Zawgyi ဖြင့်ဖတ်ရန်












Unicode ဖြင့်ဖတ်ရန်

ကိုယ်ချင်းဆက် အမွှာတွေရဲ့ လိင်မှုရေးရာအခြေအနေဘယ်လိုရှိမယ်လို့ သင်ထင်သလဲ …?

အင်း…သင်ခေါင်းထဲမှာရော ဒီလိုမျိုးတွေတွေးမိမလားမသိ…. ။အမွှာ တွေဟာ တူညီတဲ့အရာအများကြီးရှိတဲ့အကြောင်းကို ကျွန်တော်တို့သိထားတာပဲ ။တစ်ယောက်ခံစားရတဲ့အတိုင်းနောက်တစ်ယောက်က ခံစားရတယ် ။ဒါပေမယ့်လည်း သာမန် အမွှာနှစ်ယောက်ဟာ ဘယ်လောက်ပဲတူနေပါစေ သူတို့မှာ သူတို့နဲ့ပတ်သတ်တဲ့သီးခြားအရာတွေရှိတာပေါ့ ။ကိုယ်ချင်းဆက်အမွှာတွေကျတော့ သူတို့နှစ်ယောက်ဟာ အမြဲတမ်းအတူတူဖြစ်နေတဲ့အတွက် သီးခြားအရာတွေရှိဖို့ဆိုတာကသိပ်မဖြစ်နိုင်ဘူး ။

ဒီမှာမေးခွန်းတစ်ခုရှိလာတာက သူတို့ လိင်ကိစ္စ ကိုရောဘယ်လိုဖြေရှင်းကြမလဲ ။သူတို့ရဲ့လက်တွဲဖော်တွေနဲ့ဘယ်လိုမျိုး ဒီကိစ္စကိုဆောင်ရွက်ကြလဲ ။ကိုယ်ချင်းဆက် အမွှာတွေဆိုတာဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ချို့အတူတူဖြစ်နေတဲ့အတွက် တစ်ခါတစ်လေမှာ လိင်အင်္ဂါတစ်ခုထဲပဲ ပါတဲ့အနေအထားမျိုးတွေရှိတယ် ။

ဒီတော့ သူတို့ဘယ်လိုမျိုးလုပ်ကြမလဲ…

လိင်အင်္ဂါ သီးခြား ပါရှိတဲ့ ကိုယ်ချင်းဆက် အမွှာတွေအတွက်တော့ သိပ်ပြဿနာမရှိပါဘူး။
Chang နဲ့ Eng Bunker ဆိုတဲ့ ရင်ချင်းဆက်အမွှာဆိုရင် သူတို့မှာ လိင်အင်္ဂါသီးခြားပါရှိတဲ့အတွက် သူတို့ပါတနာတွေနဲ့ အဆင်ပြေပြေဒီကိစ္စကိုဆောင်ရွက်နိုင်ပါတယ် ။Chang နဲ့ Eng ဟာ Adelaide နဲ့ Sarah Ann Tates ဆိုတဲ့ညီမနှစ်ယောက်နဲ့လက်ထပ်ခဲ့ပြီး သားသမီး ၂၁ ယောက်ထွန်းကားခဲ့တယ် ။

ဒါကတော့ ပထမဆုံးရင်ချင်းဆက်အမွှာ Eng နဲ့ Chang ပါ ။Yates ညီအစ်မနဲ့လက်ထပ်ပြီး ကလေး ၂၁ ယောက်ထွန်းကားခဲ့ပါတယ် ။Daisy နဲ့ Violet Hilton ဆိုတဲ့တင်ချင်းဆက်အမွှာနှစ်ယောက်ကလည်း အိမ်ထောင်ပြုခဲ့ပါသေးတယ် ။သူတို့နှစ်ယောက်ဟာ ကမ္ဘာလှည့်ဖျော်ဖြေသူတွေလည်းဖြစ်တယ် ။

သူတို့ရဲ့ခင်ပွန်း တွေဟာ အခြောက်တွေဖြစ်ကြတဲ့အတွက် အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ကြပါတယ် ။ဖျော်ဖြေမလုပ်တော့တဲ့အချိန်မှာတော့ စတိုးဆိုင်တစ်ဆိုင်ဖွင့်ပြီးတော့ သေတဲ့အထိနေသွားကြပါတယ် ။ဒီအမွှာကတော့ကလေးမရခဲ့ပါဘူး ။

ဒါကတော့ Daisy နဲ့ Violet Hilton ပါ ။သူတို့ဟာနယ်လှည့်ဖျော်ဖြေသူတွေဖြစ်ကြပါတယ် ။
သူတို့ရဲ့ခင်ပွန်းတွေကတော့အခြောက်တွေပဲဖြစ်တယ် ။ဒီအမွှာဟာကလေးတော့မရခဲ့ဘူး ။
Abby နဲ့ Britanny Hensel ဆိုတဲ့ အမွှာနှစ်ယောက်ခန္ဓာကိုယ်တစ်ခုနဲ့ခေါင်းနှစ်ခုပါတဲ့အမွှာပဲဖြစ်တယ် ။Britany ဟာ စေ့စပ်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ သတင်းအတိအကျဘယ်တုန်းကမှမသိခဲ့ရပါဘူး ။တကယ်လို့လက်ထပ်ခဲ့တယ်ဆိုရင် သူ့ကိုမေးချင်တဲ့မေးခွန်းတွေက သင်တစ်ယောက်ထဲရဲ့ခေါင်းထဲမှာရှိနေတာမဟုတ်ပါဘူး ။

ဥပမာ အမွှာတစ်ယောက်က အိပ်ယာထက်မှာ ခံစားနေတဲ့အခါ နောက်တစ်ယောက်ကဘယ်လိုများနေသလဲ ။ဒီအသံတွေကို သူဘယ်လိုများ မကြားအောင်နေသလဲ ။ပြီးတော့ သူတို့နှစ်ယောက်က ခန္ဓာကိုယ်တစ်ခုထဲဆိုတော့ ခံစားရတာက နှစ်ယောက်လုံအတူတူပဲလား ။

ဒါကတော့ Abby နဲ့ Brittany Hensel ပါပဲ ။သင်မေးချင်နေတဲ့မေးခွန်းတွေအတွက်တော့အဖြေမရှိပါဘူး ။ဘာကြောင့်လည်းဆိုတော့သူတို့လည်း ကျွန်တော်တို့လိုလူသားတွေဖြစ်တဲ့အတွက် သိုသိုသိပ်သိပ်ပဲနေချင်ကြတယ်လေ ။ပြီးတော့ ဇီဝဗေဒပညာရှင် လိင်ပိုင်းဆိုင်ရာလေ့လာသူ Alice Dreger ပြောခဲ့တာကတော့ကိုယ်ချင်းဆက် အမွှာတွေဟာ ကျွန်တော်တို့လောက် လိင်ကိစ္စကိုလိုအပ်မှုမရှိပါဘူးတဲ့ ။ပြီးတော့ သူတို့မှာ ထာဝရအတူရှိမယ့် ဝိညာဉ်ဖက်ရှိနေပြီဖြစ်တဲ့အတွက် အခြားတစ်ယောက်ကိုလည်းမလိုအပ်ပါဘူးတဲ့ ။

“ကိုယ်ချင်းဆက်အမွှာတွေဟာ ကျွန်မတို့လောက် လိင်ကိစ္စကိုစိတ်မဝင်စားကြပါဘူး ။
သူတို့မှာ ထာဝရအတူရှိမယ့် ဝိညာဉ်ဖက်ရှိနေပြီဖြစ်တဲ့အတွက် တတိယတစ်ယောက်မလိုအပ်တော့ပါဘူး ။ပြောရရင် ကျွန်မတို့ ဘဝမှာ အရမ်းနီးစပ်လွန်းတဲ့လူတစ်ယောက်ရှိတဲ့အခါမှာ နောက်တစ်ယောက်မလိုတော့သလိုမျိုးပေါ့” ။

Writer – Min Thu (Daily Hot News)

LEAVE A REPLY