Zawgyi ဖြင့်ဖတ်ရန်
၁။မေးရိုး
အမျိုးသား တွေကို စိတ်လှုပ်ရှားသွားစေနိုင်တဲ့ အထိအတွေ့ (၄) မျိုး
ဒါကတော့ ချစ်သူရှိပြီးသား၊ အိမ်ထောင်ရှိပြီးသား အမျိုးသမီးတွေ သိထားသင့်တဲ့ အရာတွေပါ။ ကိုယ့်ချစ်သူကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိတွေ့တဲ့အခါ စိတ်လှုပ်ရှား သွားတတ်ကြပါသလဲ။ အမျိုးသမီးတွေလိုပဲ သူတို့မှာလည်း ထိလိုက်တာနဲ့ အသည်းယား၊ စိတ်လှုပ်ရှားသွားတဲ့ နေရာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။မေးရိုး
အမျိုးသားတွေဟာ သူတို့ရဲ့ မေးရိုး၊ မေးစေ့တွေကို ချစ်သူအမျိုးသမီးက လက်ချောင်းလေးတွေနဲ့ လာရောက် ထိတွေ့တဲ့အခါ စိတ်လှုပ်ရှားတတ်ကြပါတယ်တဲ့။ ပျော်ရွှင်မှုကိုလည်း ခံစားရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ပြောပြထားသူကတော့ အိပ်ယာထဲက အမျိုးသားများ (Men in Bed) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ Barbara Keesling ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်သူကောင်လေးနဲ့ အနမ်းမခြွေခင် သင့်ရဲ့ လက်ချောင်းလေးတွေနဲ့ နားအောက်ပိုင်း မေးရိုးတောက်လျှောက် ညင်သာစွာ ပွတ်သပ်ပေးဖို့ လိုပါတယ်။
၂။ပခုံးသား
နောက်ထပ် အမျိုးသားတွေ စိတ်လှုပ်ရှားစေတဲ့ နေရာကတော့ ပခုံးသားတွေပါပဲ။ ပခုံးကို ပွတ်သပ်ပေးခြင်းအားဖြင့် အမျိုးသားတွေဟာ extra sensitive ဖြစ်တယ်လို့ ဆိုရတဲ့အထိကို သူတို့စိတ်ထဲ ကျေနပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေကို သင်ဖန်ဆင်းပစ်လိုက်နိုင်မှာပါ။ ပခုံးဆိုတာ စိတ်ဖိစီးမှုတွေရှိတဲ့အခါ တောင့်တောင့်တင်းတင်းလည်း အရှိနိုင်ဆုံးနေရာပါ။ ဒီတော့ ချစ်သူနဲ့ မျက်နှာချင်းဆိုင်လိုက်ပါ။ အဲ့ဒီနောက်မှာ လက်မလေးကိုသုံးပြီး သူ့ပခုံးတစ်လျှောက် ညင်သာစွာ ပွတ်ဆွဲပေးလိုက်ပါ။ သူ့ပုံစံက သက်သက်သာသာရှိလာပြီ၊ ဖိစီးမှုတွေနည်းသွားတဲ့ပုံပေါက်မှသာ သင့်လက်ကိုလွှတ်ချလိုက်ပါ။
၃။ပေါင်အတွင်းသား
အမျိုးသားတွေဟာ သူတို့ပေါင်အတွင်းဘက်ကို ထိမိလိုက်ရင် နည်းနည်းတွန့်သွားတတ်ပါတယ်။ ကိုယ့်ချစ်သူ ပေါင်အတွင်းသားကို ဆွဲယူပြီး ကိုင်ထိရမယ်ဆိုတာကလည်း နှစ်ယောက်စလုံးအတွက် အူတိအူကြောင်နိုင်လွန်းတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ပေါင်အတွင်းဘက်က သွေးကြောတွေကို ထိတွေ့ပေးခြင်းဟာ အမျိုးသားတွေကို စိတ်လှုပ်ရှားစေနိုင်သလို ကာမစိတ်လည်း နိုးကြားစေတယ်လို့ သိရပါတယ်။ ဒီအချက်ကတော့ အိမ်ထောင်သည်တွေ ပိုသိထားသင့်တဲ့ အကြောင်းအရာပါပဲ။ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူမနေခင် သူတို့ပေါင်တွင်းသားတွေကို နှိပ်ပေးခြင်းဟာ နှစ်ဦးစလုံးအတွက် ကောင်းမွန်တဲ့အိမ်ထောင်ရေးသုခကို ခံစားရစေမှာပါ။
၄။တင်ပါး
အမျိုးသားတွေဟာ သူတို့တင်ပါးကို များသောအားဖြင့် အထိမခံတတ်ကြပါဘူး။ ဘာရယ်မဟုတ်ပေမယ့် စနောက်ပြီး ကိုယ်မယ်လုပ်လိုက်ရင်တောင် မရရတဲ့နည်းနဲ့ ရှောင်တတ်ကြပါတယ်။ ဒါပေမယ့် သင့်အိမ်ထောင်ဖက်ကို သူ့တင်ပါးကိုင်ပြီး စနောက်တာမျိုး မဟုတ်ပဲ နှိပ်နယ်ပေးမယ့်အကြောင်း ပြောပြပြီး သူတို့တင်ပါးကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဟာလည်း အမျိုးသားတွေကို စိတ်လှုပ်ရှားပျော်ရွှင်စေတဲ့အရာပါပဲ။
Trend Myanmar