Zawgyi ဖြင့်ဖတ်ရန်
ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၄င်းတို့က အကြံပြုသည်။
Unicode ဖြင့်ဖတ်ရန်
“အပြာကားများ ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ”
ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့် အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုးသားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျသွားစေကြောင်း
ထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။
လူ၏ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၎င်းတို့က အကြံပြုသည်။
ဦးနှောက်တွင်ပါရှိသော အမြှောင်းလေးများသည် ယင်းသို့သောကြည့်ရှုမှုများ တွင် ပုံမှန်ထက် ပိုအလုပ် လုပ်ရသည်ဟုလည်း သူတို့က ယုံကြည်ကြသည်ဟု ဆိုသည်။
” လိင်စိတ်နိုးကြားစေဖို့ ဒီလိုကားတွေ ကြည့်တဲ့သူတွေမှာ ဦးနှောက်မှာရှိတဲ့ အမြှောင်းလေးတွေ ရဲ့လှုပ် ရှားမှု ပိုမို လျှင်မြန်လာတာတွေ့ရပါတယ်” ဟု သုတေသနပြုလုပ်သူများက ပြောသည်။
Popular Myanmar News Journal