Zawgyi ျဖင့္ဖတ္ရန္

အမ်ိဳးသားနဲ႔အမ်ိဳးသမီးေတြဆိုတာ ေမြးကတည္းက မတူညီတဲ့ သဘာဝေတြကိုယ္စီပိုင္ဆိုင္ထားၾကသူေတြပါ။ ခ်စ္သူစုံတြဲေတြျဖစ္သြားတဲ့အခါ ခ်စ္သူရဲ႕ သေဘာသဘာဝကို နားလည္ေပးလိုက္တဲ့အခါ အရာအားလုံးဟာ ပိုၿပီးအဆင္ေျပသြားတာကိုေတြ႕ျမင္ရမွာပါ။ ခုေဖာ္ျပေပးမွာကေတာ့ ေကာင္ေလးေတြရဲ႕ ရယ္စရာသဘာဝေလးပဲျဖစ္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

(၁) ဘာမွမစဥ္းတဲ့အခ်ိန္

ေယာက်္ားေလးေတြဟာ အခ်ိန္တိုင္း တစ္ခုခုကို စဥ္းစားေနမယ့္သူေတြမဟုတ္ပါဘူး။ တစ္ခါတေလမွာက်ေတာ့ဘာကိုမွ မစဥ္းစားပဲ ကေလးတစ္ေယာက္လိုေဆာ့ရင္ေဆာ့၊ ဒါမွမဟုတ္ ေအးေအးေဆးေဆး ဘာမွမေတြးပဲ တစ္ေယာက္တည္းေနေနတတ္ပါတယ္။

(၂) သိပ္ဂ႐ုစိုက္တတ္ဘူး

ေယာက်္ားေလးေတြဟာ နေမာ္နမဲ့ႏိုင္ပါတယ္။ တစ္ခါတေလမွာအေသးအမႊားေလးေတြကို သိပ္ၿပီး ဂ႐ုမစိုက္တတ္ၾကပါဘူူူး။ ဥပမာေျခအိတ္တစ္ဖက္နဲ႔တစ္ဖက္အေရာင္တူမတူစစ္တာမ်ိဳး၊ အေပၚနဲ႔ေအာက္လိုက္ဖက္ရဲ႕လားဆိုတာ ၾကည့္တာမ်ိဳးေတြကို သိပ္ၿပီးမလုပ္တတ္ၾကပါဘူး။

(၃) ေပါက္ကရေတြစဥ္းစားတယ္

တစ္ခါတေလေယာက်္ားေလးေတြဟာ ဘာမွလုံးလုံးကိုမစဥ္းစားပဲ ေနတတ္ၾကသေလာက္၊ တစ္ခါတေလမွာေတာ့ ဘာမဟုတ္တဲ့ေပါက္ကရေတြကို ေရးႀကီးခြင္က်ယ္လုပ္ၿပီး စဥ္းစားတတ္ၾကပါတယ္။ ဥပမာ ခ႐ုကို အခြံခြၽတ္လိုက္ရင္ အဲ့ဒီ့ခ႐ုက ကိုယ္တုံးလုံးျဖစ္သြားတာလား၊ အိမ္မဲ့ယာမဲ့ျဖစ္သြားတာလား ဆိုတာမ်ိဳးေပါ့။

(၄) ေၾကာက္တတ္တယ္

ေယာက်္ားေလးေတြဟာ မျပတ္သားၾကပါဘူး။ ပတ္ဝန္းက်င္ရဲ႕ဖိအား၊ အေပါင္းအသင္းေတြရဲ႕ေျမႇာက္ပင့္မႈေတြေၾကာင့္ ေျပာင္းလဲတတ္တဲ့သူေတြပါ။ အေၾကာင္းကေတာ့ သူတို႔ရဲ႕ေၾကာက္တတ္တဲ့စိတ္နဲ႔ စိုးရိမ္စိတ္ေတြေၾကာင့္ပါ။

(၅) ငမ္းတတ္တယ္

ေယာက်္ားေလးေတြဟာ သူတို႔နားက ျဖတ္သြားသမွ် မိန္းကေလးေတြကိုငမ္းတတ္ၾကပါသတဲ့။ ဒါေပမယ့္ ဝမ္းသာဖို႔ေကာင္းတဲ့အခ်က္ကေတာ့ သူတို႔အတြက္ ဇနီးမယားေကာင္း၊ ေမြးလာမယ့္ သားသမီးေတြအတြက္ မိခင္ေကာင္းျဖစ္လာႏိုင္တဲ့သူကိုပဲ လက္တြဲေဖာ္အျဖစ္ေ႐ြးခ်ယ္ၾကပါတယ္။

Credit : Aunty may

 

Unicode ဖြင့်ဖတ်ရန်

ချစ်သူကောင်လေးနဲ့ပတ်သက်ပြီး မိန်းကလေးတွေမသိကြတဲ့ ရယ်စရာသဘာဝလေးများ

အမျိုးသားနဲ့အမျိုးသမီးတွေဆိုတာ မွေးကတည်းက မတူညီတဲ့ သဘာဝတွေကိုယ်စီပိုင်ဆိုင်ထားကြသူတွေပါ။ ချစ်သူစုံတွဲတွေဖြစ်သွားတဲ့အခါ ချစ်သူရဲ့ သဘောသဘာဝကို နားလည်ပေးလိုက်တဲ့အခါ အရာအားလုံးဟာ ပိုပြီးအဆင်ပြေသွားတာကိုတွေ့မြင်ရမှာပါ။ ခုဖော်ပြပေးမှာကတော့ ကောင်လေးတွေရဲ့ ရယ်စရာသဘာဝလေးပဲဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

(၁) ဘာမှမစဉ်းတဲ့အချိန်

ယောကျ်ားလေးတွေဟာ အချိန်တိုင်း တစ်ခုခုကို စဉ်းစားနေမယ့်သူတွေမဟုတ်ပါဘူး။ တစ်ခါတလေမှာကျတော့ဘာကိုမှ မစဉ်းစားပဲ ကလေးတစ်ယောက်လိုဆော့ရင်ဆော့၊ ဒါမှမဟုတ် အေးအေးဆေးဆေး ဘာမှမတွေးပဲ တစ်ယောက်တည်းနေနေတတ်ပါတယ်။

(၂) သိပ်ဂရုစိုက်တတ်ဘူး

ယောကျ်ားလေးတွေဟာ နမော်နမဲ့နိုင်ပါတယ်။ တစ်ခါတလေမှာအသေးအမွှားလေးတွေကို သိပ်ပြီး ဂရုမစိုက်တတ်ကြပါဘူူူး။ ဥပမာခြေအိတ်တစ်ဖက်နဲ့တစ်ဖက်အရောင်တူမတူစစ်တာမျိုး၊ အပေါ်နဲ့အောက်လိုက်ဖက်ရဲ့လားဆိုတာ ကြည့်တာမျိုးတွေကို သိပ်ပြီးမလုပ်တတ်ကြပါဘူး။

(၃) ပေါက်ကရတွေစဉ်းစားတယ်

တစ်ခါတလေယောကျ်ားလေးတွေဟာ ဘာမှလုံးလုံးကိုမစဉ်းစားပဲ နေတတ်ကြသလောက်၊ တစ်ခါတလေမှာတော့ ဘာမဟုတ်တဲ့ပေါက်ကရတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး စဉ်းစားတတ်ကြပါတယ်။ ဥပမာ ခရုကို အခွံချွတ်လိုက်ရင် အဲ့ဒီ့ခရုက ကိုယ်တုံးလုံးဖြစ်သွားတာလား၊ အိမ်မဲ့ယာမဲ့ဖြစ်သွားတာလား ဆိုတာမျိုးပေါ့။

(၄) ကြောက်တတ်တယ်

ယောကျ်ားလေးတွေဟာ မပြတ်သားကြပါဘူး။ ပတ်ဝန်းကျင်ရဲ့ဖိအား၊ အပေါင်းအသင်းတွေရဲ့မြှောက်ပင့်မှုတွေကြောင့် ပြောင်းလဲတတ်တဲ့သူတွေပါ။ အကြောင်းကတော့ သူတို့ရဲ့ကြောက်တတ်တဲ့စိတ်နဲ့ စိုးရိမ်စိတ်တွေကြောင့်ပါ။

(၅) ငမ်းတတ်တယ်

ယောကျ်ားလေးတွေဟာ သူတို့နားက ဖြတ်သွားသမျှ မိန်းကလေးတွေကိုငမ်းတတ်ကြပါသတဲ့။ ဒါပေမယ့် ဝမ်းသာဖို့ကောင်းတဲ့အချက်ကတော့ သူတို့အတွက် ဇနီးမယားကောင်း၊ မွေးလာမယ့် သားသမီးတွေအတွက် မိခင်ကောင်းဖြစ်လာနိုင်တဲ့သူကိုပဲ လက်တွဲဖော်အဖြစ်ရွေးချယ်ကြပါတယ်။

Credit : Aunty may

LEAVE A REPLY