Zawgyi ျဖင့္ဖတ္ရန္

 

မီယာမီမွ ေလာ့စ္အင္ဂ်လိစ္ဆီ ထြက္ခြာမယ့္ American Airlines ေလယာဥ္ေပၚမွ အမ်ိဳးသမီးတစ္ဦးဟာ ရည္းစားျဖစ္သူကို အူတိုကာ ေခါင္းကို လက္ပ္ေတာ့နဲ႔ ထု႐ိုက္ဖို႔ႀကိဳးစားခဲ့ေၾကာင္း dailymail သတင္းက ဆိုပါတယ္။ အဆိုပါအမ်ိဳးသမီးရဲ႕ ရည္းစားအမည္ကေတာ့ သူမက အႀကိမ္ႀကိမ္နာမည္ေအာ္ေခၚရင္း ဆဲေနခဲ့တာေၾကာင့္ မီမိုလို႔ သိရပါတယ္။ သူမက မီမိုကို တျခားမိန္းမကို ၾကည့္ရမလားဆိုၿပီး ေဒါသအထြက္ႀကီးထြက္ကာ ႀကိမ္းေမာင္းမာန္မဲေနခဲ့တာပါ။ သူမဟာ မၾကားဝံ့မနာသာ စကားေတြနဲ႔ တပ်စ္ေတာက္ေတာက္ ဆဲဆိုေနခဲ့တာေၾကာင့္ ခရီးသည္တစ္ေယာက္ကေန သူမကို ေလယာဥ္ေပၚက ဆင္းခိုင္းသင့္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ေလယာဥ္အမႈထမ္းတစ္ဦးက ႏွစ္ေယာက္သားကို လူခ်င္းခြဲရေအာင္ ဆိုၿပီး မီမိုကို ေလယာဥ္ေရွ႕ဘက္ဆီသြားဖို႔ ထြက္လာအခိုင္းမွာ သူမကပါ လိုက္ထြက္လာၿပီး လက္ပ္ေတာ့နဲ႔ မီမိုေခါင္းကို လိုက္႐ိုက္ခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ၾကားကို ျဖန္ေျဖခဲ့တဲ့ ေလယာဥ္ဝန္ထမ္းတစ္ဦးေတာင္ ေခါင္းထိသြားသလား မေျပာတတ္ပါဘူး။ ေလယာဥ္ေပၚကေန အဆင္းမွာလည္း ေလယာဥ္မႈးက ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈနဲ႔ တရားစြဲခံရေတာ့မယ္လို႔ ဆိုခဲ့ေပမယ့္ ထိုအမ်ိဳးသမီးက ဘာပဲျဖစ္ျဖစ္ ကိစၥမရွိဘူးဆိုကာ ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ ေလယာဥ္ေပၚက ဆင္းသြားခဲ့တာ ျဖစ္ပါတယ္။ ထို႔ေနာက္မွာေတာ့ ထိုအမ်ိဳးသမီးကို ဖမ္းဆီးထိန္းသိမ္းထားခဲ့ေၾကာင္း သိရပါတယ္။

share from: burmese.asia

Unicode ဖြင့်ဖတ်ရန်

တခြားမိန်းမကို ကြည့်လို့ဆိုပြီး ရည်းစားခေါင်းကို လက်ပ်တော့နဲ့ထုခဲ့တဲ့ အမျိုးသမီး

မီယာမီမှ လော့စ်အင်ဂျလိစ်ဆီ ထွက်ခွာမယ့် American Airlines လေယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦးဟာ ရည်းစားဖြစ်သူကို အူတိုကာ ခေါင်းကို လက်ပ်တော့နဲ့ ထုရိုက်ဖို့ကြိုးစားခဲ့ကြောင်း dailymail သတင်းက ဆိုပါတယ်။ အဆိုပါအမျိုးသမီးရဲ့ ရည်းစားအမည်ကတော့ သူမက အကြိမ်ကြိမ်နာမည်အော်ခေါ်ရင်း ဆဲနေခဲ့တာကြောင့် မီမိုလို့ သိရပါတယ်။ သူမက မီမိုကို တခြားမိန်းမကို ကြည့်ရမလားဆိုပြီး ဒေါသအထွက်ကြီးထွက်ကာ ကြိမ်းမောင်းမာန်မဲနေခဲ့တာပါ။ သူမဟာ မကြားဝံ့မနာသာ စကားတွေနဲ့ တပျစ်တောက်တောက် ဆဲဆိုနေခဲ့တာကြောင့် ခရီးသည်တစ်ယောက်ကနေ သူမကို လေယာဉ်ပေါ်က ဆင်းခိုင်းသင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

လေယာဉ်အမှုထမ်းတစ်ဦးက နှစ်ယောက်သားကို လူချင်းခွဲရအောင် ဆိုပြီး မီမိုကို လေယာဉ်ရှေ့ဘက်ဆီသွားဖို့ ထွက်လာအခိုင်းမှာ သူမကပါ လိုက်ထွက်လာပြီး လက်ပ်တော့နဲ့ မီမိုခေါင်းကို လိုက်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားကို ဖြန်ဖြေခဲ့တဲ့ လေယာဉ်ဝန်ထမ်းတစ်ဦးတောင် ခေါင်းထိသွားသလား မပြောတတ်ပါဘူး။ လေယာဉ်ပေါ်ကနေ အဆင်းမှာလည်း လေယာဉ်မှုးက ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရားစွဲခံရတော့မယ်လို့ ဆိုခဲ့ပေမယ့် ထိုအမျိုးသမီးက ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူးဆိုကာ ဆောင့်ကြီးအောင့်ကြီးနဲ့ လေယာဉ်ပေါ်က ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ထိုအမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရပါတယ်။

share from: burmese.asia

LEAVE A REPLY