Zawgyi ဖြင့်ဖတ်ရန်




(၂) သူငယ်ချင်းတွေ


(၃) လွတ်လပ်မှု




(၅) ကိုယ်ကျင့်တရား





Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

ယောကျ်ားတစ်ယောက်အတွက် ကိုယ့်ဘက်က မစွန့်လွှတ်သင့်တဲ့အရာ (၇)မျိုး

အချစ်ဆိုတာ လောကကြီးထဲမှာ မဖြစ်မနေရှိဖို့လိုအပ်တဲ့အရာတစ်ခုဖြစ်ပြီး လှပတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ပြီးတော့ အချစ်ဆိုတာ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ခံစားချက်မျိုးဖြစ်ပါတယ်။ တစ်ယောက်ယောက်ကို မချစ်ပါနဲ့လို့တားလို့မရသလို၊ ချစ်ပါ လို့လည်း တောင်းဆိုလို့ မရပါဘူး။ ကိုယ့်ကို ချစ်တဲ့သူက အကြောင်းပြချက်မရှိ ချစ်သလို၊ မချစ်တဲ့သူကလည်း အကြောင်းပြချက် မရှိဘဲနဲ့ကို မချစ်တာပါပဲ။ ဒီတော့ ကိုယ်ချစ်ရတဲ့သူအတွက် ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်တာမျိုး၊ ကိုယ့်အချစ်ကို တစ်ဖက်က အသိအမှတ်ပြုလာအောင် သက်သေပြဖို့ အတင်းကြိုးစားနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ပျိုမေတို့အနေနဲ့ ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ချစ် ဒီအရာတွေကို စွန့်လွှတ်ပြီးတော့ မချစ်သင့်ပါဘူး။

(၁) ကိုယ့်ရဲ့အလုပ်အကိုင်

မိန်းကလေးမို့ မီးဖိုချောင်မှာ အချိန်ကုန်ရမယ့် ခေတ်က ကုန်သွားခဲ့ပါပြီ။ သူ့ကို ချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုယ့်အလုပ်အကိုင်ကိုပါ ပြောင်းလဲလိုက်တာ၊ အလုပ်ထွက်လိုက်တာမျိုး မလုပ်ပါနဲ့။

(၂) သူငယ်ချင်းတွေ

လူတစ်ယောက်မှာ ချစ်သူ၊ အိမ်ထောင်ဖက်က အရေးကြီးသလို၊ သူငယ်ချင်းတွေကလည်း အရေးကြီးတာပါပဲ။ ကိုယ့်ချစ်သူအတွက်နဲ့ သူငယ်ချင်းတွေနဲ့ အခေါ်အပြော မလုပ်တော့တာမျိုး၊ သူမကြိုက်လို့ သူငယ်ချင်းတွေကို ရှောင်နေတာမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ နေမြဲအတိုင်းနေသင့်ပါတယ်။

(၃) လွတ်လပ်မှု

ချစ်သူရှိသွားတာနဲ့ ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေအားလုံး ဆုံးရှုံးခံလိုက်ပြီး သူ့စိတ်နဲ့ ကိုယ့်ကိုယ်လုပ်နေတာမျိုး၊ ဘာမဆို သူခွင့်ပြုမှလုပ်တာမျိုး၊ ဘယ်သွားသွားသူ့ခွင့်ပြုချက်တောင်းနေရတာမျိုး၊ ကိုယ့်ရဲ့အရာရာကိုလိုက်စွက်ဖက်နေတာမျိုးတွေကို ခွင့်မပြုသင့်ပါဘူး။

(၄) ကိုယ့်ရဲ့ဖြစ်တည်မှု

တကယ်ချစ်တဲ့သူဆိုရင် ကိုယ်ကဘာပဲဖြစ်ဖြစ်လက်ခံမှာပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြောင်းလဲပေးမှ သူကအနားရှိမယ်ဆိုရင်တော့ သူ့ကိုသွားခွင့်ပေးလိုက်ပါ။

(၅) ကိုယ်ကျင့်တရား

ကိုယ်ခံယူထားတဲ့ ကိုယ်ကျင့်တရား၊ ကိုယ့်ရဲ့ခံယူချက်တွေကို ဘာအကြောင်းနဲ့မှ မပြောင်းလဲလိုက်ပါနဲ့။ ကိုယ်လက်မခံနိုင်တဲ့ အရာတွေ၊ ကိုယ်မလုပ်ချင်တာတွေကို သူ့အတွက်နဲ့ လုပ်စရာမလိုပါဘူး။

(၆) ကိုယ့်ကိုယ်ကိုလေးစားမှု
လူတိုင်းက ကိုယ့်ကိုယ်ကိုလေးစားမှုရှိဖို့ လိုပါတယ်။ အရာရာတိုင်းကို သူ့စိတ်တိုင်းကျ လိုက်လုပ်ပေးနေတာမျိုး၊ သူ့အကြိုက် လိုက်ပြောင်းလဲတာမျိုးတွေလုပ်တာများလာရင် ကိုယ့်ကိုယ်ကို လေးစားမှုလျော့ကျလာနိုင်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုလေးစားမှုရှိနိုင်ဖို့ ကိုယ့်ပုံစံနဲ့ ကိုယ်နေတာ အကောင်းဆုံးပါ။

(၇) ကိုယ့်ရဲ့အိပ်မက်တွေ

လူတိုင်းမှာ အကောင်အထည်ဖော်ချင်တဲ့ရည်မှန်းချက်တွေ၊ အိပ်မက်တွေ ကိုယ်စီရှိကြတာချည်းပါပဲ။ ကိုယ့်မှာချစ်သူရှိလာလို့ အချိန်တိုင်း သူမှသူဖြစ်နေပြီး ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လက်လွှတ်လိုက်တာမျိုး လုံးဝမလုပ်မိပါစေနဲ့။ အချစ်ကအချစ် ၊ ကိုယ့်ရဲ့အိပ်မက်က အိပ်မက် သက်သက်စီပါ။

Credit : Aunty may

LEAVE A REPLY