Zawgyi ျဖင့္ဖတ္ရန္

Justin Bieber ဟာ အသက္ဆယ့္ငါးႏွစ္ေလာက္ငယ္ငယ္႐ြယ္႐ြယ္မွာတင္ ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ ကမာၻေက်ာ္အဆိုေတာ္တစ္ဦးျဖစ္ၿပီး တစ္ကမာၻလုံးက မိန္းကေလးေတြရဲ႕အသည္းႏွလုံးကိုဖမ္းစားထားခဲ့သူပါ။ Justin Bieber ကို နာမည္ႀကီးအႏုပညာရွင္ေတြကိုယ္တိုင္ကိုက အ႐ူးအမူးခ်စ္ခဲ့ၿပီး အားေပးခဲ့ရတာေတြလည္းရွိပါတယ္။ အဲဒီလို JB ရဲ႕ Fangirl ျဖစ္ခဲ့သူေတြထဲမွာ လက္ရွိ JB နဲ႔လက္ထပ္ထားတဲ့ Hailey လည္းအပါအဝင္ပါပဲ။ မၾကာေသးမီကပဲ JB ဟာ Billie Eilish နဲ႔ Bad Guy remix ကိုအတူတူသီဆိုထားခဲ့ၿပီး တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ေအာင္ျမင္မႈရထားတဲ့ မူရင္း Bad Guy ထက္ JB နဲ႔ တြဲဆိုလိုက္တဲ့ Bad Guy ကိုပရိသတ္ေတြကပိုၿပီးအားေပးၾကတာေတြ႕ရပါတယ္။

သာမန္နဲ႔မတူပဲ ကြဲထြက္ေနတဲ့ ဒီဇိုင္းနဲ႔ ဘယ္သူ႔မွသိပ္ၿပီးဂ႐ုစိုက္တတ္ပုံမေပၚပဲ စိတ္ထဲ အာ႐ုံက်ရာေတြပဲဝတ္ၿပီး MTV ထဲမွာလည္းသူမ်ားမလုပ္တာေတြေလွ်ာက္လုပ္တတ္တဲ့ Billie Eilish ဆိုတဲ့ဂ်စ္ကန္ကန္ခပ္ဆိုးဆိုးေကာင္မေလးဟာ အသက္ဆယ့္ႏွစ္ႏွစ္အ႐ြယ္ကတည္းက JB ကိုသည္းသည္းလႈပ္အားေပးတဲ့ Fangirl ေလးျဖစ္ခဲ့တာပါ။ JB ကေတာ့ အခု သူ နာမည္ႀကီးလာမွသိခဲ့တာေပမယ့္ Billie ကေတာ့ ငယ္ငယ္ကတည္းက JB ကိုအားေပးတဲ့စာေတြခဏခဏပို႔ၿပီး အရမ္းကိုခ်စ္ခဲ့ရတာပါတဲ့။ Billie က မၾကာေသးမီက Ellen နဲ႔ Interview မွာ JB က ပထမဆုံးစၿပီး Message ပို႔ခ်ိန္မွာ ခံစားရတဲ့ခံစားခ်က္ေတြအေၾကာင္းနဲ႔ JB နဲ႔အတူလက္တြဲၿပီး အလုပ္လုပ္ရတဲ့အေပၚခံစားခ်က္ကို ဖြင့္ဟသြားပါတယ္။

Billie က Justin က သူ႔ကို Bad Guy သီခ်င္း Remix အတူတူလုပ္မလားလို႔ အရင္စၿပီး စာပို႔ခဲ့တဲ့အေၾကာင္း “သူ က ကြၽန္မအရင္တုန္းက သူ႔ကိုပို႔ခဲ့တဲ့စာေတြကို အခုမွျမင္ရတယ္ဆိုၿပီး screenshot ၿပီးလာျပတယ္။ လူတစ္ေယာက္က Instagram မွာ ကိုယ့္ကိုျပန္ follow လိုက္ရင္ ကိုယ္အရင္က ပို႔ထားတဲ့စာေတြ ျပန္ျမင္ရတယ္ေလ။ အဲဒါက တစ္ဖက္မွာေကာင္းၿပီး တစ္ဖက္မွာဆိုးတာမ်ိဳးေပါ့”လို႔ ေျပာထားၿပီး JB အေပၚအျမင္နဲ႔ JB ကိုခ်စ္တဲ့အေၾကာင္း “သူက အရမ္းမိုက္တယ္။ ေလးစားစရာေကာင္းတယ္။ သူ႔ဘဝမွာ ကိစၥေတာ္ေတာ္မ်ားမ်ားကိုျဖတ္သန္းၿပီးတာေတာင္ သူက လူေတြအေပၚသေဘာေကာင္းတုန္းေႏြးေထြးတုန္းပဲ။ကြၽန္မသူ႔ုကိုနားလည္တယ္။ ၿပီးေတာ့ခ်စ္တယ္”လို႔အဓိပၸါယ္ရတဲ့ စကားေတြေျပာသြားခဲ့ပါေသးတယ္။

Billie က Justin ကို ငယ္ငယ္ေလးကတည္းက အားေပးၿပီးခ်စ္ခဲ့ရတဲ့အေၾကာင္း “ကြၽန္မအသက္ ဆယ့္ႏွစ္ေလာက္က အိပ္ခန္းတစ္ခန္းလုံး Justin ပုံေတြအျပည့္ကပ္ထားခဲ့တာ။အခုေတာ့ သူနဲ႔သီခ်င္းအတူတူလုပ္ခြင့္ရခဲ့ၿပီ။အဲဒါက အိပ္မက္တစ္ခုတကယ္ျဖစ္လာခဲ့ျခင္းပဲ။ ဘဝမွာမျဖစ္ႏိုင္တာ ဘာမွမရွိဘူးဆိုတာေပါ့”လို႔ ရယ္ေမာရင္းေျပာထားခဲ့ပါေသးတယ္။ Billie က ခ်စ္တယ္လို႔ ေပၚတင္ဖြင့္ေျပာခဲ့တာနဲ႔ပတ္သက္ၿပီး Justin ကေတာ့ ဘာမွတုံ႔ျပန္ျခင္းမရွိေသးပါဘူး။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ Billie နဲ႔ Justin တို႔ရဲ႕ Bad Guy ကိုနားေထာင္ၿပီးသြားၾကၿပီလား။ ဘယ္သူနဲ႔ collab လုပ္လုပ္ကိုယ့္ပုံစံမေပ်ာက္ေအာင္ အေသအခ်ာထိန္းတတ္တဲ့ Justin Bieber ကိုေရာအားေပးၾကလား။ Justin နဲ႔ Billie နဲ႔ကိုေရာသီခ်င္းအသစ္ေတြအတူတူထြက္ေစခ်င္ၾကလား။ေျပာခဲ့ၾကပါဦး။

Credit : Can’t Wait To Say

Unicode ဖြင့်ဖတ်ရန်

Justin Bieber ကိုချစ်တယ်လို့ ပေါ်တင်ဖွင့်ပြောလာတဲ့Billie Eilish

Justin Bieber ဟာ အသက်ဆယ့်ငါးနှစ်လောက်ငယ်ငယ်ရွယ်ရွယ်မှာတင် အောင်မြင်ကျော်ကြားလာတဲ့ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်ပြီး တစ်ကမ္ဘာလုံးက မိန်းကလေးတွေရဲ့အသည်းနှလုံးကိုဖမ်းစားထားခဲ့သူပါ။ Justin Bieber ကို နာမည်ကြီးအနုပညာရှင်တွေကိုယ်တိုင်ကိုက အရူးအမူးချစ်ခဲ့ပြီး အားပေးခဲ့ရတာတွေလည်းရှိပါတယ်။ အဲဒီလို JB ရဲ့ Fangirl ဖြစ်ခဲ့သူတွေထဲမှာ လက်ရှိ JB နဲ့လက်ထပ်ထားတဲ့ Hailey လည်းအပါအဝင်ပါပဲ။ မကြာသေးမီကပဲ JB ဟာ Billie Eilish နဲ့ Bad Guy remix ကိုအတူတူသီဆိုထားခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရထားတဲ့ မူရင်း Bad Guy ထက် JB နဲ့ တွဲဆိုလိုက်တဲ့ Bad Guy ကိုပရိသတ်တွေကပိုပြီးအားပေးကြတာတွေ့ရပါတယ်။

သာမန်နဲ့မတူပဲ ကွဲထွက်နေတဲ့ ဒီဇိုင်းနဲ့ ဘယ်သူ့မှသိပ်ပြီးဂရုစိုက်တတ်ပုံမပေါ်ပဲ စိတ်ထဲ အာရုံကျရာတွေပဲဝတ်ပြီး MTV ထဲမှာလည်းသူများမလုပ်တာတွေလျှောက်လုပ်တတ်တဲ့ Billie Eilish ဆိုတဲ့ဂျစ်ကန်ကန်ခပ်ဆိုးဆိုးကောင်မလေးဟာ အသက်ဆယ့်နှစ်နှစ်အရွယ်ကတည်းက JB ကိုသည်းသည်းလှုပ်အားပေးတဲ့ Fangirl လေးဖြစ်ခဲ့တာပါ။ JB ကတော့ အခု သူ နာမည်ကြီးလာမှသိခဲ့တာပေမယ့် Billie ကတော့ ငယ်ငယ်ကတည်းက JB ကိုအားပေးတဲ့စာတွေခဏခဏပို့ပြီး အရမ်းကိုချစ်ခဲ့ရတာပါတဲ့။ Billie က မကြာသေးမီက Ellen နဲ့ Interview မှာ JB က ပထမဆုံးစပြီး Message ပို့ချိန်မှာ ခံစားရတဲ့ခံစားချက်တွေအကြောင်းနဲ့ JB နဲ့အတူလက်တွဲပြီး အလုပ်လုပ်ရတဲ့အပေါ်ခံစားချက်ကို ဖွင့်ဟသွားပါတယ်။

Billie က Justin က သူ့ကို Bad Guy သီချင်း Remix အတူတူလုပ်မလားလို့ အရင်စပြီး စာပို့ခဲ့တဲ့အကြောင်း “သူ က ကျွန်မအရင်တုန်းက သူ့ကိုပို့ခဲ့တဲ့စာတွေကို အခုမှမြင်ရတယ်ဆိုပြီး screenshot ပြီးလာပြတယ်။ လူတစ်ယောက်က Instagram မှာ ကိုယ့်ကိုပြန် follow လိုက်ရင် ကိုယ်အရင်က ပို့ထားတဲ့စာတွေ ပြန်မြင်ရတယ်လေ။ အဲဒါက တစ်ဖက်မှာကောင်းပြီး တစ်ဖက်မှာဆိုးတာမျိုးပေါ့”လို့ ပြောထားပြီး JB အပေါ်အမြင်နဲ့ JB ကိုချစ်တဲ့အကြောင်း “သူက အရမ်းမိုက်တယ်။ လေးစားစရာကောင်းတယ်။ သူ့ဘဝမှာ ကိစ္စတော်တော်များများကိုဖြတ်သန်းပြီးတာတောင် သူက လူတွေအပေါ်သဘောကောင်းတုန်းနွေးထွေးတုန်းပဲ။ကျွန်မသူ့ုကိုနားလည်တယ်။ ပြီးတော့ချစ်တယ်”လို့အဓိပ္ပါယ်ရတဲ့ စကားတွေပြောသွားခဲ့ပါသေးတယ်။

Billie က Justin ကို ငယ်ငယ်လေးကတည်းက အားပေးပြီးချစ်ခဲ့ရတဲ့အကြောင်း “ကျွန်မအသက် ဆယ့်နှစ်လောက်က အိပ်ခန်းတစ်ခန်းလုံး Justin ပုံတွေအပြည့်ကပ်ထားခဲ့တာ။အခုတော့ သူနဲ့သီချင်းအတူတူလုပ်ခွင့်ရခဲ့ပြီ။အဲဒါက အိပ်မက်တစ်ခုတကယ်ဖြစ်လာခဲ့ခြင်းပဲ။ ဘဝမှာမဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာပေါ့”လို့ ရယ်မောရင်းပြောထားခဲ့ပါသေးတယ်။ Billie က ချစ်တယ်လို့ ပေါ်တင်ဖွင့်ပြောခဲ့တာနဲ့ပတ်သက်ပြီး Justin ကတော့ ဘာမှတုံ့ပြန်ခြင်းမရှိသေးပါဘူး။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Billie နဲ့ Justin တို့ရဲ့ Bad Guy ကိုနားထောင်ပြီးသွားကြပြီလား။ ဘယ်သူနဲ့ collab လုပ်လုပ်ကိုယ့်ပုံစံမပျောက်အောင် အသေအချာထိန်းတတ်တဲ့ Justin Bieber ကိုရောအားပေးကြလား။ Justin နဲ့ Billie နဲ့ကိုရောသီချင်းအသစ်တွေအတူတူထွက်စေချင်ကြလား။ပြောခဲ့ကြပါဦး။

Credit : Can’t Wait To Say

LEAVE A REPLY