Zawgyi ဖြင့်ဖတ်ရန်



 

 



Credit : popolay

Unicode ဖြင့်ဖတ်ရန်

အလွန်အကြူးနှောင့်ယှက်လာတဲ့ ပရိတ်သတ်တွေကြောင့် အခက်တွေ့နေတဲ့ BTS

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် kpop အဆိုတော်အဖွဲ့ BTS ဟာဆိုရင် အရှေ့အာရှနိုင်ငံများမှာသာမက အနောက်နိုင်ငံတွေအထိ အောင်မြင်ကျော်ကြားတဲ့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားလာတာနဲ့ အမျှအရူးအမူးကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ များပြားလာပြီး BTS ရဲ့ ကိုယ်ပိုင်ဘဝကို အနှောင့်အယှက်ပေးလာကြပါတယ်။ အရူးအမူးကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ ဘယ်လို အနှောင့်အယှက်ပေးတယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် အွန်လိုင်းမှာ ပွထခဲ့တဲ့ဓာတ်ပုံတစ်ပုံအရ BTS ကိုအရူးအမူးကြိုက်နှစ်သက်သူ မိန်းကလေးတစ်ဦးဟာ အဖွဲ့ဝင် တွေနောက်ကို ဘောင်းဘီဝတ်ဆင်ခြင်းမရှိပဲ လေဆိပ်မှာလိုက်လံနှောင့်ယှက်ခဲ့ပါတယ်။

အဆိုပါ မိန်းကလေးဟာ အမြဲတစေ BTS အဖွဲ့ဝင်တွေကို နှောင့်ယှက်လေ့ရှိပြီး လတ်တလောမှာ BTS တည်းခိုရာ ဟိုတယ်တစ်ခုမှာ BTS နဲ့အခန်းချင်းကပ် ငှားရမ်းနေထိုင်နေတယ်လို့သိရပါတယ်။ သူမဟာ အဖွဲ့ဝင်တွေနဲ့ ဓာတ်ပုံရိုက်ကူးတာမျိုး သူတို့ရဲ့ ကိုယ်ပိုင်ဘဝကို အနှောင့်အယှက်ပေးတာမျိုးတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

လက်ရှိမှာ BTS ရဲ့ ပရိတ်သတ်များအနေနဲ့ အဆိုပါ မိန်းကလေးကို blacklist ထဲ ထည့်သွင်းထားပြီး ဖျော်ဖြေရေးပွဲတွေ fan sign လက်မှတ်ရေးထိုးပွဲတွေမှာ လာပြီး တက်ရောက်ခွင့်ပေးတာမျိုးတွေ ရပ်စဲပေးဖို့ အေဂျင်စီကို တောင်းဆိုထားကြပါတယ်။ Big Hit Entertainment အနေနဲ့ ဒီကိစ္စကို တုံ့ပြန်ခြင်းမျိုးမရှိသေးပေမဲ့ မကြာခင်မှာ ထုတ်ပြန်ချက်တစ်ခု ကြေညာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Credit : popolay

LEAVE A REPLY