Zawgyi ျဖင့္ဖတ္ရန္

၂၀၁၈ခုႏွစ္ အာဇာနည္ေန႔တုန္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္းမိသားစုေနထိုင္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ရွိ ဗိုလ္ခ်ဳပ္ေနအိမ္အေပၚထပ္ကို ေလွကားႀကံ့ခိုင္မႈအားနည္းခ်က္ေၾကာင့္ အေပၚကိုတက္ေရာက္ ေလ့လာၾကည့္ရႈခြင့္မျပဳခဲ့ပါဘူး။ ဒီႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔မွာ က်ေရာက္မယ့္အာဇာနည္ေန႔မွာေတာ့ အေပၚထပ္ကို ျပန္လည္ေလ့လာၾကည့္ရႈခြင့္ျပဳမွာ ျဖစ္တယ္လို႔သိရပါတယ္။

မႏွစ္က ျပတိုက္ အေပၚပိုင္းတက္တဲ့ေလွကားက ႀကံ့ခိုင္မႈအားနည္းခဲ့လို႔ အေပၚပိုင္းတက္ေရာက္ခြင့္ကိုမျပဳခဲ့ဘူး။ ဒီႏွစ္ကေတာ့ ၂၀၁၈-၂၀၁၉ဘ႑ာႏွစ္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ အေထြေထြမြမ္းမံေရးလုပ္ငန္းေအာက္မွာ လုပ္ငန္းစဥ္(၉)ခုပါတယ္။ အဲဒီလုပ္ငန္းစဥ္(၉)ခုထဲမွာမွ ျပတိုက္အတြင္းအတက္ေလွကားနဲ႔ ၾကမ္းခင္းကို ဦးစားေပးအေနနဲ႔ေဆာင္႐ြက္ခဲ့တယ္။ အခု ေလွကားကိုလည္းျပဳျပင္ၿပီးသြားၿပီ ႀကံ့ခိုင္မႈလည္းရွိသြားၿပီျဖစ္လို႔ ဒီႏွစ္ အာဇာနည္ေန႔မွာ အေပၚထပ္ ကိုျပန္လည္ေလ့လာၾကည့္ရႈခြင့္ေပးမွာျဖစ္တယ္ “ လို႔ ဇူလိုင္လ(၄)ရက္ေန႔က ရန္ကုန္ၿမိဳ႕ အမ်ိဳးသားျပတိုက္မွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးခင္ေမာင္စိုးကေျပာပါတယ္။

ဒီႏွစ္အာဇာနည္ေန႔မွာေတာ့ ေလ့လာေရးကို လမ္းေၾကာင္းေျပာင္းထားၿပီးေတာ့ ပထမဆုံးဝင္ဝင္ခ်င္းမွာပဲ ဗိုလ္ခ်ဳပ္ရဲ႕ကားကို အရင္ၾကည့္ရႈရမွာ ျဖစ္တယ္လို႔သိရပါတယ္။

ရွားပါးၿပီး ဗိုလ္ခ်ဳပ္ပုံပါတဲ့ ေငြစကၠဴမ်ိဳးစုံနဲ႔ ဗိုလ္ခ်ဳပ္ပုံပါတဲ့ တံဆိပ္ေခါင္းေတြကို (၈) ေပေလာက္ရွိတဲ့ ဘုတ္(၁၈)ခ်ပ္ေလာက္ကိုလည္း ျပသသြားမွာျဖစ္တယ္လို႔ ဦးခင္ေမာင္စိုးကေျပာပါတယ္။

ဇူလိုင္လ(၁၈)ရက္ေန႔ထိကို ျပင္ဆင္မႈ၊ျဖည့္စည္းမႈလုပ္ငန္းေတြကိုေဆာင္႐ြက္မွာျဖစ္လို႔ ယာယီပိတ္ထားၿပီး ဇူလိုင္လ(၁၉)ရက္ေန႔ အာဇာနည္ေန႔မွာေတာ့ နံနက္(၆)နာရီကေန ညေန(၆)နာရီထိ၊ ဇူလိုင္လ(၂၀)ရက္ေန႔နဲ႔ (၂၁)ရက္ေန႔ေတြမွာေတာ့ မနက္(၈)နာရီကေန ညေန(၅)နာရီထိဖြင့္လွစ္ေပးသြားမွာပါ။ အဆိုပါ (၃)ရက္မွာေတာ့ မည္သူမဆိုအခမဲ့လာေရာက္ၾကည့္ရႈႏိုင္မွာျဖစ္ၿပီး ပုံမွန္ရက္ေတြမွာေတာ့ ႏိုင္ငံျခားသားေတြအေနနဲ႔ တစ္ဦးကို (၅၀၀၀)က်ပ္ႏႈန္းဝင္ေၾကးေကာက္ခံလွ်က္ရွိတယ္လို႔ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးခင္ေမာင္စိုးကေျပာပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အာဇာနည်နေ့ မှာ ဗိုလ်ချုပ်နေအိမ်အပေါ်ထပ်ကို ပြန်လည်လေ့လာခွင့်ပေးမည်

၂၀၁၈ခုနှစ် အာဇာနည်နေ့တုန်းက ဗိုလ်ချုပ်အောင်ဆန်းမိသားစုနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်နေအိမ်အပေါ်ထပ်ကို လှေကားကြံ့ခိုင်မှုအားနည်းချက်ကြောင့် အပေါ်ကိုတက်ရောက် လေ့လာကြည့်ရှုခွင့်မပြုခဲ့ပါဘူး။ ဒီနှစ် ဇူလိုင်လ(၁၉)ရက်နေ့မှာ ကျရောက်မယ့်အာဇာနည်နေ့မှာတော့ အပေါ်ထပ်ကို ပြန်လည်လေ့လာကြည့်ရှုခွင့်ပြုမှာ ဖြစ်တယ်လို့သိရပါတယ်။

မနှစ်က ပြတိုက် အပေါ်ပိုင်းတက်တဲ့လှေကားက ကြံ့ခိုင်မှုအားနည်းခဲ့လို့ အပေါ်ပိုင်းတက်ရောက်ခွင့်ကိုမပြုခဲ့ဘူး။ ဒီနှစ်ကတော့ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အထွေထွေမွမ်းမံရေးလုပ်ငန်းအောက်မှာ လုပ်ငန်းစဉ်(၉)ခုပါတယ်။ အဲဒီလုပ်ငန်းစဉ်(၉)ခုထဲမှာမှ ပြတိုက်အတွင်းအတက်လှေကားနဲ့ ကြမ်းခင်းကို ဦးစားပေးအနေနဲ့ဆောင်ရွက်ခဲ့တယ်။ အခု လှေကားကိုလည်းပြုပြင်ပြီးသွားပြီ ကြံ့ခိုင်မှုလည်းရှိသွားပြီဖြစ်လို့ ဒီနှစ် အာဇာနည်နေ့မှာ အပေါ်ထပ် ကိုပြန်လည်လေ့လာကြည့်ရှုခွင့်ပေးမှာဖြစ်တယ် “ လို့ ဇူလိုင်လ(၄)ရက်နေ့က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။

ဒီနှစ်အာဇာနည်နေ့မှာတော့ လေ့လာရေးကို လမ်းကြောင်းပြောင်းထားပြီးတော့ ပထမဆုံးဝင်ဝင်ချင်းမှာပဲ ဗိုလ်ချုပ်ရဲ့ကားကို အရင်ကြည့်ရှုရမှာ ဖြစ်တယ်လို့သိရပါတယ်။

ရှားပါးပြီး ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူမျိုးစုံနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ တံဆိပ်ခေါင်းတွေကို (၈) ပေလောက်ရှိတဲ့ ဘုတ်(၁၈)ချပ်လောက်ကိုလည်း ပြသသွားမှာဖြစ်တယ်လို့ ဦးခင်မောင်စိုးကပြောပါတယ်။

ဇူလိုင်လ(၁၈)ရက်နေ့ထိကို ပြင်ဆင်မှု၊ဖြည့်စည်းမှုလုပ်ငန်းတွေကိုဆောင်ရွက်မှာဖြစ်လို့ ယာယီပိတ်ထားပြီး ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့မှာတော့ နံနက်(၆)နာရီကနေ ညနေ(၆)နာရီထိ၊ ဇူလိုင်လ(၂၀)ရက်နေ့နဲ့ (၂၁)ရက်နေ့တွေမှာတော့ မနက်(၈)နာရီကနေ ညနေ(၅)နာရီထိဖွင့်လှစ်ပေးသွားမှာပါ။ အဆိုပါ (၃)ရက်မှာတော့ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ပုံမှန်ရက်တွေမှာတော့ နိုင်ငံခြားသားတွေအနေနဲ့ တစ်ဦးကို (၅၀၀၀)ကျပ်နှုန်းဝင်ကြေးကောက်ခံလျှက်ရှိတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။

share from : burmese.asia

LEAVE A REPLY