Zawgyi ျဖင့္ဖတ္ရန္

 

ကုိယ့္ခ်စ္သူ ေကာင္းေလးမွာ အရင္းႏွီးဆံုးသူငယ္ခ်င္းေတြ ရွိေနပါလိမ့္မယ္။ အဲ့ဒီ သူငယ္ခ်င္းေတြထဲက တစ္ေယာက္က မိန္းကေလးျဖစ္ေနလုိ႔ အဲ့ဒီမိန္းကေလးအေပၚ ကိုယ္က သ၀န္လိုက္တိုေနစရာေတာ့ မလိုပါဘူး။ အထူးသျဖင့္ မိန္းကေလးေတြဟာ ကုိယ့္ခ်စ္သူ ေကာင္ေလး ႏႈတ္ဖ်ားက တစ္ျခားေကာင္မေလး အေၾကာင္း ေျပာရင္ကို သ၀န္တိုစိတ္ေတြ တဖြားဖြားေပၚလာေတာ့တာပါ။

သို႔ေပမယ့္ သူ႕ရဲ႕ သူငယ္ခ်င္းေကာင္မေလးနဲ႔ ေတြ႕ၾကည့္လိုက္တဲ့အခါ စိတ္ထဲက တစ္ခုခုေတာ့ ခံစားမိမွာ ပါ။ စိတ္ကသိေနတာမ်ိဳးေပါ့။ ကိုယ့္အေနနဲ႔ အဲ့ဒီလိုလည္း မခံစားမိပဲ သူက ရင္းႏွီးေဖာ္ေရြတဲ့အျပင္ တစ္ခ်ိန္ တည္းမွာ စမတ္လည္းက်သလို ဟာသဥာဏ္လည္းရွိေနတာကို အသိအမွတ္ျပဳေကာင္းျပဳလိုက္ရႏိုင္ပါ တယ္။ ဒီလိုအခ်ိန္အခါေတြမွာ သင့္ကိုေတြးမိေစခ်င္တာက ကိုယ့္ခ်စ္သူမွာ မိန္းကေလးသူငယ္ခ်င္းရွိတုိင္း သူနဲ႔ၿငိသြားမွာပဲ ဆိုတဲ့အေတြး မထားပါနဲ႔။ ေကာင္းတဲ့အခ်က္ေတြလည္း ရွိတာမုိ႔ ေ၀မွ်ေပးခ်င္တာက၁။ကိုယ့္ခ်စ္သူမွာ သူငယ္ခ်င္းေကာင္မေလး ရွိေနတဲ့အတြက္ သူဟာ အမ်ိဳးသမီးေတြကို ေလးစားတတ္ ပါတယ္။

မိန္းကေလးနဲ႔ ေယာက်ၤားေလး သူငယ္ခ်င္း မျဖစ္လိုက္နဲ႔။ သိပ္မၾကာဘူး၊ ဇာတ္လမ္းေတြျဖစ္ေရာ ဆုိတာ မ်ိဳးႀကီး စိတ္ထဲစြဲထင္မေနေစခ်င္ပါဘူး။ တကယ္ေတာ့ သူငယ္ခ်င္းမိန္းကေလးရွိတဲ့ အမ်ိဳးသားေတြဟာ ကိုယ့္ခ်စ္သူေကာင္မေလးရဲ႕ ခံစားခ်က္ကို ပိုနားလည္ေပးႏိုင္ၾကသလို အမ်ိဳးသမီးေတြကို ဘယ္လိုဆက္ ဆံေပးရမယ္ဆုိတာကို ပိုသိပါတယ္။ ေလးစားမႈအပို္င္းမွာလည္း ဒီအတုိင္းပါပဲ။

၂။ႏွစ္ဦးသား ျပသနာေတြတက္တဲ့အခါ သူမက ကိုယ့္ဘက္ကေန ကိုယ့္ခ်စ္သူကို ၀င္ေျပာဆုိေပးႏိုင္ပါ တယ္။

မိန္းကေလးေတြရဲ႕ ခံစားခ်က္ကို မိန္းကေလးေတြပဲ ပိုနားလည္တယ္ဆုိတာမ်ိဳးေပါ့။ ကုိယ္နဲ႔ ကိုယ္ခ်စ္သူ အေၾကာင္းတစ္ခုခုေၾကာင့္ ျပသနာတက္တဲ့အခါ သူငယ္ခ်င္းေကာင္မေလးက ကိုယ့္ခံစားခ်က္ကို နား လည္စြာ ၀င္ေရာက္ေျဖရွင္း ေပးပါလိမ့္မယ္။ ကိုယ့္သူငယ္ခ်င္းက ၀င္ေရာက္ေျဖရွင္ေးပးတဲ့ ၾကားအေနအ ထားေၾကာင့္ သင့္ခ်စ္သူလည္း ေအာ္ ဒီလိုပါလားဆိုတာကို လက္ခံႏိုင္ဖုိ႔ ပိုမ်ားပါတယ္။ အျပင္လူဆုိေပမယ့္ သူမဟာ သူ႕သူငယ္ခ်င္း မဟုတ္လား။

၃။ကိုယ့္ခ်စ္သူ ဘာေတြလုပ္ေနတယ္ဆိုတာမ်ိဳး မိန္းကေလးအခ်င္းခ်င္းမို႔ ကိုယ့္ကို သူေပးသိပါလိမ့္မယ္။

တစ္ခါတစ္ေလ သင့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ႏိုင္တဲ့ အရာကေတာ့ ကိုယ့္ခ်စ္သူနဲ႔ ကိုယ္ခ်စ္သူရဲ႕သူငယ္ ခ်င္းေကာင္မေလး ဟာသတစ္ခုကို ေျပာတဲ့အခါ ကိုယ္က ဘာမွမသိတာမ်ိဳးပါ။ ဒါမွမဟုတ္လည္း သူတုိ႔ေတြ က စကားတစ္ခြန္းကို တစ္ပံုစံတည္း ေျပာၾကတာမ်ိဳးေပါ့။ ဒီလိုမ်ိဳး စိတ္ခံစားခ်က္ရွိရင္ေတာင္ အထင္လြဲတာ မ်ိဳး၊ သ၀န္တိုတာမ်ိဳး မခံစားပါနဲ႔။ သူငယ္ခ်င္းေတြဆုိေတာ့ တျခားအေၾကာင္းအရာေတြခ်ညး္ ေျပာဆိုေနတဲ့အ ခါ ဒါမ်ိဳးရွိမွာပါပဲ။

 ခ်စ္သူေနရာမွာရွိထားတဲ့ ကိုယ္က တစ္ျခားကိစၥရပ္ အေသးေလးေတြအတြက္ မလံုမျခံဳခံ စားေနစရာေတာ့ မလိုပါဘူး။ သူ႕သူငယ္ခ်င္းေကာင္မေလးနဲ႔သာ သင္ခင္မင္သြားရင္ ဒီလိုဟာသေလးေတြက ဘာမွမဟုတ္
ေတာ့သလို အနည္းဆံုးကိုယ့္ခ်စ္သူ ဘာေတြလုပ္ေနတယ္ဆုိတာကအစ သူကိုယ့္ကို အသိေပးပါလိမ့္မယ္။ ယုတ္စြအဆံုး ကိုယ္မပါဘဲ သူတုိ႔သူငယ္ခ်င္းေတြ အားလံးု ဘယ္မွာရွိသလဲဆိုတာေတာင္ သင့္ကို sms ပို႔ေပးတဲ့ အထိေပါ့။

Credit : Trend Myanmar

Unicode ဖြင့်ဖတ်ရန်

သင့်ချစ်သူကောင်လေးမှာ မိန်းကလေးသူငယ်ချင်းရှိတယ်ဆိုတိုင်း သဝန်တိုစရာမလိုတဲ့အပြင် သင့်အတွက် ကောင်းကျိုးတွေတောင် ရရှိခံစားနိုင်

ကိုယ့်ချစ်သူ ကောင်းလေးမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေ ရှိနေပါလိမ့်မယ်။ အဲ့ဒီ သူငယ်ချင်းတွေထဲက တစ်ယောက်က မိန်းကလေးဖြစ်နေလို့ အဲ့ဒီမိန်းကလေးအပေါ် ကိုယ်က သဝန်လိုက်တိုနေစရာတော့ မလိုပါဘူး။ အထူးသဖြင့် မိန်းကလေးတွေဟာ ကိုယ့်ချစ်သူ ကောင်လေး နှုတ်ဖျားက တစ်ခြားကောင်မလေး အကြောင်း ပြောရင်ကို သဝန်တိုစိတ်တွေ တဖွားဖွားပေါ်လာတော့တာပါ။

သို့ပေမယ့် သူ့ရဲ့ သူငယ်ချင်းကောင်မလေးနဲ့ တွေ့ကြည့်လိုက်တဲ့အခါ စိတ်ထဲက တစ်ခုခုတော့ ခံစားမိမှာ ပါ။ စိတ်ကသိနေတာမျိုးပေါ့။ ကိုယ့်အနေနဲ့ အဲ့ဒီလိုလည်း မခံစားမိပဲ သူက ရင်းနှီးဖော်ရွေတဲ့အပြင် တစ်ချိန် တည်းမှာ စမတ်လည်းကျသလို ဟာသဉာဏ်လည်းရှိနေတာကို အသိအမှတ်ပြုကောင်းပြုလိုက်ရနိုင်ပါ တယ်။ ဒီလိုအချိန်အခါတွေမှာ သင့်ကိုတွေးမိစေချင်တာက ကိုယ့်ချစ်သူမှာ မိန်းကလေးသူငယ်ချင်းရှိတိုင်း သူနဲ့ငြိသွားမှာပဲ ဆိုတဲ့အတွေး မထားပါနဲ့။ ကောင်းတဲ့အချက်တွေလည်း ရှိတာမို့ ဝေမျှပေးချင်တာက

၁။ကိုယ့်ချစ်သူမှာ သူငယ်ချင်းကောင်မလေး ရှိနေတဲ့အတွက် သူဟာ အမျိုးသမီးတွေကို လေးစားတတ် ပါတယ်။

မိန်းကလေးနဲ့ ယောင်္ကျားလေး သူငယ်ချင်း မဖြစ်လိုက်နဲ့။ သိပ်မကြာဘူး၊ ဇာတ်လမ်းတွေဖြစ်ရော ဆိုတာ မျိုးကြီး စိတ်ထဲစွဲထင်မနေစေချင်ပါဘူး။ တကယ်တော့ သူငယ်ချင်းမိန်းကလေးရှိတဲ့ အမျိုးသားတွေဟာ ကိုယ့်ချစ်သူကောင်မလေးရဲ့ ခံစားချက်ကို ပိုနားလည်ပေးနိုင်ကြသလို အမျိုးသမီးတွေကို ဘယ်လိုဆက် ဆံပေးရမယ်ဆိုတာကို ပိုသိပါတယ်။ လေးစားမှုအပိုင်းမှာလည်း ဒီအတိုင်းပါပဲ။

၂။နှစ်ဦးသား ပြသနာတွေတက်တဲ့အခါ သူမက ကိုယ့်ဘက်ကနေ ကိုယ့်ချစ်သူကို ဝင်ပြောဆိုပေးနိုင်ပါ တယ်။

မိန်းကလေးတွေရဲ့ ခံစားချက်ကို မိန်းကလေးတွေပဲ ပိုနားလည်တယ်ဆိုတာမျိုးပေါ့။ ကိုယ်နဲ့ ကိုယ်ချစ်သူ အကြောင်းတစ်ခုခုကြောင့် ပြသနာတက်တဲ့အခါ သူငယ်ချင်းကောင်မလေးက ကိုယ့်ခံစားချက်ကို နား လည်စွာ ဝင်ရောက်ဖြေရှင်း ပေးပါလိမ့်မယ်။ ကိုယ့်သူငယ်ချင်းက ဝင်ရောက်ဖြေရှင်ေးပးတဲ့ ကြားအနေအ ထားကြောင့် သင့်ချစ်သူလည်း အော် ဒီလိုပါလားဆိုတာကို လက်ခံနိုင်ဖို့ ပိုများပါတယ်။ အပြင်လူဆိုပေမယ့် သူမဟာ သူ့သူငယ်ချင်း မဟုတ်လား။

၃။ကိုယ့်ချစ်သူ ဘာတွေလုပ်နေတယ်ဆိုတာမျိုး မိန်းကလေးအချင်းချင်းမို့ ကိုယ့်ကို သူပေးသိပါလိမ့်မယ်။

တစ်ခါတစ်လေ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရာကတော့ ကိုယ့်ချစ်သူနဲ့ ကိုယ်ချစ်သူရဲ့သူငယ် ချင်းကောင်မလေး ဟာသတစ်ခုကို ပြောတဲ့အခါ ကိုယ်က ဘာမှမသိတာမျိုးပါ။ ဒါမှမဟုတ်လည်း သူတို့တွေ က စကားတစ်ခွန်းကို တစ်ပုံစံတည်း ပြောကြတာမျိုးပေါ့။ ဒီလိုမျိုး စိတ်ခံစားချက်ရှိရင်တောင် အထင်လွဲတာ မျိုး၊ သဝန်တိုတာမျိုး မခံစားပါနဲ့။ သူငယ်ချင်းတွေဆိုတော့ တခြားအကြောင်းအရာတွေချည်း ပြောဆိုနေတဲ့အ ခါ ဒါမျိုးရှိမှာပါပဲ။

ချစ်သူနေရာမှာရှိထားတဲ့ ကိုယ်က တစ်ခြားကိစ္စရပ် အသေးလေးတွေအတွက် မလုံမခြုံခံ စားနေစရာတော့ မလိုပါဘူး။ သူ့သူငယ်ချင်းကောင်မလေးနဲ့သာ သင်ခင်မင်သွားရင် ဒီလိုဟာသလေးတွေက ဘာမှမဟုတ်
တော့သလို အနည်းဆုံးကိုယ့်ချစ်သူ ဘာတွေလုပ်နေတယ်ဆိုတာကအစ သူကိုယ့်ကို အသိပေးပါလိမ့်မယ်။ ယုတ်စွအဆုံး ကိုယ်မပါဘဲ သူတို့သူငယ်ချင်းတွေ အားလံးု ဘယ်မှာရှိသလဲဆိုတာတောင် သင့်ကို sms ပို့ပေးတဲ့ အထိပေါ့။

Credit : Trend Myanmar