Zawgyi ျဖင့္ဖတ္ရန္

တစ္ခါတစ္ေလေတာ့ ဖူးစာလူးလာ ဒူးကာလို႔မရဆိုတဲ့ ဟို ျမန္မာကားနာမည္လို နဖူးစာ႐ြာလည္တဲ့ အျဖစ္အပ်က္ေတြဆိုတာ တကယ္ရွိတတ္ပါတယ္။ ခ်စ္ျခင္းေမတၱာဆိုတာကလည္း ထူးဆန္းတယ္လို႔ အားလုံးက လက္ခံထားၾကတယ္ဆိုရင္မမွားပါဘူး။ တစ္ခါတစ္ရံ ကိုယ္ခ်စ္တယ္ထင္တဲ့လူေတြ တစ္သက္လုံးလက္တြဲသြားေတာ့မယ္ထင္တဲ့လူေတြနဲ႔အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္လြဲေခ်ာ္သြားတတ္တဲ့သာဓကေတြကလည္း ကမာၻအႏွံ႔မွာေန႔စဥ္နဲ႔အမွ် ျဖစ္ပ်က္ေနတာပါ။ ျမားနတ္ေမာင္ က်ီစားတတ္ပါတယ္။ျမားနတ္ေမာင္ဟာ ကိုယ္ဘယ္လိုမွမထင္မွတ္ထားတဲ့အခ်ိန္ မထင္မွတ္ထားတဲ့ေနရာမွာမထင္မွတ္ထားတဲ့လူနဲ႔ ျဗဳန္းဆိုခ်စ္သူျဖစ္ခိုင္းလိုက္တဲ့အကြက္ေတြလည္းထုတ္သုံးတတ္ပါေသးတယ္။

မၾကာခင္ကမွ ကမာၻနဲ႔ခ်ီၿပီးဟိုးေလးတေက်ာ္နဲ႔ ခ်စ္သူေတြျဖစ္သြားၾကတဲ့ တ႐ုတ္ျပည္က ေကာင္ေလးနဲ႔ေကာင္မေလးဟာလည္း ျမားနတ္ေမာင္ရဲ႕ အဲဒီေျပာင္ေျမာက္တဲ့အကြက္ေအာက္မွာအစင္းသားမိသြားၾကပုံပါပဲ။ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္လုံးဝမသိတဲ့ အေျခအေနကေန ေလယာဥ္တစ္စီးတည္းအတူတူစီးမိၿပီး ခ်စ္သူျဖစ္သြားၾကတာပါ။ ေလယာဥ္ေပၚမတက္ခင္က သူစိမ္းႏွစ္ေယာက္ဟာ ေလယာဥ္ေပၚကျပန္အဆင္းမွာေတာ့ သိပ္ခ်စ္ၾကတဲ့ခ်စ္သူေတြျဖစ္ေနၾကပါၿပီ။ ျဖစ္ပုံကေတာ့ ဒီလိုပါ။

Xu Zhewei နဲ႔ Liu Yudan တို႔ႏွစ္ေယာက္ဟာ ထိုင္ဝမ္ကေန တိုင္ေပကို ေလယာဥ္တစ္စီးတည္းအတူတူစီးမိခဲ့ၾကပါတ ယ္။ ေလယာဥ္မထြက္ခင္မွာ ခရီးေဆာင္အိတ္ကိုသတ္မွတ္ေနရာထဲထည့္ဖို႔ မဆံ့လို႔ ဒုကၡမ်ားေနတဲ့ Liu က Xu ကို အကူအညီေတာင္းရာကေနၿပီးသူတို႔ႏွစ္ေယာက္က စတင္သိကြၽမ္းခဲ့ရတယ္လို႔သိရပါတယ္။အဲဒီေနာက္မွာ ေကာင္မေလး (Liu Yudan) က ေကာင္ေလးနဲ႔နီးတဲ့ အလည္ကခုံကိုေျပာင္းထိုင္ၿပီး စကားတေျပာေျပာနဲ႔ပါလာခဲ့တယ္ဆိုပါတယ္။ သိပ္မၾကာခင္မွာေတာ့ Liu က ပင္ပန္းေနဟန္နဲ႔ သူမရဲ႕ ညအိပ္တဲ့ မ်က္လုံးပိတ္အစြပ္ကို စြပ္ၿပီးအိပ္ေပ်ာ္သြားခဲ့ပါတယ္တဲ့။ သိပ္မၾကာခင္မွာပဲ ေလယာဥ္က ႐ုတ္တရက္ ေလဖိအားမၿငိမ္ပဲ ေလထဲမွာယိမ္းထိုးသြားခဲ့တာကို ႏွစ္ေယာက္လုံးခံစားလိုက္ရပါတယ္။ ေၾကာက္မက္ဖြယ္ ယိမ္းထိုးေနမႈႀကီးနဲ႔ ေလျပင္းေတြတိုက္ခတ္မႈဟာ မိနစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီး အဲဒီအခ်ိန္မွာ Xu က ေဘးမွာေၾကာက္ေနတဲ့ Liu ကို လက္ကေလးကို ျငင္သာစြာ ကိုင္ၿပီး မေၾကာက္ပါနဲ႔လို႔ အားေပးေနခဲ့တယ္လို႔ေျပာထား့ပါတယ္။ Xu ရဲ႕ လူမႈကြန္ယက္ေပၚတင္ထားတဲ့ Post မွာအဲဒီအခ်ိန္က ကြၽန္ေတာ္သူ႔ကို ႐ုတ္တရက္ကာကြယ္ေပးခ်င္လာတယ္။သူေဘးကင္းဖို႔ပဲစိတ္ထဲမွာရွိတယ္ လို႔ လည္းေရးထားပါေသးတယ္။ အဲဒီေနာက္မွာေတာ့ သိၾကတဲ့အတိုင္း သူတို႔ႏွစ္ေယာက္ဟာ ျမန္ျမန္ဆန္ဆန္ပဲ သိပ္ခ်စ္ၾကတဲ့ ခ်စ္သူေတြျဖစ္သြားခဲ့ၾကပါတယ္။

 

 

ႏွစ္ေယာက္လုံးရဲ႕ ခရီးဆုံးမွတ္တိုင္ တိုင္ေပေလဆိပ္ကိုေရာက္တဲ့အခ်ိန္မွာ Xu က ခ်စ္သူအသစ္စက္စက္ေလးအတြက္ အစစအရာရာဂ႐ုတစိုက္လုပ္ေပးၿပီး သူတို႔ႏွစ္ေယာက္ဟာ သိပ္မၾကာခင္မွာပဲ Facebook ေပၚမွာ RS တင္လိုက္ပါေတာ့တယ္။ အဲဒီေနာက္မွာ ႏွစ္ေယာက္သား ၾကင္နာစြာနဲ႔ ခရီးေတြအတူတူထြက္ခဲ့တယ္လို႔လည္းသိရပါတယ္။ Xu က ခရီးသြားရင္း ခ်စ္သူေခ်ာေလးေကာက္ရလိုက္တဲ့အေၾကာင္း သူ႔ရဲ႕ လူမႈကြန္ယက္မွာဓာတ္ပုံေလးေတြတင္ထားခဲ့ၿပီး အင္တာနက္အသုံးျပဳသူေတြက အံ့ၾသတႀကီးနဲ႔ အားက်ေနၿပီး ဝိုင္းshare လိုက္ၾကတာ တစ္ကမာၻလုံးမွာ ဟိုးေလးတေက်ာ္ျဖစ္သြားခဲ့တာပါ။ ခရီးသြားဟန္လႊဲခ်စ္သူေခ်ာေခ်ာေလးရလိုက္တာ ေခသူမဟုတ္လို႔ အဓိပၸါယ္ရတဲ့ comment ေတြလည္း ပလူပ်ံလာခဲ့ပါတယ္။

Xu ရဲ႕ ျဖစ္ရပ္ကို တစ္ကမာၻလုံးက အားက်ေနၾကၿပီး အဲဒီလိုခ်စ္သူေတြျဖစ္တာ သူတို႔ႏွစ္ေယာက္စလုံးက ျပစ္မ်ိဳးမွဲ႔မမထင္ေခ်ာတဲ့လူေတြအခ်င္းခ်င္းမို႔လို႔ပါလို႔ ေဝဖန္ေျပာဆိုတဲ့လူေတြလည္းရွိေနပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ သြားရင္းလာရင္းနဲ႔အဲဒီလို ရည္းစားေကာက္ရဖူးၾကလား။ ရည္းစားေရာရွိၾကလား။ မရွိရင္လည္း ေလယာဥ္ေလးဘာေလးစီးဖို႔ အႀကံေပးလိုက္ရပါတယ္ေနာ္။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

ကြောက်မက်ဖွယ်လေယာဉ်ခရီးစဉ်မှာချစ်သူတွေဖြစ်သွားတဲ့ ကောင်လေးနဲ့ ကောင်မလေး

တစ်ခါတစ်လေတော့ ဖူးစာလူးလာ ဒူးကာလို့မရဆိုတဲ့ ဟို မြန်မာကားနာမည်လို နဖူးစာရွာလည်တဲ့ အဖြစ်အပျက်တွေဆိုတာ တကယ်ရှိတတ်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာကလည်း ထူးဆန်းတယ်လို့ အားလုံးက လက်ခံထားကြတယ်ဆိုရင်မမှားပါဘူး။ တစ်ခါတစ်ရံ ကိုယ်ချစ်တယ်ထင်တဲ့လူတွေ တစ်သက်လုံးလက်တွဲသွားတော့မယ်ထင်တဲ့လူတွေနဲ့အကြောင်းအမျိုးမျိုးကြောင့်လွဲချော်သွားတတ်တဲ့သာဓကတွေကလည်း ကမ္ဘာအနှံ့မှာနေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတာပါ။ မြားနတ်မောင် ကျီစားတတ်ပါတယ်။မြားနတ်မောင်ဟာ ကိုယ်ဘယ်လိုမှမထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့နေရာမှာမထင်မှတ်ထားတဲ့လူနဲ့ ဗြုန်းဆိုချစ်သူဖြစ်ခိုင်းလိုက်တဲ့အကွက်တွေလည်းထုတ်သုံးတတ်ပါသေးတယ်။

မကြာခင်ကမှ ကမ္ဘာနဲ့ချီပြီးဟိုးလေးတကျော်နဲ့ ချစ်သူတွေဖြစ်သွားကြတဲ့ တရုတ်ပြည်က ကောင်လေးနဲ့ကောင်မလေးဟာလည်း မြားနတ်မောင်ရဲ့ အဲဒီပြောင်မြောက်တဲ့အကွက်အောက်မှာအစင်းသားမိသွားကြပုံပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်လုံးဝမသိတဲ့ အခြေအနေကနေ လေယာဉ်တစ်စီးတည်းအတူတူစီးမိပြီး ချစ်သူဖြစ်သွားကြတာပါ။ လေယာဉ်ပေါ်မတက်ခင်က သူစိမ်းနှစ်ယောက်ဟာ လေယာဉ်ပေါ်ကပြန်အဆင်းမှာတော့ သိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်နေကြပါပြီ။ ဖြစ်ပုံကတော့ ဒီလိုပါ။

Xu Zhewei နဲ့ Liu Yudan တို့နှစ်ယောက်ဟာ ထိုင်ဝမ်ကနေ တိုင်ပေကို လေယာဉ်တစ်စီးတည်းအတူတူစီးမိခဲ့ကြပါတ ယ်။ လေယာဉ်မထွက်ခင်မှာ ခရီးဆောင်အိတ်ကိုသတ်မှတ်နေရာထဲထည့်ဖို့ မဆံ့လို့ ဒုက္ခများနေတဲ့ Liu က Xu ကို အကူအညီတောင်းရာကနေပြီးသူတို့နှစ်ယောက်က စတင်သိကျွမ်းခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်မှာ ကောင်မလေး (Liu Yudan) က ကောင်လေးနဲ့နီးတဲ့ အလည်ကခုံကိုပြောင်းထိုင်ပြီး စကားတပြောပြောနဲ့ပါလာခဲ့တယ်ဆိုပါတယ်။ သိပ်မကြာခင်မှာတော့ Liu က ပင်ပန်းနေဟန်နဲ့ သူမရဲ့ ညအိပ်တဲ့ မျက်လုံးပိတ်အစွပ်ကို စွပ်ပြီးအိပ်ပျော်သွားခဲ့ပါတယ်တဲ့။ သိပ်မကြာခင်မှာပဲ လေယာဉ်က ရုတ်တရက် လေဖိအားမငြိမ်ပဲ လေထဲမှာယိမ်းထိုးသွားခဲ့တာကို နှစ်ယောက်လုံးခံစားလိုက်ရပါတယ်။ ကြောက်မက်ဖွယ် ယိမ်းထိုးနေမှုကြီးနဲ့ လေပြင်းတွေတိုက်ခတ်မှုဟာ မိနစ်ပေါင်းများစွာကြာခဲ့ပြီး အဲဒီအချိန်မှာ Xu က ဘေးမှာကြောက်နေတဲ့ Liu ကို လက်ကလေးကို ငြင်သာစွာ ကိုင်ပြီး မကြောက်ပါနဲ့လို့ အားပေးနေခဲ့တယ်လို့ပြောထား့ပါတယ်။ Xu ရဲ့ လူမှုကွန်ယက်ပေါ်တင်ထားတဲ့ Post မှာအဲဒီအချိန်က ကျွန်တော်သူ့ကို ရုတ်တရက်ကာကွယ်ပေးချင်လာတယ်။သူဘေးကင်းဖို့ပဲစိတ်ထဲမှာရှိတယ် လို့ လည်းရေးထားပါသေးတယ်။ အဲဒီနောက်မှာတော့ သိကြတဲ့အတိုင်း သူတို့နှစ်ယောက်ဟာ မြန်မြန်ဆန်ဆန်ပဲ သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။

နှစ်ယောက်လုံးရဲ့ ခရီးဆုံးမှတ်တိုင် တိုင်ပေလေဆိပ်ကိုရောက်တဲ့အချိန်မှာ Xu က ချစ်သူအသစ်စက်စက်လေးအတွက် အစစအရာရာဂရုတစိုက်လုပ်ပေးပြီး သူတို့နှစ်ယောက်ဟာ သိပ်မကြာခင်မှာပဲ Facebook ပေါ်မှာ RS တင်လိုက်ပါတော့တယ်။ အဲဒီနောက်မှာ နှစ်ယောက်သား ကြင်နာစွာနဲ့ ခရီးတွေအတူတူထွက်ခဲ့တယ်လို့လည်းသိရပါတယ်။ Xu က ခရီးသွားရင်း ချစ်သူချောလေးကောက်ရလိုက်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာဓာတ်ပုံလေးတွေတင်ထားခဲ့ပြီး အင်တာနက်အသုံးပြုသူတွေက အံ့သြတကြီးနဲ့ အားကျနေပြီး ဝိုင်းshare လိုက်ကြတာ တစ်ကမ္ဘာလုံးမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တာပါ။ ခရီးသွားဟန်လွှဲချစ်သူချောချောလေးရလိုက်တာ ခေသူမဟုတ်လို့ အဓိပ္ပါယ်ရတဲ့ comment တွေလည်း ပလူပျံလာခဲ့ပါတယ်။

Xu ရဲ့ ဖြစ်ရပ်ကို တစ်ကမ္ဘာလုံးက အားကျနေကြပြီး အဲဒီလိုချစ်သူတွေဖြစ်တာ သူတို့နှစ်ယောက်စလုံးက ပြစ်မျိုးမှဲ့မမထင်ချောတဲ့လူတွေအချင်းချင်းမို့လို့ပါလို့ ဝေဖန်ပြောဆိုတဲ့လူတွေလည်းရှိနေပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော သွားရင်းလာရင်းနဲ့အဲဒီလို ရည်းစားကောက်ရဖူးကြလား။ ရည်းစားရောရှိကြလား။ မရှိရင်လည်း လေယာဉ်လေးဘာလေးစီးဖို့ အကြံပေးလိုက်ရပါတယ်နော်။

Credit : Nanmalgyi

LEAVE A REPLY