Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုရီးယား ႏိုင္ငံရဲ႕ လုပ္ငန္းခြင္ ေတြထဲမွာ ရာထူးအဆင့္ႀကီးမားတဲ့သူေတြက လက္ေအာက္ငယ္သားဝန္ထမ္းေတြအေပၚ ကိုယ္ထိလက္ေရာက္ ႏွိပ္စက္မႈေတြရွိေနတဲ့အတြက္ လုပ္ငန္းခြင္ဥပေဒ အသစ္တစ္ခုကို ျပဌါန္းလိုက္ပါတယ္။

ဒီဥပေဒအရ လုပ္ငန္းခြင္ထဲမွာ အလုပ္သမားေတြကို မတရား ရာထူးအဆင့္ေလွ်ာ့ခ်တာ ဒါမွမဟုတ္ အလုပ္ကေန မထြက္ ထြက္ေအာင္ ဖိအားေပးတာေတြကို ေတြ႕ရွိပါက ကုမၸဏီေတြကို အျပစ္ေပးႏိုင္မွာျဖစ္ေၾကာင္း သတင္းေထာက္ Steven Borowiec က ဆိုပါတယ္။

ေတာင္းကိုရီးယား နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ WeDisk မွာ ေအာင္ျမင္ေနတဲ့ အမႈေဆာင္အရာရွိ စီအီးအိုလည္းျဖစ္၊ စက္႐ုပ္နည္းပညာဖြံ႕ၿဖိဳ႕းေရး K-Technology ကိုလည္း လုပ္ကိုင္ေနသူ Yang Jin-ho ဆိုသူက သူ႔ရဲ႕လက္ေအာက္ငယ္သားတစ္ဦးကို ကုမၸဏီ႐ုံးခန္း အျခား ဝန္ထမ္းမ်ားရဲ႕ ေရွ႕ေမွာက္မွာတင္ ၾကမ္းၾကမ္းတမ္းတမ္း ေျပာဆို႐ိုက္ႏွက္ဆက္ဆံခဲ့တဲ့ ႐ုပ္သံ ေပါက္ၾကားခဲ့ပါတယ္။

႐ုပ္သံမွာ စီအီးအိုက ဝန္ထမ္းလူငယ္ကို ဒူးေထာက္ေတာင္းပန္ခိုင္းပါတယ္။ အဲဒီေနာက္ မတ္တပ္ျပန္ရပ္ခိုင္းၿပီး မ်က္ႏွာကို သူ႔လက္နဲ႔ ျဖတ္႐ိုက္ခဲ့ပါတယ္၊ အျခားေဘးနားက ဝန္ထမ္းေတြက စီအီးအိုကို ဝိုင္းေျဖာင္းဖ်ခဲ့ေပမယ့္ ေဒါသထြက္ေနတဲ့ စီအီးအိုက ဝန္ထမ္းလူငယ္ကို ျပန္ဒူးေထာက္ ေတာင္းပန္ခိုင္းပါတယ္။ အဲဒီေနာက္ ဒူးေထာက္ ေတာင္းပန္ေနစဥ္ ဝန္ထမ္းရဲ႕ ဦးေခါင္းကို အေပၚကေန လႊဲၿပီးအရွိန္နဲ႔ ႐ိုက္ခ်ၿပီးမွ ႐ုံးခန္းထဲက ထြက္သြားခဲ့တာကိုေတြ႕ရပါတယ္။

ဒီအျဖစ္ပ်က္ဟာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတုန္းကျဖစ္ပ်က္ခဲ့ၿပီး ဒီလိုႏိုင့္ထက္စီးနင္းလုပ္တာကို ကိုရီးယားဘာသာစကားနဲ႔ ဂတ္ဘ္ဂ်ီလ္(gabjil) လုပ္တယ္လို႔ ေခၚေဝၚၾကပါတယ္။

အထက္ကမန္ေနဂ်ာက သူ႔လုပ္ရမယ့္အလုပ္ေတြမလုပ္ပဲ လက္ေအာက္ငယ္သားေတြကို ခိုင္းတာမ်ိဳး၊ အလုပ္ၿပီးသြားမွ ဝင္ၿပီး နာမည္ေကာင္းယူတာမ်ိဳး နဲ႔ လက္ေအာက္ငယ္သားေတြကို သူတို႔သားသမီးေတြရဲ႕ ေက်ာင္းက အိမ္စာေတြ လုပ္ခိုင္းတာမ်ိဳးကို “ဂတ္ဘ္ဂ်ီလ္” လုပ္တယ္လို႔ ေခၚၾကပါတယ္။

ဒီလိုလုပ္ရပ္ေတြေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ လုပ္ငန္းခြင္ေတြထဲမွာ အႏိုင္က်င့္ခံရမႈေတြ မရွိေအာင္ အစိုးရက ဥပေဒသစ္ေရးဆြဲျပဌါန္းလိုက္တာျဖစ္ပါတယ္။ ယင္းဥပေဒက အလုပ္သမားေတြ အထက္လူႀကီးေတြရဲ႕ ကိုယ္ထိလက္ေရာက္နဲ႔ စိတ္ပိုင္းဆိုင္ရာ အႏိုင္က်င့္ေစာ္ကားခံရမႈေတြ မရွိေအာင္ ကာကြယ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

စီအီးအို က လက်အောက်ငယ်သားဝန်ထမ်းကို အနိုင်ကျင့်ရိုက်နှက် (ရုပ်သံ)

တောင်ကိုရီးယား နိုင်ငံရဲ့ လုပ်ငန်းခွင် တွေထဲမှာ ရာထူးအဆင့်ကြီးမားတဲ့သူတွေက လက်အောက်ငယ်သားဝန်ထမ်းတွေအပေါ် ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေရှိနေတဲ့အတွက် လုပ်ငန်းခွင်ဥပဒေ အသစ်တစ်ခုကို ပြဌါန်းလိုက်ပါတယ်။

ဒီဥပဒေအရ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို မတရား ရာထူးအဆင့်လျှော့ချတာ ဒါမှမဟုတ် အလုပ်ကနေ မထွက် ထွက်အောင် ဖိအားပေးတာတွေကို တွေ့ရှိပါက ကုမ္ပဏီတွေကို အပြစ်ပေးနိုင်မှာဖြစ်ကြောင်း သတင်းထောက် Steven Borowiec က ဆိုပါတယ်။

တောင်းကိုရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ WeDisk မှာ အောင်မြင်နေတဲ့ အမှုဆောင်အရာရှိ စီအီးအိုလည်းဖြစ်၊ စက်ရုပ်နည်းပညာဖွံ့ဖြို့းရေး K-Technology ကိုလည်း လုပ်ကိုင်နေသူ Yang Jin-ho ဆိုသူက သူ့ရဲ့လက်အောက်ငယ်သားတစ်ဦးကို ကုမ္ပဏီရုံးခန်း အခြား ဝန်ထမ်းများရဲ့ ရှေ့မှောက်မှာတင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုရိုက်နှက်ဆက်ဆံခဲ့တဲ့ ရုပ်သံ ပေါက်ကြားခဲ့ပါတယ်။

ရုပ်သံမှာ စီအီးအိုက ဝန်ထမ်းလူငယ်ကို ဒူးထောက်တောင်းပန်ခိုင်းပါတယ်။ အဲဒီနောက် မတ်တပ်ပြန်ရပ်ခိုင်းပြီး မျက်နှာကို သူ့လက်နဲ့ ဖြတ်ရိုက်ခဲ့ပါတယ်၊ အခြားဘေးနားက ဝန်ထမ်းတွေက စီအီးအိုကို ဝိုင်းဖြောင်းဖျခဲ့ပေမယ့် ဒေါသထွက်နေတဲ့ စီအီးအိုက ဝန်ထမ်းလူငယ်ကို ပြန်ဒူးထောက် တောင်းပန်ခိုင်းပါတယ်။ အဲဒီနောက် ဒူးထောက် တောင်းပန်နေစဉ် ဝန်ထမ်းရဲ့ ဦးခေါင်းကို အပေါ်ကနေ လွှဲပြီးအရှိန်နဲ့ ရိုက်ချပြီးမှ ရုံးခန်းထဲက ထွက်သွားခဲ့တာကိုတွေ့ရပါတယ်။

ဒီအဖြစ်ပျက်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းကဖြစ်ပျက်ခဲ့ပြီး ဒီလိုနိုင့်ထက်စီးနင်းလုပ်တာကို ကိုရီးယားဘာသာစကားနဲ့ ဂတ်ဘ်ဂျီလ်(gabjil) လုပ်တယ်လို့ ခေါ်ဝေါ်ကြပါတယ်။

အထက်ကမန်နေဂျာက သူ့လုပ်ရမယ့်အလုပ်တွေမလုပ်ပဲ လက်အောက်ငယ်သားတွေကို ခိုင်းတာမျိုး၊ အလုပ်ပြီးသွားမှ ဝင်ပြီး နာမည်ကောင်းယူတာမျိုး နဲ့ လက်အောက်ငယ်သားတွေကို သူတို့သားသမီးတွေရဲ့ ကျောင်းက အိမ်စာတွေ လုပ်ခိုင်းတာမျိုးကို “ဂတ်ဘ်ဂျီလ်” လုပ်တယ်လို့ ခေါ်ကြပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ လုပ်ငန်းခွင်တွေထဲမှာ အနိုင်ကျင့်ခံရမှုတွေ မရှိအောင် အစိုးရက ဥပဒေသစ်ရေးဆွဲပြဌါန်းလိုက်တာဖြစ်ပါတယ်။ ယင်းဥပဒေက အလုပ်သမားတွေ အထက်လူကြီးတွေရဲ့ ကိုယ်ထိလက်ရောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရမှုတွေ မရှိအောင် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit : popolay

LEAVE A REPLY