံးႀကီးတစ္ေကာင္နဲ႔ အတူတူေနထိုင္ပါတယ္။ သူမအသက္ ၂ ႏွစ္သမီးထဲက ဒီေႁမြႀကီးကို ေမြးထားတာျဖစ္လို႔ အခုလို အိပ္ယာထဲကို ဝင္လာၿပီး ပြတ္သီးပြတ္သပ္လုပ္ကာ ကိုယ္ေပၚကေန တြားသြားေနတာက သူမအတြက္ အထူးအဆန္းမဟုတ္ေတာ့ပါဘူး။

 

သူမရဲ႕ဖခင္ Syahrul Effendi က ႏိုင္ငံျခားတိရိစာၦန္မ်ိဳးေတြ ဒဏ္ရာအနာတရ မရွိေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ရတဲ့ အလုပ္ကို လုပ္ကိုင္ပါတယ္။ သမီးေလး ရာနီ ေတာ႐ိုင္းတိရိစာၦန္ေတြကို ခ်စ္တာဟာ သူ႔ရဲ႕ေသြးပါလို႔လို႔ ဆိုပါတယ္။

ကေလးရဲ႕ ကိုယ္ေပၚမွာ တြားသြားေနတာ ေႁမြတစ္ေကာင္မကတာကို ႐ုပ္သံမွာ ေတြ႕ရပါတယ္။ သူမဟာ အိမ္မွာရွိတဲ့ ေႁမြေတြကိုေဆးတိုက္တာ မိေက်ာင္းကို သြားတိုက္ေပးတာ စတဲ့ ႐ုပ္သံေတြကိုလည္း ဖခင္ျဖစ္သူကိုယ္တိုင္ ႐ိုက္ကူးေပးခဲ့ဖူးပါတယ္။

အခုလို တိရိစာၦန္ေတြနဲ႔ အတူရွိေနတဲ့ သူ႔ရဲ႕သမီးေလး ေဘးကင္းလုံၿခဳံေရးကို သိပ္စိတ္မပူဘူးလို႔ ဆိုပါတယ္။
“ဒါေတြကိုၾကည့္ၿပီး အျခားသူေတြ ဘယ္လိုခံစားရမယ္ဆိုတာ ကြၽန္ေတာ္နားလည္ပါတယ္၊ ကြၽန္ေတာ္လည္း စစေတြ႕ျခင္းတုန္းက အရမ္းလန႔္သြားတယ္ ဒါေပမယ့္ ကေလးနဲ႔ တိရိစာၦန္ေတြၾကား အျပန္အလွန္ဆက္ဆံတဲ့ပုံစံကို ၾကည့္ၿပီးသြားေတာ့မွ စိတ္ေအးရတယ္” လို႔ ဆိုပါတယ္။

ဒါေပမယ့္ အြန္လိုင္းသုံးသူေတြကေတာ့ ဒီ႐ုပ္သံအေပၚ ကေလးရဲ႕ ေဘးကင္းလုံၿခဳံေရးအတြက္ ေဝဖန္မႈေတြ ျပင္ထန္ေနဆဲျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကြက်သီးထစရာ မြွေကြီးတွေကြားမှာ ခေါင်းမဖော်နိုင်တဲ့ ၃ နှစ်သမီးလေး

အိပ်ယာပေါ်မှာ တက်ဘလက်ကိုင်ရင်း ကာတွန်းကားကြည့်နေတဲ့ ၃ နှစ်သမီးလေးရဲ့ ကိုယ်ပေါ်ကနေ ဧရာမစပါးကြီးမြွေကြီး လူလွန့်သွားလာနေတဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူတွေ အသည်းတယားယားဖြစ်ခဲ့ကြပေမယ့် ကလေးလေးကတော့ သူ့အတွက် အထူးအဆန်းမဟုတ်သလို ကာတွန်းကားကိုပဲ သဲကြီးမဲကြီး ဆက်ကြည့်နေပါတယ်။

“ရာနီ” လို့ မိဘတွေက ချစ်စနိုးခေါ်တဲ့ သမီးလေးဟာ အင်ဒိုနီးရှားနိုင်ငံ တန်ဂဲရန်ဒေသမှာရှိတဲ့ သူတို့မိသာစုနေအိမ်မှာ မြန်မာ့စပါးအုံးကြီးတစ်ကောင်နဲ့ အတူတူနေထိုင်ပါတယ်။ သူမအသက် ၂ နှစ်သမီးထဲက ဒီမြွေကြီးကို မွေးထားတာဖြစ်လို့ အခုလို အိပ်ယာထဲကို ဝင်လာပြီး ပွတ်သီးပွတ်သပ်လုပ်ကာ ကိုယ်ပေါ်ကနေ တွားသွားနေတာက သူမအတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။

သူမရဲ့ဖခင် Syahrul Effendi က နိုင်ငံခြားတိရိစ္ဆာန်မျိုးတွေ ဒဏ်ရာအနာတရ မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။ သမီးလေး ရာနီ တောရိုင်းတိရိစ္ဆာန်တွေကို ချစ်တာဟာ သူ့ရဲ့သွေးပါလို့လို့ ဆိုပါတယ်။

ကလေးရဲ့ ကိုယ်ပေါ်မှာ တွားသွားနေတာ မြွေတစ်ကောင်မကတာကို ရုပ်သံမှာ တွေ့ရပါတယ်။ သူမဟာ အိမ်မှာရှိတဲ့ မြွေတွေကိုဆေးတိုက်တာ မိကျောင်းကို သွားတိုက်ပေးတာ စတဲ့ ရုပ်သံတွေကိုလည်း ဖခင်ဖြစ်သူကိုယ်တိုင် ရိုက်ကူးပေးခဲ့ဖူးပါတယ်။

အခုလို တိရိစ္ဆာန်တွေနဲ့ အတူရှိနေတဲ့ သူ့ရဲ့သမီးလေး ဘေးကင်းလုံခြုံရေးကို သိပ်စိတ်မပူဘူးလို့ ဆိုပါတယ်။
“ဒါတွေကိုကြည့်ပြီး အခြားသူတွေ ဘယ်လိုခံစားရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော်လည်း စစတွေ့ခြင်းတုန်းက အရမ်းလန့်သွားတယ် ဒါပေမယ့် ကလေးနဲ့ တိရိစ္ဆာန်တွေကြား အပြန်အလှန်ဆက်ဆံတဲ့ပုံစံကို ကြည့်ပြီးသွားတော့မှ စိတ်အေးရတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် အွန်လိုင်းသုံးသူတွေကတော့ ဒီရုပ်သံအပေါ် ကလေးရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဝေဖန်မှုတွေ ပြင်ထန်နေဆဲဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY